မေး။ ။ အရှင်ဘုရား
ဗုဒ္ဓဘာသာတို့ ပြောဆိုသုံးစွဲနေကြသော “အရုဏ်” ဆိုသည်မှာ နောက်တစ်နေ့သို့ ကူးပြောင်းခြင်းဟု ဆိုလိုပါသလား ဘုရား။
မောင်မြင့်ကြည်၊ မိတ္ထီလာ။
ဖြေ။ ။ အရုဏ်ဟူသည်မှာ အရုဏ ဟူသော ပါဋ္ဌိမှ ဆင်းသက်သော မြန်မာဝေါဟာရဖြစ်၍ နီမြန်းသော (၀ါ) ရှေးဦးစွာ တက်လာသော နေ၏အရောင်ဟု ဆိုလိုပါသည်။ နေမထွက်မီ တစ်နာရီခန့်တွင် အရှေ့လောကဓာတ်၌ ငါးကြင်း၏ မျက်စိအရောင်ကဲ့သို့ နီမြန်းနေသော ရောင်ခြည်ဦးပင်ဖြစ်၍ သာသနာတော် အလိုအားဖြင့် နေ့သစ် တစ်နေ့ ဖြစ်ထွန်းလာခြင်းပင် ဖြစ်ပါသည်။
ဆရာတော် ဦးတိလောကသာရ ( ရဝေထွန်း )
No comments:
Post a Comment