2 3 4 5 6 7 8 9 10

Sunday, April 7, 2013

ကလေးတွေရဲ့ပညာရေး ( ဒေါက်တာခင်မောင်ညို )

(၁)
  နိုင်ငံတကာ ကလေးတွေ ရဲ့ ပညာရေးအကြောင်းရေးတော့ လူတွေက တို့ကလေးတွေ နောက် ကျကျန်ရစ်နေပြီလို့ အတွေးတွေ ဝင်တတ်ပါတယ်။ တစ်ချိန်က အာဖရိက တောရိုင်းတွေထဲမှာ လူသားစား လူ ရိုင်းတွေ နေကြတယ်။ သူတို့ဟာ အင်မတန် ရိုင်းစိုင်းကြတယ်။ အ ဝတ်အစားမပါ ဗလာကိုယ်လုံးနဲ့ သွားကြတယ်။ ဒါပေမယ့် ယနေ့ အာဖရိကက လူတွေဟာ အရှေ့ တိုင်း အနောက်တိုင်းကို အမီလိုက် ကာ တန်းတူရည်တူ ဖြစ်နေပါပြီ။ ကိုဖီအာနန်လိုပုဂ္ဂိုလ်က ကုလ သမဂ္ဂအတွင်းရေးမှူး ဖြစ်လာ တယ်။ နယ်ဆင်မင်ဒယ်လားက နို ဘယ်ဆု ရခဲ့ပါတယ်။ အာဖရိက လူမျိုးစုတွေရဲ့ အားကစားထူးချွန်မှု တွေဟာ ကမ္ဘာမှာ ကျော်ကြား လျက် ရှိတယ်။

   အာဖရိကမျိုးနွယ်စုတွေဖြစ်တဲ့ ကောလင်းပါဝယ်။ ကွန်ဒို ရီဇာရိုက်ဇ်တို့ဟာ အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံခြားရေးဝန် ကြီးတွေ ဖြစ်လာတယ်။ ဝါရှင်တန် က အစိုးရအဖွဲ့ State Department တွေမှာလည်း လူမည်းတွေ အများကြီးပါပဲ။ လတ် တလော မြန်မာ ပြည်ကို လာသွားတဲ့ အိုဘားမား ဆိုရင်လည်း လူမည်းအဆက်အ နွယ်၊ အာဖရိကနွယ်ဖွားပါပဲ။

   ဘာကြောင့် ဒီလိုတိုး တက်လာတာလဲ။ယနေ့ ကမ္ဘာ့ရွာကြီးမှာ တစ်ကမ္ဘာလုံးနဲ့ ဆက်သွယ်နိုင်လာ တဲ့ ကွန်ရက် ကြီး ပေါ်ပေါက် လာ လို့ပါပဲ။ ပညာရဲ့ အနှစ်သာရကို နားလည်လာတဲ့ခေတ်မှာ ကွန်ပျူတာ အင်တာနက် ကွန်ရက်စနစ် ဟာ တစ်ကမ္ဘာလုံးကို ထူးထူးခြား ခြား အကျိုးပြုနေတာကို တွေ့ရ တယ်။

    ယနေ့ နိုင်ငံအများရဲ့ ပညာရေးဟာ နိုင်ငံတကာရဲ့ ပုံစံ အတိုင်း တန်းတူရည်တူ စံသတ် မှတ်လို့ရလာတယ်။


(၂)
နောက်ကျတာ၊ စောတာ အရေးမကြီးပါဘူး။ အရေးကြီးတာ က မိမိတို့ ခံယူချက်နဲ့ လိုချင်မှု တွေပါပဲ။
ဥရောပလူဖြူတွေကို ကြည့်ပါဦး။
ပုဂံခေတ်မှာ သူတို့ အမဲ လိုက်ကောင်းတုန်းပဲ ရှိသေးတယ်။
သူတို့ ပင်လယ်ဓားပြ တွေ ဖြစ်နေချိန်မှာ မာကိုလိုလို ရေး သားထားတဲ့ တရုတ်ရဲ့ ကြီးကျယ် ခမ်းနားမှုတွေကို သူတို့မယုံနိုင်ဘူး။
မာကိုလိုလိုဟာ ပုဂံကို လည်း ရောက်သေးတယ်။ ပုဂံရဲ့ ခမ်းနားပုံတွေကိုလည်း ရေးသား တင်ပြထားတယ်။
ယနေ့ လောဘရှိတဲ့ သူ တို့တစ်တွေ တိုးတက်နေတာ မှန်ပါ တယ်။
သို့သော် အရှေ့တိုင်းက အမီလိုက်နေကြတယ်။
တက္ကနိုလိုဂျီအရာမှာ တရုတ်၊ ဂျပန်၊ ကိုရီးယားတို့ဟာ အနောက်ဥရောပနဲ့ အမေရိကန် ကို အချို့နေရာမှာ ကျော်နေပြီ ဖြစ်တယ်။ ဆိုလိုတာက သူတို့တစ် တွေ တိုးတက်နေတာ မျက်ဝါးထင် ထင် မြင်နေရတာကိုပါပဲ။ ကျွန် တော်တို့ ရေးတာတွေဟာ ဘယ် သူ့ကိုမှ အထင်ကြီးအောင်လို့ရေး တာ မဟုတ်ဘူး။ တစ်ချိန်က အင်မတန် ဆင်းရဲတဲ့ တောင်ကိုရီးယားဆိုရင် ယနေ့ အဆင်သင့်ဖြစ် တဲ့အခါ စက်မှုခေတ်ကို ကျော်လွှားဖို့ ဖြစ် လာတာပါပဲ။
  ပညာရေးက တကယ့်ကို တိုးတက်စေသလို မိမိကိုယ်တိုင်က လည်း ကြိုးစားရတယ်။ ဂျပန်တွေ ဇွဲရှိတယ်။ အလုပ်ကိုလေးစား တယ်ဆိုတာ အများသိတယ်။ ကိုရီးယားက လည်း မလျော့ပါဘူး။ သူတို့မှာ Driving Force ဆိုတာ ရှိတယ်။ ကောင်းကောင်း မွန်မွန် နေထိုင်ဖို့ သာမက သိက္ခာဆိုတာကိုလည်း သူတို့က မြတ်နိုးတယ်။

(၃)
ယနေ့ အနောက်တိုင်း ပညာရေးအကြောင်း ရေးချင်ပါ တယ်။
ယနေ့ လူငယ်တွေကို အင်တာနက် သုံးစွဲခွင့် ပြုလိုက်တာ ကြောင့် အကောင်းတွေ၊ အဆိုးတွေ ပူးတွဲနေတဲ့ ရလဒ်ကို တွေ့မြင်ရ တယ်။ အဆိုးက ဘာတွေလဲ။
  ပိုနိုဂရပ်ဖီ- Pornography ဆိုတဲ့ လိင်မှုဆိုင်ရာ ဝက်ဘ် ဆိုက်တွေကို စွဲလမ်းကြည့်ရှုမှုတွေ ပါပဲ။
အဲဒီပွန်းဝက်ဘ်ဆိုက်- Porn Website တွေဟာ နိုင်ငံတ ကာပြဿနာ ဖြစ်နေတယ်။
ဒါပေမယ့် လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး သားသမီးတွေကို မိဘတွေ မရှင်းပြနိုင်တာတွေ ရှိ တယ်။
ဒါတွေကိုတော့ အချို့ ဝက်ဘ်ဆိုက်တွေမှာ ရှင်းလင်းပြ ထားတယ်။ www.supershsgl-and.com ကတော့ လူငယ်တွေကို လိင်ကိစ္စနဲ့ ပတ်သက်ပြီး သိတတ် စေဖို့ ဂိမ်းသဖွယ် ဒီဇိုင်း ရေးဆွဲ ထားတယ်။
    Pew Internet & American Life Project က လေ့ လာတွေ့ရှိထားချက်အရ လူငယ် အများစုဟာ အင်တာနက်ပေါ်မှာ ပတ်ချာလည် ကြည့်ရှု Surfing လုပ်တယ်။ အများအပြားဟာ လည်း သူတို့ရဲ့ မိတ်ဆွေကို စာ ရိုက်သတင်းပို့ Instant Messaging လုပ်ကြတယ်။

ယနေ့မှာ Facebook ကို အထူးအသုံးပြုမှုတွေ များ တယ်။
သူတို့ ရေးလိုတာတွေကို Facebook တွအပြင် Blogspot  တွေ Twitter တွေမှာ ရေးကြတယ်။
၉၄% သော လူငယ် တွေကတော့ သူတို့ဟာ အင်တာ နက်ကို ကျောင်းစာအတွက် ကြည့် ကြတာပါ လို့ ပြောကြတယ်။
သူတို့ထဲမှာ ထူးဆန်းတဲ့ အကြောင်းအရာတွေပါတဲ့ ဝက်ဘ် ဆိုက်တွေကို ကြည့်သူတွေ ရှိတယ်။ ဥပမာ- Hubble Telescope တို့ Le Monde သတင်းတို့ ဖြစ်တယ်။ ဒါတွေဟာ ထူးဆန်းထွေလာခေါင်း စဉ်နဲ့ မဟုတ်တာတွေကို ရေးသား ပြသထားတာပါပဲ။
   ''အသုံးမတတ်ရင် ကွန် ပျူတာအင်တာနက်ကနေ လေ့လာ ဖို့ ဘာမှသိပ်မရှိဘူး'' လို့ အမေရိ ကန်ပညာရေးဌာန ပညာရေး တက္က နိုလိုဂျီ ညွှန်ကြားရေးမှူး ဂျွန်ဘိုင် လေက ဆိုတယ်။
   သို့သော် သုံးတတ်ရင် တော့ အင်တာနက်ဟာ ခေတ်အ ဆက်ဆက်က တစ်ကြိမ်တစ်ခါက မှ မရရှိနိုင်တဲ့ ပညာ သုတတွေကို ရှာဖွေလို့ရတယ်။
   လူတွေဟာ တစ်ယောက် နဲ့တစ်ယောက် အီးမေးလ်တွေနဲ့ ဆက်သွယ်မှုတွေ ရနိုင်တယ်။ ဒီ ဆက်သွယ်မှုဟာ စက္ကန့်ပိုင်းအ တွင်း ပြုလုပ်နိုင်တယ်။ ဒီအတွက် လည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုများစွာကို ရစေတယ်။
  ယနေ့ခေတ် လူငယ် တွေဟာ ကွန်ပျူတာနဲ့ဖက်ပြီး ကြီး ပြင်းလာရုံတင် မကပါဘူး။ အင် တာနက် ဝင်ထွက်သွားလာမှုတွေ နဲ့ ဝက်ဘ်ဆိုက်တွေ ဝင် ဆဲလ်ဖုန်း တွေနဲ့ စာရိုက်သတင်းတွေ ပို့ကြ တယ်။

(၄)
  ယနေ့ ဘယ်နိုင်ငံကို သွားသွား ဆယ်ကျော်သက်လူငယ် တွေလက်ထဲမှာ ဆဲလ်ဖုန်းတစ်ခုနဲ့ လက်လှုပ်ပြီး အလုပ်များနေတာ ကို တွေ့ရမယ်။ ဒါကို စာရိုက်နေခြင်း Texting လို့ ခေါ်တယ်။ သူတို့ ဟာ အချိန်တိုင်းမှာ စာရိုက်သတင်း ပို့နေတယ်လို့ ဆိုတယ်။
   ကျောင်းတွေမှာ ပါဝါ ပွိုင့် Power Point  တွေကို သုံးပြီး ဓာတ်ပုံတွေနဲ့ ဂရပ်ဖစ်ပုံတွေကို ပြ သ သင်ကြားနေကြပြီ ဖြစ်တယ်။
ပါဝါပွိုင့်ဆိုတာ ကွန်ပျူ တာနဲ့ ဆက်ထားတဲ့ ရုပ်ရှင်ပြကိရိ ယာ Projector ပဲ ဖြစ်တယ်။
   ကွန်ပျူတာ မြင်ကွင်းအ ကြီးကြီး ပြထားတာပဲလို့ ဆိုနိုင် တာပေါ့။ လူအများ ကြည့်လို့ရတဲ့ ပရိုဂျက်တာပါပဲ။ ဒါဟာ အရင် သုတေသနတွေ လုပ်ထားတဲ့ စာတမ်းတွေ ထက်ကို ကြီးကျယ်ကြောင်း ထင် ရှားစွာ သိနိုင်တယ်။ ကျောင်းသားတွေဟာ ကွန်ပျူတာ ဖန်သားပြင်ကို စာရွက် တွေလိုပဲ ကြည့်လာတယ်။ စာအုပ် တွေလို ဖတ်ကြတယ်။
''ကျွန်တော်သာ ကျောင်း သုံးစာအုပ် Text Book  တွေ ရိုက် စားတဲ့ သူဆိုလို့ရှိရင် ခုနေမှာ အတော်လေး စိတ်ဓာတ်ကျမှာ ဖြစ် တယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းသားတွေဟာ စာကြည့် တိုက်တွေကနေ စာအုပ်တွေကို မ ဖတ်ကြတော့လို့ပါပဲ'' လို့ ပညာ ရေးအရာရှိ ဒေါင်လဲဗင်- Doug Levin က ပြောတယ်။
ကမ္ဘာတစ်ဝန်းလုံးက ကျောင်းသားတွေဟာ သူတို့ရဲ့ အိမ်စာတွေအတွက် Google လုပ် ကြတယ်။ Google လုပ်တယ်ဆို တာကတော့ အအစ။ http/ww.google. com ကနေ ရှာဖွေတာ ဖြစ်ပါ တယ်။ အင်မတန် ရှာလို့ ကောင်း တဲ့ ဝက်ဘ်ဆိုက်ပါပဲ။
ဥပမာ- တိုကျိုက အ ထက်တန်းကျောင်းသူ နာအိုကိုကို ယုဆ- Naoko Koyasu ဟာ ဇီဝ ဗေဒနဲ့ ပတ်သက်ပြီး အိမ်စာပေး ထားတာ ရှိတယ်။ ဦးနှောက်- Brain နဲ့ ပတ်သက်တာတွေကို သူမအတွက် Assignment ပေး ထားတာ ရှိတယ်။ ဒီအတွက် သူမ ဟာ Google ထဲကို ဝင်ပြီး Cerebrum နဲ့ Medula ကို ရိုက်ထည့် ပေးလိုက်ရုံပဲ။
  ''ကျွန်မဟာ တကယ် တတ်ကျွမ်းတဲ့သူတွေ ရေးထား တာကို ကြည့်ရှုလို့ရတယ်။ အင် တာနက်သာမရှိရင် ဘယ်လိုမှ ဒီလို လုပ်နိုင်ခွင့် မရှိဘူး'' လို့ နာအိုကို ပြောသွားတယ်။ တကယ်တော့ နာအိုကို ဟာ အင်တာနက်ထဲကို လမ်းညွှန် မရှိဘဲ ဝင် သွားတာဖြစ်တယ်။ သူမ တကယ်တမ်း လိုအပ်တဲ့ သင်ခန်း စာတွေကို ရချင်မှရမှာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အင်တာ နက် ထဲမှာ ဂျုံပင်ကို ရှာ ရင်း ပေါင်းမြက်တွေပါ ရောပါလာ လို့ပါပဲ။
   ''အင်တာနက်ဆိုတာ အင်မတန်ကျယ်ပြန့်တဲ့ နယ်မြေကြီးပဲ။ သူ့ကို ရှာဖွေကြည့်ရှုတဲ့ အခါ လမ်းပြမြေပုံမပါဘဲ ပြိုင်ကားမောင်းနေ တဲ့ သူလိုပဲ။ ခဏလေးနဲ့ မြန်မြန်ဆန်ဆန် လမ်းပျောက်သွား တော့တာပဲ'' လို့ မြောက်ကာရို လိုင်းနားတက္ကသိုလ်က ဆက် သွယ် ရေးပါမောက္ခ ရောဘတ်ရှရက်က ပြောသွားတယ်။ သူဟာ သူ့ ကျောင်းသားတွေကို သင်ကြားတဲ့ အခါမှာ ဝက်ဘ်ဆိုက် ၁၄ ခုထဲက နေ ၄ ခု (အကောင်းဆုံးလေးခု) ကို ရှာခိုင်းတယ်။


(၅)
ယနေ့ ကျွန်တော်တို့ ဟာ ရန်ကုန်တက္ကသိုလ်ကြီးကို ပြန် ဖွင့်ဖို့ ပြောနေကြတယ်။ ဒီအတွက် ယနေ့ခေတ်အတွက် လုံလောက် တဲ့ အခြေခံအဆောက်အအုံတွေ လိုတယ်။ စာအုပ်တွေ အပြင် အင် တာနက်တွေက အရေးပါတယ်။ နိုင်ငံခြားအဆင့်မီ စာကြည့် တိုက် တွေကို ထားရှိဖို့ အရေးပါတယ်။ စာအုပ်အချို့ဟာ အသုံးမတည့် သလို ဝက်ဘ်ဆိုက်အတော်များ များဟာ အသုံးမဝင်လှဘူး။ တစ်ခါ တစ်ခါ အန္တရာယ်တောင် ရှိသေး သတဲ့။ ဒါပေမယ့် အင်တာနက် ရဲ့ အသုံးဝင်တာတွေလည်း အများ ကြီး ရှိပါသေးတယ်။
ပီလေးအာဂျေး (၁၉ နှစ်) ဟာ ကားမောင်းတာတို့၊ လေ ယာဉ်မောင်းတာတို့ကို ဆင်မြူလေ တာ- Simulator နဲ့ သင်ယူတယ်။ ''စာအုပ်တွေက ပျင်းစရာကောင်း တယ်။ ဒီလို ဆင်မြူလေတာတွေနဲ့ ဆိုရင် တတ်လွယ်တယ်။ သဘော ပေါက်လည်း လွယ်တယ်'' လို့ သူ ပြောသွားတယ်။ Simulator ဆို တာ အဖြစ်အပျက်တွေကို ကွန်ပျူ တာကနေ တကယ်လိုလို ပုံရိပ်ဖော် ပြတာပါပဲ။
ကွန်ပျူတာ အင်တာ နက်နည်းပညာဟာ စာသင်ဖို့ များ စွာအထောက်အကူပြုတယ်။
သင်္ချာပညာမှာ ဘာသာ ဗေဒနဲ့ အင်ဂျင်နီယာပညာမှာ အ တော်လေး အသုံးဝင်တယ်။
   ဥပမာ-Smarthinking.com ဆိုရင် သင်္ချာ၊ အင်္ဂလိပ်စာ၊ ဓာတုဗေဒနဲ့ စပိန်ဘာသာစကား တွေကို သင်ယူနိုင်တဲ့ ဝက်ဘ်ဆိုက် ဖြစ်တယ်။ အမေရိကန်ပြည် ထောင်စုက ကျောင်းအချို့ဟာ တ ရားလွန်တာတွေတော့ ရှိတယ်။ သူ တို့ရဲ့ သင်ခန်းစာ အားလုံးကို On-line မှာပဲ ထားကြတယ်။ သူတို့ရဲ့ ကျန်းမာရေးလေ့ကျင့်ခန်းသင်ခန်း စာကိုတောင် Online မှာပဲ ထားရှိ လာတာတွေ့ရတယ်။  တကယ် တော့ ကျန်းမာရေးလေ့ကျင့်တာပဲ၊ ကွန်ပျူတာရှေ့ထိုင်နေလို့မှ မရ တာပဲ။

(၆)
တရုတ်၊ ဆွစ်ဇာလန်၊ ဗင်နီဇွဲလားတို့က ကျောင်းတွေ ဟာလည်း အွန်လိုင်းကို စိတ်ဝင် စားကြပါတယ်။ အကဲခတ်သူများက အွန်လိုင်းကျောင်းတွေက ကလေး တွေဟာ လူမှုရေးမှာ အားနည်း မယ်လို့ ဆိုတယ်။ ဒါပေမယ့် ကျောင်း ထောင်သူ ပညာရှင်တွေ က သူတို့ ရဲ့ ကျောင်းသားတွေဟာ အခြား ကျောင်းသားတွေထက် ပြင်ပဆက် သွယ်မှုတွေ ၅ ဆ ပိုများပါတယ် လို့ ပြောသွားခဲ့ တယ်။ဒီလိုကျောင်း တွေ ကမ္ဘာမှာ များလာမှာတော့ မလွဲဘူး။ လာမယ့်နှစ်မှာ အင်္ဂလန် နဲ့ သြစတြေးလျတို့က High Tech High ဆိုတဲ့ ခေတ်မီတက္ကနိုလိုဂျီ သုံးကျောင်းတွေ ဖွင့်ကြတော့မှာ ဖြစ်တယ်။
  အချို့ကတော့ တက္ကနို လိုဂျီသုံးခြင်းဖြင့် ပထမတန်းစား ပညာရေးကို ရယူနိုင်မယ်လို့ ယုံ ကြည်နေကြပါတယ်။ ရန်ကုန် တက္ကသိုလ်ကို ရုပ်ပိုင်း Hardware ပိုင်းမှာသာမ က ပညာရပ် Software ပိုင်းမှာပါ လိုအပ်တာ ဖြည်ဆည်းဖို့လိုတယ်။
  (နိုင်ငံအတွက် ဒါတွေကို မဆွေးနွေးဘဲ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ရှာပုံတော်ဖွင့်ဖို့ကြိုးစားနေတဲ့ လွှတ်တော်ကိုယ် စားလှယ်များကို သနားမိပါတယ်)

ဒေါက်တာခင်မောင်ညို 
myanmar Market


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>