မိုးဆွေငှက်ငယ်၊ မိုးပြန့်ကျယ်တွင်
အရွယ်အဟန့်၊ လက်မခန့်လည်း
အံ့ဩဖွယ်သာ၊ သတ္တ၀ါတို့
ဖြစ်ရာဘ၀၊ အားမာန်ပြသို့
နှုတ်ကတွတ်တွတ်၊ ဖတ်ရွတ်ညိုးညံ
သူ့အားမာန်သည်
မိုးယံခွဲမည် ထင်မိ၏။
မနားမရပ်၊ လှုပ်ခတ်တောင်ပံ
သည်အားမာန်လည်း
မိုးယံဖောက်မည် ထင်မိ၏။
မိုးမြင့်လေပြင်၊ ရသေ့ရှင်ငဲ့
ထက်ခွင်အောက်ရပ်၊ လောကဓာတ်သည်
ခပ်မဆိတ်ဘိ၊ တိတ်ငြိမ်ရှိရှင့်
ဗိတာန်အသွင်၊ မိုးတစ်ပြင်ဝယ်
တိမ်ယာဉ်ဖြူဝင့်၊ သူ မလွင့်ပဲ
မြေပြင့်ကျယ်စွာ၊ ဤသည်နွားသည်
မ၀ါးပါးစပ်၊ မတ်ရပ်မျှော်ကာ
သင့်ဂီတာ၌၊ သာယာငြိမ်းအေး
ငေးမောနေစဉ်၊ ငါပင်လျှင်လည်း
မိုးပြင်မှာလော မြေမှာလော ။ ။
ဇော်ဂျီ ( ၁၉၃၂ )
No comments:
Post a Comment