2 3 4 5 6 7 8 9 10

Monday, March 18, 2013

ပရိတ်ရွတ်၍ ကျန်းမာခြင်း


မေး။    ။ အရှင်ဘုရား
       လူများသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ မညီမျှမှုကြောင့် ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော ဓာတ် များ ဖောက်ပြန်ကြပြီး ကျန်းမာရေးချို့တဲ့ကြပါသည်။ ပရိတ်ရွတ်ခြင်းဖြင့် ကျန်းမာလာနိုင်ပါသလားဘုရား။
မသင်းသင်းအေး၊ ဒဂုံမြို့သစ်မြောက်ပိုင်း။

ဖြေ။    ။ ပရိတ် မေတ္တာဘာဝနာတရားတို့သည် ကံ အလုပ်များ ဖြစ်ကြ၏။
     ကုသလကမ္မ၊ ကောင်းသော ကံ အလုပ်ကို လုပ်ကိုင်နေသူများအဖို့ စိတ်ကလည်း ကြည်လင်ရွှင်ပျလာသည်။ စိတ်၏ ကြည်လင်ရွှင်ပျမှုကြောင့် ပူမှု၊ အေးမှု၊ ဥတု ( အထူးသဖြင့် ခန္ဓာကိုယ်တွင်းရှိ ဥသ္မာ တေဇောဓာတ် ) ညီညွတ် မျှတမှုကြောင့် စားသောက်သော အာဟာရကိုလည်း ပါစက တေဇောက ကြေကျက်စေသည်။ ကျန်သော အာပေါ၊ ၀ါယော ဓာတ်တို့ကလည်း အညီအမျှ လှုပ်ရှားကောင်းမွန်စေ၍ စိတ်၏ ကျန်းမာခြင်း၊ ကိုယ်၏ ချမ်းသာ ခြင်း တို့လည်း ဖြစ်ပေါ်လာရပါသည်။ ဗောဇ္ဈင် ၇ ပါး တရားကြောင့် ကံ၊ စိတ်၊ ဥတု၊ အာဟာရနှင့် ဓာတ်ကြီးလေးပါး ညီမျှစေကြောင်း၊ ဣနြေ္ဒတို့ ကြည်လင်စေကြောင်း မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောထားချက် ရှိပါသည်။

ဆရာတော် ဦးတိလောကသာရ ( ရဝေထွန်း )                  မြတ်မင်္ဂလာ ဘာသာရေး အမေးအဖြေများ


ဗောဇ္ဈင်္ဂသုတ် ( မင်းကွန်း ဆရာတော်ဘုရားကြီး )


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>