2 3 4 5 6 7 8 9 10

Wednesday, July 12, 2017

"ကောက်စိုက်ချိန်"




"ကောက်စိုက်ချိန်"

ရွှေမိုးမင်းက မလင်းတလင်း
တို့လယ်ပြင်က ပျိုးပင်ခင်း
ပျိုလေးကောက်စိုက်ဆင်း။

ရွှေမိုးမင်းက မညို့တညို
သီချင်းသီသံချို
ညောင်ညိုပင်က သံစုံချွဲ
တေးငှက် ရွှေလည်နွှဲ။

ရွှေယောင်တွနှင့် ပျိုတို့လူ
ပျိုလေးချစ်တဲ့သူ
ကူလာပါနှင့် ပျို့ကောက်ရေး
မွေးမေဆိုမယ်လေး။

📝 ( နုယဉ် )

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>