2 3 4 5 6 7 8 9 10

Saturday, June 13, 2015

မကွေးမြသလွန်စေတီတော်



မကွေးမြသလွန်စေတီတော်သည် ကသ၁ပမြတ်စွာဘုရားအား သိကြားမင်း ဆက်သသော ရွှေသားသလွန်တော်နှင့်
 ဂေါတမမြတ်စွာဘုရားအား သိကြားမင်းဆက်သသော မြသား သလွန်တော် နှစ်ဆူတို့ကို ဌာပနာ၍ တည်ထားသော
 စေတီတော်မြတ် ဖြစ်သည်။ မဟာ သက္ကရာဇ်  ၁၅၀ ပြည့်နှစ်တွင် သုဘောဂသူဌေးကြီးသည် နဂုတ္တမတော်ပေါ်ရှိ 
သလွန်တော်နှစ်ဆူ၏ ဌာပနာတိုက်ကြီး အထက်မှ ၃၅ တောင်မြင့်သော စေတီတော်ကို တည်ထားခြင်းဖြစ်သည်။
သက္ကရာဇ် ၄၁၂ တွင် စောလူးမင်းသည် ရှင်အရဟံ၏ အဆုံးအမနှင့်အညီ မြသလွန် စေတီတော်မြတ်ကို 
အသစ်ထပ်မံ ပြင်ဆင် တည်တော်မူသည်။ ဓာတ်တော် ၁၂၀ ဆူ၊ ရွှေအတိ သွန်းလုပ်သော ရုပ်ပွားတော် 
ခုနစ်ဆူနှင့်တကွ ရတနာတို့ကို ဌာပနာထည့်သွင်းလျက် ၅၅ တောင် မြင့်အောင် တည်သည်။
ကောဇာသက္ကရာဇ် ၁၂၀၉ တွင် ငလျင်ကြီးစွာလှုပ်၍ စေတီတော်မြတ်ကြီး ပျက်စီး ယိုယွင်းခဲ့ ရသည်။ 
မကွေးမြို့သူကြီး မင်းထင်မင်းလှကျော်ခေါင်သည် ရှင်ဘုရင် ထုတ်ပေးသော ရွှေငွေ များစွာတို့ဖြင့် ၆၆ တောင်နှင့် ၂ မိုက်
အထိ တိုးမြှင့်တည်ခဲ့သည်။ ၁၂၁၄ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီးသည် စေတီတော်ကို ရွှေသင်္ကန်း ကပ်လှူ ပူဇော်ခဲ့သည်။

ⓕ Shared By
▣ http://www.newworldmyanmar.blogspot.com/

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>