2 3 4 5 6 7 8 9 10

Wednesday, May 27, 2015

အသီးအရွက် များများစားခြင်းဖြင့် ကင်ဆာကို ဟန့်တားနိုင်သည်



အသီးအရွက် များများစားခြင်းသည် ကင်ဆာဖြစ်နိုင်ခြေကို လျော့ပါးသွားစေကြောင်း ပညာရှင်များက
 ထောက်ခံခဲ့သည်။ အသက်အရွယ် အမျိုးမျိုးမှ လူပုဂ္ဂိုလ် (၆၁၀၀၀)ကျော်၏ နေ့စဉ်စားသောက်သော
 အလေ့အထကို လေ့လာပြီးနောက် ယခုလို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အောက်စ်ဖို့ဒ်တက္ကသိုလ်မှ
ပါမောက္ခ တင်မ်ကီးက ပြောကြားခဲ့သည်။ ၎င်းတို့လေ့လာခဲ့သူများသည် အသက်(၂၀)မှ (၈၉)နှစ်ကြားတွင် ရှိနေကြပြီး အသားများများ စားသူများသည် သာမန်ထက် ကင်ဆာဖြစ်နိုင်ခြေ (၁၂)ရာခိုင်နှုန်းမျှ မြင့်တက်လာနိုင်ကြောင်း ပါမောက္ခကြီးက သတိပေးခဲ့သည်။


အသီးအရွက်များကို အများအပြား စားသုံးလျင်မူ လူကီးမီးယား သွေးကင်ဆာကို ဟန့်တားနိုင်သည့်
အပြင် အခြားသော ကင်ဆာရောဂါများ ဖြစ်ပွားစေသည့် အဖုအကြိတ်များ ဖြစ်ပေါ်ခြင်းကိုလည်း
သာမန်ထက် (၄၅)ရာခိုင်နှုန်းမျှ တားဆီးပေးနိုင်သည်အထိ အကျိုးရှိတတ်ကြောင်း သိရသည်။
ပါမောက္ခတင်မ်သည် ၎င်း၏ တွေ့ရှိချက်များကို ဗြိတိန်ထုတ် ကင်ဆာဆိုင်ရာ ဆေးပညာဂျာနယ်တွင်
 အပြည့်အစုံ ထည့်သွင်းဖော်ပြထားခဲ့သည်။ ထို့အပြင် အသားများများ စားခြင်းမျိုးကို ရှောင်ရှားကာ
သင့်တင့်မျှတသော နေထိုင်စားသောက်မှုမျိုးကို ကျင့်ကြံသင့်ကြောင်း ပါမောက္ခကြီးက အကြံပြုထားသည်။ အထူးသဖြင့် နေ့စဉ်စားသောက်သော အစာအာဟာရတွင် ဟင်းရွက်နှင့် သစ်သီးဝလံ (၅)မျိုးခန့်ကို 
ပုံမှန်ထည့်သွင်းထားသင့်ကြောင်း ပါမောက္ခတင်မ်က ဆိုသည်။ “ကျွန်တော်တို့ လေ့လာမိသမျှတော့
 ကင်ဆာရဲ့ ခြိမ်းခြောက်မှုကို ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေက ဟန့်တားပေးတယ် ဆိုတာပါပဲ။
လူတွေရဲ့ ကျန်းမာရေးကိုလည်း အသားစားတာထက် အထောက်အကူ ပြုနိုင်ပါတယ်။

 ဒါပေမယ့် လူတွေထဲမှာ အသီးအရွက်ထက် အသားကို ပိုပြီးတော့ ခုံခုံမင်မင် စားတဲ့သူတွေ များနေတာက
စိုးရိမ်စရာပါ”ဟု ပြောဆိုခဲ့သည်။ သတ်သတ်လွတ် စားသူများ အဖွဲ့မှ အသင်းဝင် တစ်ဦးဖြစ်သည့်
ဆူတေလာက “အခုနောက်ဆုံး သုတေသန ရလဒ်ကတော့ ကင်ဆာကို ဟင်းသီးဟင်းရွက်တွေက
တားနိုင်တယ်ဆိုတာ ပေါ်လွင်နေစေပါပြီ။ အသီးအရွက်တွေကိုပဲ ပုံမှန်စားဖို့ ကျွန်မတို့ ဆုံးဖြတ်ထားတာ
 မှန်တယ်ဆိုတဲ့အကြောင်း ဒီကိစ္စက သက်သေပြနိုင်ပါတယ်”ဟု ပြောကြားသွားသည်။

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>