2 3 4 5 6 7 8 9 10

Saturday, April 27, 2013

ဇရာထောင်းလာသော မြေကမ္ဘာ



အာရှစီးပွားရေး အကျပ်အတည်း ကိုကြုံတွေ့ခဲ့ကြရသည်။ လွန်မြောက် အောင်စွမ်းဆောင်နိုင်ခဲ့ကြသည်။ ယခု အမေရိကန်မှ စတင် သည့် စီး ပွားရေးအကျပ်အတည်းကို ရင်ဆိုင် ကြုံတွေ့ကြ ရပြန် သည်။ ဤအကျပ် အတည်းသည်လည်း ပြေလည်စပြု လာပြီဖြစ်သည်။ စီးပွားရေးအကျပ် အတည်းကဲ့သို့ပင် အရေးကြီးသော၊ စီးပွားရေး အကျပ်အတည်း ထက် ကြီးမားသော၊ စီးပွားရေးအကျပ် အတည်း ထက် ဖြေရှင်းရခက်သော သို့သော် လူအများ သတိ မမူ ကြ သေးသော ပြဿနာတစ်ရပ်ရှိနေပါ သည်။ ကမ္ဘာသူ ကမ္ဘာသား များသည် ပို၍အိုမင်းလာနေခြင်းဖြစ်သည်။ တစ် နည်းပြင်ဆင်၍ပြော ပါက ကမ္ဘာသူ ကမ္ဘာသားများ အသက်ပို၍ရှည်လာ ခြင်းဖြစ်သည်။


        အသက်ပိုရှည်လာခြင်းသည် ဝမ်းမြောက်ဖွယ်သတင်းစကားဖြစ်ပါ သည်။ သက်ရှိအားလုံးပင် အသက် ရှည်စွာ နေထိုင်လိုကြပေသည်။ အသက်ရှည်ခြင်းကို လူအများပင် အလိုရှိကြပေသည်။ သို့သော် လူအ များ အသက်ရှည်လာကြခြင်း၏ နောက်ကွယ်တွင် ပြဿနာများစွာရှိ နေပါသည်။ နိုင်ငံတော်အနေဖြင့် အငြိမ်းစားလစာများထုတ်ပေးရသည်။ ကျန်းမာရေးပြုစု စောင့်ရှောက်ပေးရ သည်။ မိသားစုအနေဖြင့်လည်း အဖေ၊ အမေ၊ အဘိုး၊ အဘွားတို့ကို ပြုစုစောင့်ရှောက်ကြရသည်။ အငြိမ်း စားလစာဖြင့် လူမှုအသုံးစရိတ် မမျှတ သူများကို ထောက်ပံ့ကူညီကြရပေ သည်။ 



        အသက်ရှည်သူများလာသည် နှင့်အမျှ အလုပ်လုပ်နိုင်သူဦးရေ နည်း လာသည်။ အလုပ်မလုပ်နိုင်သူ၊ အငြိမ်းစားသူဦးရေ တိုးပွားလာသည်။ ခရစ်နှစ် ၂ဝ၂ဝတွင် ပြဿနာသည် ပို၍ထင်သာမြင်သာရှိလာမည်ဖြစ်သည်။ ရှုကြည့်ရာရာတွင် ကလေးများထက် သက်ကြီးဘိုးဘွားများကို ပိုမိုမြင်တွေ့ လာရမည်ဖြစ်သည်။
        ကမ္ဘာ့လူဦးရေသည်တစိုက် မတ်မတ် တိုးတက်များပြားလာမည် ဟု ထင်မှတ်ခဲ့သည်။ ကမ္ဘာ့လူဦး ရေသည် ၁၉၇ဝခုနှစ်တွင် အများဆုံး နှုန်းဖြစ်သော ၂.ဝ ရာခိုင်နှုန်းဖြင့် တိုးပွားခဲ့ရာမှ ယခု ၁.၃ ရာခိုင်နှုန်း သာတိုးပွားတော့သည်။ လူဦးရေတိုး နှုန်းသည် ဆက်လက်လျော့ကျလျက် ခရစ်နှစ် ၂ဝ၄ဝတွင် ဝ.၆၄ ရာခိုင် နှုန်းသာတိုးပွားမည်ဟု ကုလသမဂ္ဂက မျှော်မှန်းထားသည်။ ကမ္ဘာ့လူဦးရေ သည် အမြင့်ဆုံး တစ်ဆယ် ဘီလီယံ အထိရောက်ရှိပြီး လျော့နည်းလာ မည်ဟု တွက်ဆထားသည်။ ကမ္ဘာ့ တိုင်းပြည် ငါးဆယ်ကျော်တွင် လူဦး ရေသည် လျော့ပါး၍ပင်လာမည် ဖြစ် သည်။ လူဦးရေသည် တစိုက်မတ် မတ်တိုးများလာသည်ဟူသော ယူဆ ချက်ကို စွန့်လွှတ်ရတော့မည် ဖြစ် သည်။
        ယနေ့ ကမ္ဘာသူကမ္ဘာသားများ ၏ ပျမ်းမျှအသက်သည် ၂၉နှစ်ဖြစ် သည်။ ခရစ်နှစ် ၂ဝ၅ဝတွင် ပျှမ်းမျှ ၃၈နှစ်ဖြစ်လာမည်ဟု ကမ္ဘာ့ကုလ သမဂ္ဂက ခန့်မှန်းထားသည်။ ယနေ့ ကမ္ဘာတွင် အသက်၆ဝကျော်သူသည် ကမ္ဘာ့လူဦးရေ၏ ၁၁ရာခိုင်နှုန်း၊ ဦးရေ ၆.၉ဘီလီယံရှိသည်။ ၂ဝ၅ဝတွင် ၂၂ ရာခိုင်နှုန်း၊ ဦးရေကိုးဘီလီယံကျော် ရှိလာမည်ဟု ခန့်မှန်းထားသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများတွင်မူ ၃၃ရာခိုင်နှုန်း အထိရှိလာပြီး လူသုံးယောက်တွင် တစ်ယောက်သည် အသက်၆ဝကျော် သူဖြစ်နေပေမည်။
        ဤပြဿနာသည် တဖြည်းဖြည်းနှင့် ကြီးထွားလာနေသည်။ တစုံ တရာပြုပြင်ပြောင်းလဲခြင်း မပြု လုပ် နိုင် ပါက အချိန်ကြာသည်နှင့် အမျှ ပို၍ကြီးမားလာမည်ဖြစ်သည်။ စီဲးပွား ရေး၊ လူမှုရေး၊ နိုင်ငံရေး ရိုက်ခတ်ချက် များ ဖြစ်ပေါ်လာမည်ဖြစ်သည်။ သို့ သော် နိုင်ငံအနည်းငယ်သာ ဤပြဿ နာ၏ နက်ရှိုင်းမှုကို သတိမူမိကြသေး သည်။ နိုင်ငံအများသည် သတိမမူမိ ကြသေးပေ။ ကုန်ထုတ်လုပ်မည့်လုပ် သားဦးရေက နည်းပါးလာသည်။ စားသုံးမည့် ဦးရေက တိုးများလာ သည်။ ဝန်ထုပ်ဝန်ပိုးကြီးလာပြီး ထမ်းဆောင်သူက နည်းလာပေသည်။
        ယနေ့သက်ကြီးရွယ်အိုများ ပြားလာရခြင်းတွင် ရေရှည်အကြောင်း နှစ်ရပ်ရှိသည်။ အခိုက်အတန့် ရိုက် ခတ်ချက်တစ်ချက်ရှိသည်။ပထမအချက်မှာ စက်မှုထွန်း ကားလာသည့် ကာလနောက်ပိုင်းတွင် လူတို့၏ မျှော်မှန်းနိုင်သက်တမ်း ပို ၍ရှည်လာခြင်းဖြစ်သည်။ ၁၉ဝဝပြည့် နှစ်အခါက လူတို့၏ မျှော်မှန်းနိုင် သက်တမ်း သည် ၃ဝနှစ်သာရှိသည်။ ချမ်းသာကြွယ်ဝသော နိုင်ငံများတွင် ၅ဝနှစ်သာရှိသည်။ ယနေ့တွင်မူ လူ သားထုတစ်ရပ်လုံး၏ မျှော်မှန်းနိုင် သက်တမ်းမှာ ၆၇ နှစ်အထိ တိုးတက် လာပြီး ချမ်းသာကြွယ်ဝသောနိုင်ငံတို့ တွင် ၇၈နှစ်အထိ တိုးတက်လာ သည်။ ကံကောင်းသည်ဟုဆိုနိုင်သည့် တစ်ချက်မှာ သက်ကြီးဘိုးဘွားတို့ သည် ကျန်းမာလျက်ရှိပြီး အသက် အတော်အတန်ကြီးသည်အထိ ကျန်း မာစွာ ရှင်သန်နေထိုင်နိုင်ခြင်းဖြစ် သည်။

        သက်ကြီးဘိုးဘွားများ တိုးများ လာရသည့် ဒုတိယအချက်မှာ ဒေသ အသီးသီးမှ မိသားစုများ၏ ရင်သွေး ယူမှုနည်းပါးလာခြင်းဖြစ်သည်။ ဤ ဒုတိယအချက်သည် ပထမပြဿနာ ၏ နောက်ပိုင်းတွင်ဖြစ်ပေါ်လာပြီး တဖြည်းဖြည်းပို၍ပို၍ ကြီးမားလာ နေပေသည်။ ၁၉၇ဝခုနှစ်က အမျိုး သမီးတစ်ဦးတွင် ပျမ်းမျှရင်သွေး ၄.၃ ဦး ရှိခဲ့သည်။ ယနေ့တွင်မူ တစ်ကမ္ဘာ လုံး ပျမ်းမျှမှာ ၂.၆ဦးသာရှိပြီး၊ ချမ်း သာသောနိုင်ငံတို့တွင်မူ ၁.၆ဦးသာ ရှိကြသည်။ ၂ဝ၅ဝတွင်မူ တစ်ကမ္ဘာ လုံး ပျမ်းမျှနှစ်ဦးသာ ရှိတော့မည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ခန့်မှန်းထား သည်။ ချမ်းသာသော နိုင်ငံတို့တွင် မူ ဤနှုန်းသည် လျော့ကျလာလျှက် ရှိပေသည်။ ဤဖြစ်စဉ်သည် ကမ္ဘာကြီးကို ပုံစံသစ် တစ်ခုသို့ ပြောင်း လဲသွားစေမည်ဟု ပညာရှင်အချို့က တွက်ဆနေကြသည်။
        ဒုတိယကမ္ဘာစစ်အပြီးတွင် အချိန်ကာလအနည်းငယ်စီကွာခြား လျှက် ကမ္ဘာ့အဝန်းတွင်ပင် ကလေး မွေးဖွား မှုပေါက်ကွဲခြင်း (ဝါ) ကလေး များပြားစွာမွေးဖွားခြင်း- Baby Boom ဖြစ်ပေါ်ခဲ့သည်။ မိသားစုတို့သည် ရင်သွေး အများအပြားမွေးဖွားခဲ့ကြ သည်။ အမေရိကန်နိုင်ငံတွင် အများ ဆုံးဖြစ်ပေါ်ခဲ့ပြီး ၁၉၄၅ခုနှစ်မှစတင် ကာ နှစ်၂ဝခန့် ကြာမြင့်ခဲ့သည်။ ဤ ဖြစ်ရပ်သည် သက်ကြီးဘိုးဘွားတိုး များလာမှုကို အခိုက်အတန့် အားဖြင့် ပြေငြိမ်းစေခဲ့သည်။ သို့သော် ထို အချိန်အစပိုင်းက မွေးဖွားခဲ့သူတို့ သည် ယခုအခါ အငြိမ်းစားယူကြ ပြီဖြစ်သည်။
        လာမည့်နှစ် ၂ဝတွင် ၎င်းတို့ အားလုံးသည် အငြိမ်းစားယူကြမည် ဖြစ်သည်။ ယင်းကာလ၏နောက်ပိုင်း တွင် အလုပ်လုပ်သူအင်အားသည် သိသာစွာလျော့နည်းလာမည်ဖြစ်သည်။
        ကမ္ဘာ့နိုင်ငံအသီးသီးသည် ဤ ပြဿနာကို ပုံစံအမျိုးမျိုးကွဲပြားစွာ ရင်ဆိုင်နေကြရသည်။ ချမ်းသာသော နိုင်ငံ တို့သည် ဤပြဿနာကို ပို၍ သိသာစွာ ရင်ဆိုင်ကြရသည်။ အာရှ တွင် ဂျပန်၊ တောင် ကိုရီးယားနှင့် တရုတ်တိုင်ပေတို့သည် နင့်နင့်နဲနဲ ခံ စားနေရသည်။ သက်ကြီးဘိုးဘွားဦး ရေသည် သိသာစွာ များပြား လာနေ သည်။ ဥရောပတွင်မူ ပုံစံအမျိုးမျိုး တွေ့မြင်နေရသည်။ ဂျာမနီ၊ အီတလီ နှင့် စပိန်တို့သည် မိသားစု ဦးရေ နည်းပါးလှရာ သက်ကြီးဘိုးဘွားဦး ရေ လျင်မြန်စွာ တိုးများလာနေသည်။ ပြင်သစ်၊ အင်္ဂလန်နှင့် မြောက်ပိုင်း နော်ဝေဒေသ တိုင်းပြည်တို့သည် ရင် သွေးပိုမိုများပြားစွာမွေးမြူခဲ့ကြသဖြင့် ပို၍ ပျိုရွယ်နုငယ်နေ ကြသည်။ အမေ ရိကန်ပြည်ထောင်စုသည် ဤအကျပ် အတည်းကို ပို၍ ခံနိုင်ရည် ရှိသော မွေးဖွားနှုန်းဖြင့် လည်းကောင်း၊ ပြည်ပ နိုင်ငံသားများကို နေထိုင် လုပ်ကိုင်ခွင့် ပြုခြင်းဖြင့် လည်းကောင်း ပြေလျော့ စေခဲ့သည်။
        ဖွံ့ဖြိုးဆဲနိုင်ငံများသည် မွေးဖွား နှုန်းများကျဆင်းလာခြင်း၊ HIV/AIDS ရောဂါတို့ကြောင့် သေဆုံးမှုများပြား ခြင်းတို့ကို ရင်ဆိုင်နေကြရသော်လည်း ပျိုရွယ်နုငယ်သူများပြားနေဆဲ ဖြစ်၍ ဆယ်စုနှစ်ခန့်အထိ သက်ကြီးဘိုးဘွား များပြားမှု ပြဿနာကို တွေ့ကြုံရဦး မည်မဟုတ်ပေ။ သို့သော် ရေရှည်တွင် မူ ဤပြဿနာကို ရင်ဆိုင်ကြုံတွေ့ ရမည်သာဖြစ်သည်။ လူအများစုသည် ငယ်ရွယ်နေကြသည့်တိုင် ဤနိုင်ငံ တို့တွင် အသက်၆ဝကျော်ဘိုးဘွား ဦးရေသည် သန်း ၄၉ဝကျော်ရှိနေပြီ ဖြစ်သည်။ ခရစ်နှစ် ၂ဝ၅ဝ တွင် သုံးဆခန့်အထိတိုးများလာမည်ဖြစ် သည်။ ဤနိုင်ငံများတွင် လူမှုဖူလုံရေး အသုံးစရိတ်ငွေမှာ နည်းပါးလှပေရာ ဤသို့များပြားလာသော သက်ကြီးတို့ အား ပြုစုစောင့်ရှောက်ရေးမှာ ခက်ခဲ ပင်ပန်းကြမည်ဖြစ်သည်။
        ဖွံ့ဖြိုးဆဲနိုင်ငံတို့တွင် တရုတ်နိုင်ငံ သည် လွန်ခဲ့သောနှစ်၃ဝခန့်ကစ၍ တင်းကြပ်စွာလူဦးရေထိန်းချုပ်ကန့် သတ်ခဲ့မှုကြောင့် လျင်မြန်စွာပင် အို မင်းလာလျက်ရှိသည်။ တရုတ်နိုင်ငံ လူဦးရေသည် ၂ဝဝ၈ ခန့်မှန်းခြေအရ ၁၃၃ဝသန်းရှိသည်။ မျှော်မှန်းနိုင်သက် တမ်းသည် ၇၃.၂နှစ်ဖြစ်သည်။ ၂ဝ၃ဝခုနှစ်တွင် အမြင့်ဆုံးအဖြစ် ၁.၄၆ဘီလီယံ အထိတိုးများလာပြီး ၄င်းနောက်တွင်မူ တဖြည်းဖြည်းလျော့ ပါးလာမည်ဖြစ်သည်။ တရုတ်နိုင်ငံ၏ စဲီးပွားရေးသည် အံ့မခန်းတိုးတက်ခဲ့ သော်လည်း ချမ်းသာသောနိုင်ငံဖြစ်လာ ရန်မှာမူ များစွာကြိုးပမ်းရဦးမည် ဖြစ်သည်။ တိုးများလာသော သက် ကြီးဘိုးဘွားများအား ပြုစုစောင့်ရှောက် ရန်တာဝန်မှာ ခက်ခဲပင်ပန်းနေဦးမည် ဖြစ်သည်။


        သက်ကြီးဘိုးဘွားတို့ တိုးများ လာသည်နှင့်အမျှ အလုပ်လုပ်နိုင်သူ လျော့နည်းလာမည်ဖြစ်ရာ ကုန် ထုတ်နှုန်းကို လျင်မြန်စွာ မတိုးမြှင့် နိုင်ပါက ကုန်ထုတ်မှုပမာဏသည် လျော့နည်းလာမည်ဖြစ်သည်။ ယခု ဂျပန်နိုင်ငံတွင် အလုပ်လုပ်သူနှင့် အငြိမ်းစားအသက် ရောက်ရှိနေသူ အချိုးသည် ယုတ်လျော့ လာမည်ဖြစ် သည်။ ယခုဂျပန်နိုင်ငံတွင် အလုပ် လုပ်သူနှင့် အငြိမ်းစား ဘိုးဘွားတို့ အချိုးသည် သုံးအချိုးတစ်ရှိသည်။ ကမ္ဘာတွင် အနိမ့်ဆုံးအချိုး ပင်ဖြစ် သည်။ ၂ဝ၅ဝခုနှစ်တွင်မူ ဤအချိုး သည် ထက်ဝက်လျော့ကျသွားမည် ဖြစ်သည်။ သို့သော် ကလေးများကို ပြုစုစောင့်ရှောက်ရသည်မှာ သက်ကြီး ဘိုးဘွားတို့ကို ကျွေးမွေးစောင့်ရှောက် ရသည်ထက် ကုန်ကျမှု သက်သာပေ မည်။ စီးပွားရေးပူးပေါင်း ဆောင်ရွက် မှုနှင့်ဖွံ့ဖြိုးရေးအဖွဲ့ OECD က သက် ကြီး ဘိုးဘွားဦးရေ တိုးပွားလာမှု ကြောင့် လုပ်သားအင်အားလျော့နည်း လာမှုသည် အဖွဲ့ဝင်နိုင်ငံများ၏ စီးပွား ရေးဖွံ့ဖြိုးမှုကို လွန်ခဲ့သော နှစ် ၃ဝ က အခြေအနေထက် ၃ဝ ရာခိုင် နှုန်းလျော့နည်းသွားစေနိုင်မည်ဟု ခန့် မှန်းထားသည်။
        စီးပွားရေးပါရဂူ ဂျိမ်းစ် ပိုတာဘ James Poterba က အမေရိကန်တွင် အငြိမ်းစားလူတန်းစားသုံးမျိုးရှိသည် ဟုဆိုသည်။ ပထမအတန်းအစား သည် ၂၅ ရာခိုင်နှုန်းရှိသည်။ သူတို့ သည်လူမှုရေး ထောက်ပံ့ငွေများ၊ ကျန်းမာရေး စောင့်ရှောက်မှု ခံစားခွင့် များဖြင့် မူလအခြေအနေအတိုင်း ရပ်တည်နေနိုင်သူများဖြစ်သည်။ ဒုတိယ အတန်းအစားမှာ မိမိ၏ပိုင်ဆိုင်မှု များဖြင့် မကြောင့်မကျနေနိုင်သူများ ဖြစ်သည်။ သူတို့သည် ၁ဝ ရာခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်းရှိသည်။ ကျန် အတန်းအစားမှာ မိမိ၏နည်းပါးလှ သော စုဆောင်းငွေနှင့် မလုံမလောက် အငြိမ်းစားလစာအပေါ် ရပ်တည်နေရ သူများဖြစ်သည်။ သူတို့သည် အငြိမ်း စားတို့၏ ထက်ဝက်ကျော် အများစုတို့ ဖြစ်သည်။
        ဂျာမနီနိုင်ငံသည် ကလေးများ ကိုချစ်သည်။ ကလေးများကို ကောင်း စွာ ဂရုမစိုက်သည့် မိဘတို့အား ကဲ့ ရဲ့ ရှုတ်ချအပြစ်တင်လေ့ရှိသည်။ သို့သော် အသက် ၄ဝ ကျော်သူ ဂျာမန် အမျိုးသမီးတို့၏ လေးပုံတစ်ပုံတွင် ရင်သွေးမရှိကြပေ။ ဂျာမန်အမျိုးသမီး တို့သည် အလုပ်နှင့်ရင်သွေးရှိသော ဘဝကို ပေါင်းစပ်ရန် ခက်ခဲလှပေသည်။ ထို့ကြောင့် ဂျာမန်အမျိုးသမီး အချို့သည် ရင်သွေးယူရန်အတွက် အလုပ်ကို စွန့်လွှတ်ခဲ့ကြသကဲ့သို့ အချို့သည် အလုပ်အတွက် ရင်သွေး ယူရေးကို စွန့်လွှတ်ခဲ့ကြရပေသည်။ ဂျာမနီဝန်ကြီးချုပ် အင်ဂျယ်လာ မာကယ်လ် Angela Merkel သည် ဂျာမန်အမျိုးသမီးများကို ရင်သွေးပို ၍ ယူကြရန်တိုက်တွန်းလျက်ရှိသည်မှာ ကလေးချစ်စိတ်ကြောင့် မဟုတ်ပေ။ နိုင်ငံအတွက် လူငယ်များပို၍ လိုအပ် သာကြောင်ြ့ဖစ် ပေသည်။
        ယနေ့ခေတ် အမျိုးသမီးများ သည် စွမ်းဆောင်ရည်မြင့်မားလာ သကဲ့သို့ အတွေးအခေါ်လည်း ပြောင်း လဲလာကြသည်။ ကမ္ဘာတစ်လွှားတွင် နိုင်ငံခေါင်းဆောင် အမျိုးသမီးများ ထွက်ပေါ်လာခဲ့သည်။ အမျိုးသားနှင့် ရင်ဘောင်တန်း၍ စွမ်းစွမ်းတမံ ထမ်း ဆောင်ခဲ့ကြသည်။ ထို့အတူပင် မိမိတို့၏ ပျိုရွယ်လတ်ဆတ်သော ဘဝ ကို မိသားစု တံတိုင်းအတွင်း မကုန် ဆုံးစေဘဲ လုပ်ငန်းခွင်တွင် စွမ်းရည် များပြသ၍လည်းကောင်း၊ ဘဝ အရ သာကို ပျော်ရွှင်စွာ ခံစား၍လည်း ကောင်း နေထိုင်လိုလာ က ပေသည်။ သူတို့သည် ရင်သွေးမွေးမြူလျက် မိသားစုဘဝတွင် နေထိုင် နေရုံမျှဖြင့် မကျေနပ်နိုင်ကြပေ။
        ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှ မိသားစု တို့မှာ ယခင်ကဲ့သို့ ဖခင်တစ်ဦးတည်း ၏ ဝင်ငွေဖြင့် မိသားစု ရပ်တည်ရန် မစွမ်းနိုင်ကြသဖြင့် မိခင်များလည်း ဝင်ငွေ ရှာဖွေရန် လုပ်ငန်းခွင်သို့ ဝင် ရောက်ကြရသည်။ မောင်နှံစုံ အများ စုတို့သည် လက်မထပ်မီကပင် အလုပ်ကိုယ်စီရှိနေကြသည်။ သူတို့မိ သားစုသည် အခြေအနေ အမျိုးမျိုး ကြောင့်ပင် ကျစ်လျစ်လာရပေသည်။ ရင်သွေးယူရန် တုံ့ဆိုင်းလာရပေ သည်။ ရင်သွေးနည်းပါးလာရပေ သည်။ မိမိဝင်ငွေသည်ပြည့်စုံလုံ လောက်မှု မရှိသေးသဖြင့် အိမ်ထောင် မပြုနိုင်သေးသော ချစ်သူစုံတွဲများ လည်းရှိကြပေသည်။ ဤလိုတိုင်းပြည် မျိုးတွင် သက်ကြီးဘိုးဘွားများ တိုး ပွားလာကြမည်ဖြစ်သည်။
          ဘတ်ဂျက်ရေးဆွဲသူတို့ အတွက်မူ သက်ကြီးဘိုးဘွားတိုးများလာမှု သည် ပြဿနာပင်ဖြစ်သည်။ အငြိမ်း စားလစာငွေအပေါ် အဓိက အားပြု ရသည့်နိုင်ငံတို့တွင် အငြိမ်းစား လစာ ငွေသည် ဘတ်ဂျက်၏ အတော်များ များကို နုတ်ယူသွားမည်ဖြစ်သည်။ သို့မဟုတ်ပါကလည်း အငြိမ်းစား လစာငွေကို မရက်ရောနိုင်ဘဲ တိုင်း တိုင်းတာတာသာ ထုတ်ပေးနိုင်ပေ မည်။ အငြိမ်းစားတို့သည် ခက်ခက် ခဲခဲ ရုန်းကန်ကြရမည်ဖြစ်သည်။ နိုင်ငံရေး၊ လူမှုရေး ပြဿနာများ တိုးပွားလာမည်ဖြစ်သည်။ နိုင်ငံ့တာဝန်ကို အသက် ထက်ဆုံး ထမ်းဆောင် ခဲ့သူတို့သည် လူ့အဆင့်အတန်းမီစွာမူ ရပ်တည်နေထိုင် နိုင်သင့်ပေသည်။
        ကျန်းမာရေး စောင့်ရှောက်မှုကို နိုင်ငံတော်က တာဝန်ယူထားသည့် နိုင်ငံတို့တွင် သက်ကြီးရွယ်အို ဘိုးဘွား တိုးများလာသည်နှင့်အမျှ ကျန်း မာရေးဘတ်ဂျက်သည် လျင်မြန်စွာ ပိုမို လိုအပ်လာမည်ဖြစ်သည်။ အသက် ၈ဝ ကျော်သူတို့ တိုးများ လာသည်နှင့်အမျှ ပိုမို၍ ရင့်ရော် ဆုတ်ယုတ်လာကြမည်ဖြစ်ရာ အသက်အရွယ်နှင့် သင့်လျော်သည့် ရေရှည် ကြည့်ရှု စောင့်ရှောက်မှုများ လိုအပ် လာမည်ဖြစ်သည်။ ငွေကြေး နှင့် တွေးခေါ် ကြံစည်ဆောင်ရွက်မှု များ ပိုမိုလိုအပ်လာမည်ဖြစ်သည်။ ချမ်းသာကြွယ်ဝသော နိုင်ငံများသည် အငြိမ်းစားလစာဖောဖောသီသီ ထုတ် ပေးနေမှုကို ချင့်ချိန်ကြရမည်ဖြစ် သည်။ လွန်ကဲသော ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း လျှော့ချ ရမည်ဖြစ်သည်။
        သက်ကြီးဘိုးဘွားတို့သည် အသက်ရှည်လာကြသကဲ့သို့ ကျန်းမာရေးလည်း ကောင်းမွန်နေကြပေရာ မိမိ စွမ်းဆောင်နိုင် သည်များကို စွမ်းဆောင်လျက် ဝင်ငွေရှာဖွေသင့်ကြောင်း ညွှန်ပြတိုက်တွန်းသင့်ကြပေသည်။ သင့်လျော်သည့် အလုပ်အကိုင် များကိုလည်း စီစဉ်ပေးရမည်။ စီးပွားရေးအကျပ်အတည်းမှ ရုန်းထွက်ရန် ကြိုးစားရာတွင် မိမိကုမ္ပဏီ ဆက်လက်ရှင်သန် နိုင်ရေးအတွက် လုပ်သားများက သည်းခံလျက် ပူးပေါင်း ဆောင်ရွက်မှုများသည် သက်ကြီး ဘိုးဘွားများ တိုးပွားလာမှု ပြဿနာ ဖြေ ရှင်းရေးအတွက် အထောက်အကူ ဖြစ် နိုင်စရာရှိပေသည်။
        ပြည်သူအများ စီးပွားရေးကျပ် တည်းလာမှုအတွက် နိုင်ငံတော် အစိုး ရတွင် တာဝန်ရှိသည်ဟုလည်း အချို့ က ယူဆကြပေသည်။ အခြေအနေ တစ်ရပ်သည် ကသောင်းကနင်းဖြစ် လာသောအခါ အပြောင်းအလဲသည် ဖြစ်ပေါ်လာ ရမည်ဖြစ်သည်။ အိုဘားမား အိမ်ဖြူတော်၏ အဆိုတစ်ရပ်ကား ကောင်းသော အကျပ်အတည်း တစ်ရပ်ကို အလဟဿမဖြစ်ပါစေ နှင့်ဟု ဆိုသည်။ အကျပ်အတည်းမှ ကောင်းသော အဖြေထုတ်ယူနိုင်မည် ဟု မျှော်လင့်နေကြပေသည်။
        သက်ကြီးဘိုးဘွားများ တိုးပွား လာမှုတွင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံ ရေးနှင့် ဒဿနများ ရောယှက်နေပေ သည်။ ပုဂ္ဂလိက လွတ်လပ်ခွင့်နှင့် ဆုံးဖြတ်ခွင့်များလည်းရှိနေပေသည်။ စီးပွားရေး ပြဿနာများကဲ့သို့ မူ အစိုး ရအဖွဲ့၊ စီးပွားရေးအဖွဲ့အစည်းများ သက်သက်ဖြင့် ဖြေရှင်း၍ ရနိုင်မည် မဟုတ်ပေ။ ရင်သွေးမွေးမြူကြရသည့် မိခင်များကို ရင်သွေးမွေးမြူနိုင်သည့် အခြေအနေကောင်းများ ဖန်တီးပေး လျက် ရင်သွေးမွေးမြူလိုစိတ်၊ မိခင် စိတ်များ တိုးပွားလာအောင် ဆောင် ရွက်ကြရမည်ဖြစ်သည်။
        နိုင်ငံအစိုးရတို့သည် စီးပွားရေး ပြဿနာများကို စီးပွားရေး လုပ် ငန်းရှင်များ၏ လွှမ်းမိုးမှု၊ စီးပွားရေး လုပ်ငန်း ရှင်များ၏ စွမ်းအားကို ရယူ လျက် ဖြေရှင်းခဲ့ကြသည်။ ဖြေရှင်း နိုင်ခဲ့ကြသည်။ စီးပွားရေး လုပ်ငန်း ရှင်များကလည်း ၄င်းတို့၏ အကျိုးစီး ပွားဖြစ်သောကြောင့် နည်းလမ်း ပေါင်းစုံဖြင့် ပါဝင်ပူးပေါင်း ဆောင် ရွက်ခဲ့ကြသည်။ ကမ္ဘာကြီး ပူပြင်း လာနေသည့် ပြဿနာကိုမူ ၄င်းတို့ အကျိုးစီးပွားကို ထိခိုက်မည်စိုး၍ မသိကျိုးကျွန်ပြုခဲ့ကြသည်။ စီးပွား ရေးလုပ်ငန်းရှင်များကို အားပြုကြရ သော အစိုးရတို့သည်လည်း စီးပွား ရေးလုပ်ငန်းရှင်တို့ကို ဆန့်ကျင်၍ မဆောင်ရွက်နိုင်ခဲ့။ သို့ဖြင့် ကမ္ဘာကြီး သည် တစ်နေ့ထက်တစ်နေ့ ပူပြင်း၍ သာလာခဲ့ရသည်။ ယခု သက်ကြီးဘိုး ဘွားများ တိုးများလာမှုပြဿနာသည် လည်း စီးပွားရေးလုပ်ငန်းရှင်တို့၏ အကျိုးစီးပွားကို မထိခိုက်မချင်း ပြေ လည် လာနိုင်ဖွယ်မရှိပေ။ ပြဿနာကို သိမြင်သူ၊ ကမ္ဘာကြီးကို သာယာဖွံ့ ဖြိုးစေလိုသော စိတ်စေတနာကောင်း ရှိသူတို့က ဦးဆောင်ပါဝင်ဆောင် ရွက်ကြမှသာ ပြေလည်နိုင်ဖွယ် ရှိပါ ကြောင်းဖြင့်။
ဖိုးဆွေ(သစ်လုပ်ငန်း)

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>