2 3 4 5 6 7 8 9 10

Sunday, May 12, 2013

အမေသို့ ..





အမေက မှာတယ်
ကားမစီးရဲလို့ သားကြီးပဲလာခဲ့ပါတဲ့..
သဲချောင်းတစ်လျှောက်
လှည်းမောင်းလို့ရောက်ရင်
တစ်ခေါက်လောက် လာချင်သားတဲ့..
ထန်းမြစ်က တစ်တွဲ နှစ်တွဲ
ပဲနီက တစ်ပြည် နှစ်ပြည်
ပုံးရည်က တစ်အိုး နှစ်အိုး
တန်ဖိုးမရှိပေမယ့်
လှည်းလာရင် တင်ခဲ့မတဲ့..
နေပါတော့ အမေ
ကားမစီးရဲတော့
သားကြီးပဲ ပြန်ခဲ့ပါ့မယ်..
နွားညီနောင် လှည်းတပ်လို့
တောစပ်ကသာ ကြိုပါတော့…။

မြ၀င်း ( ဒဿန )

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>