အသံများကားဆူညံလှ၏။ စီးချက်မှန်မှန် ပျော့ပြောင်းသော အသံ။ ပြင်းထန်သော
ထုနှက်ချက်အလား။သို့သော် စီးချက်မှန်အသံလည်း ရှိ၏။ ချိုသာသောအသံများမဟုတ်။
ကြမ်း တမ်းသည်။ ရက်စက်သည်။ စက် ကိရိယာအသံဟု ဆိုရမည်လား။ ခံစားမှု
စိုးစဉ်းမျှမပါမှန်း သိသည်။
သက်ရှိ၌သာ အသံရှိသည်ကို လက်ခံထားကြသည်။ သက်မဲ့၌ လည်း အသံရှိသည်။ လူ၏အသံကို ဘာသာစကား၊ ခွေး၏အသံ၊ သစ်ပင် ၏အသံ၊ ရေပြင်၏အသံ၊ လေ၏အသံ၊ မီး၏အသံ များကို မည်သို့အမည် တပ်ကြမည်နည်း။ ဘာသာစကားဟု ဆိုလျှင် သင့်တော်မည်ထင်ရ၏။
သက်ရှိ၌သာ အသံရှိသည်ကို လက်ခံထားကြသည်။ သက်မဲ့၌ လည်း အသံရှိသည်။ လူ၏အသံကို ဘာသာစကား၊ ခွေး၏အသံ၊ သစ်ပင် ၏အသံ၊ ရေပြင်၏အသံ၊ လေ၏အသံ၊ မီး၏အသံ များကို မည်သို့အမည် တပ်ကြမည်နည်း။ ဘာသာစကားဟု ဆိုလျှင် သင့်တော်မည်ထင်ရ၏။
ပန်းမန်တို့၏ ဘာသာစကားမှာ အသံမဟုတ်။ အရောင်နှင့်အနံ့ဖြစ် သည်။ အချို့အရောင်သာရှိသည်။ အနံ့မရှိ။ မည်သို့သော ဘာသာစကား ဖြစ်စေ၊ ဆက်သွယ်ခြင်း၊ ထုတ်ဖော် ခြင်း၊ ဖော်ပြခြင်းများဖြစ်၏။ အရောင် သည် သတိပေးသည်။ ဆွဲဆောင် သည်။ ကြမ်းတမ်းမှုကို ဖော်ပြသည်။ အသံစကားတို့ကဲ့သို့ပင်ဖြစ်၏။
ဘာသာစကားသည် နားလည်ရုံ သာမက ခံစားမှုကိုဖြစ်စေသည်။ အသံနှင့် အရောင်သည်လည်း ထိုသို့ ခံစားမှုကိုဖြစ်စေသည်။ လေပြည်လေး ပွတ်တိုက်မှု ၊လေပြင်း၏အသံနှင့် တိုက်ခတ်မှုသည် လေအသုံးပြုသော ဘာသာစကား ဖြစ်သည်။
မွှေးပျံ့သောရနံ့သည် ခံစားမှု တစ်ခုကိုရုတ်ခြည်းဖြစ်ပေါ်စေသည်။ အချို့ရနံ့ကား အေးချမ်းမှု၊ အချို့ကား ပူလောင်မှု၊ ဆွဲဆောင်မှု၊ အမည်ဖော် မရသော ခံစားမှုတစ်ခုရရှိတတ်သည်။ ဆက်သွယ်ခြင်း၊ ထုတ်ဖော်ခြင်း၊ အသိပေးခြင်းပင်။ ရနံ့သည်မြင်ရ သော အရာမဟုတ်ပါဘဲလျက်၊ ထိ ခိုက်မှုတစ်စုံတစ်ရာရှိ၏။
အသံမျိုးစုံ၊ ရနံ့မျိုးစုံ၊ စည်းချက် မကျန၊ ပြင်းထန်သောရနံ့၊ သဘာဝ ပင်ကိုယ်သံမဟုတ်၊ စက်ကိရိယာသံ ရနံ့များဖြင့်ပြည့်နှက်နေသော နေရာ ဌာနသည် အေးချမ်းသာယာသည် ဆို ၍ရပါမည်လား။ မည်သည့်အသံရနံ့ မှမရှိ။ တိတ်ဆိတ်၊ ကွင်းပြင်၊ ခြောက် သွေ့၊ အရာရာကင်းမဲ့နေသော နေရာ ကိုလည်းသာယာသည့်နေရာဟု ဆိုရ ပါမည်လား။
ပန်းခြံ၊ ဥယျာဉ်ဆိုသည်များ သည် မည်သည့်အရာများ ပြီးပြည့်စုံ ပါသနည်း။ လူတို့ဘာသာ စကားများ မရှိ။ သဘာဝရနံ့၊ သဘာဝအရောင်၊ သဘာဝအခြေအနေ ပတ်ဝန်းကျင် များပြီး ပြည့်စုံသည့်နေရာ၊ ရေသံများ၊ ငှက်ငယ်များ၏အသံ၊ စက်ကိရိယာ သံများတစ်ခုတစ်လေမှမရှိ၊ ရုပ်ဝတ္ထု ပစ္စည်းများနောက်တကောက်ကောက် လိုက်နေသူများပင် ထိုနေရာကို နှစ် သက်သည်။ အဘယ်အရာရရှိပါ သနည်း။
ရာထူးများ၊ ဂုဏ်ဒြပ်များ၊ ရွှေ၊ ငွေများ၊ပစ္စည်းများ၊ မြေများ၊ ရုပ်ဝတ္ထု များရှိပါလျက် ပန်းဥယျာဉ်သို့ရောက် လျှင် အမည်ပေး၍ မရသည့်ခံစားမှု ရရှိသည်။ ပြောင်းလဲမှုကိုနှစ်သက်၍ ဟု ဆင်ခြေပေးမည်။ ဆင်ခြေဆိုသည် မှာ တစ်ခုမဟုတ်တစ်ခုရှိတတ်စမြဲ၊ ဆင်ခြေဆိုသည်မှာ ဆန္ဒကိုအပေါ်ယံ မှ အချိုသကာ ဖုံးထားခြင်းသာ...။
ဆန္ဒကိုလှုံ့ဆော်ခြင်းကပင် နည်း ပညာ၊ အတတ်ပညာဖြစ်လာသည်။ ရုပ်ဝတ္ထုများကို လိုချင်စေရန် ဂုဏ် သိက္ခာရှိစေရန် ခံစားမှုဖြစ်လာစေရန် နည်းပညာအတတ်ပညာများသည် အတုလုပ်ကြသည်။ သဘာဝအတု များဖြစ်သည်။ သဘာဝအတုကို အမှန်ဟု လက်ခံလာကြသည်။ အတု ၏ရလဒ်ကလည်း တစ်စုံတစ်ရာ လက်တွေ့ဖြစ်လာသည်။ အတုသည် အစစ်နေရာသို့ ရောက်လာ၏။ အတု သည် အစစ်ဟုဖြစ်လာရသည်။
အတု၊ အသံ၊ ရနံ ဘာသာ စကားတို့သည် အစစ်မဟုတ်၍ စိတ် ချမ်းသာမှုမပေး၊ ရုတ်ခြည်းမသိ၊ ကြာ လာသည့်အခါ ခံစားမှုကဖော်ပြလာ သည်။ အပန်းဖြေခရီးထွက်သည်။ အတုများကြားမှ ထွက်ပြေးခြင်းဖြစ် သည်။ အစစ်များရှိရာသို့သွားကြ သည်။ သဘာဝဆိပ်ကမ်း၊ ဥယျာဉ်၊ ပန်းရနံ့၊ အသံ၊ အရောင်များ ရှိရာသို့ ဖြစ်သည်။
ဂုဏ်သိက္ခာများစွာချ၊ ရုပ်ဝတ္ထု များဘေးဖွယ်၊ စိတ်လွတ်ကိုယ်လွတ်၊ နေသည်ဟု သုံးနှုန်းကြသည်။ သို့ ဆိုလျှင် တင်းကြပ်သည့်နေရာ၌ နေရ သည်ကိုတစ်ခဏ၌ သိလိုက်၍ဟုဆို နိုင်ပါ၏။ ပန်းတို့၏အရောင်၊ ရနံ့၊ ရေ၏အသံ၊ လေ၏တိုက်ခတ်မှု၊ အရာရာသည် သဘာဝအစစ်...။
အတုကို အတုဟု လက်ခံ၊ အစစ်ကိုလည်း အစစ်ဟု လက်ခံလျှင် ရှေ့ဆက်ဘဝလမ်းခရီးသည် ...။
Myanmar Market
No comments:
Post a Comment