2 3 4 5 6 7 8 9 10

Thursday, April 18, 2013

သစ်ပုပ်ပင်


အိုသစ်ပုပ်ပင် သစ္စာရှင်
သင်သိသမျှ ပြောပြလော့။
ချစ်သူတို့အကြောင်း ပြောလော့
သစ္စာရှိသူတို့အကြောင်း ပြောလော့
သစ္စာဖောက်တို့အကြောင်း ပြောလော့
သူရဲကောင်းတို့အကြောင်း ပြောလော့
သတ္တိနည်းသူတို့အကြောင်း ပြောလော့
ထက်မြက်သူတို့အကြောင်း ပြောလော့
ထူးချွန်သူတို့အကြောင်း ပြောလော့
အောင်လံလွှင့်သူတို့အကြောင်း ပြောလော့
အလံလှဲသူတို့အကြောင်း ပြောလော့။
ပြောလော့အသင့်
မထိမ်ချန်နှင့်
အမှန်ချည်းသာ ကြားလိုသည်။
သင်သည်သာ သမိုင်း၏ မှတ်တိုင်
သင်သည်သာ သမိုင်း၏ မျက်မြင်
သင်သည်သာ သမိုင်း၏ သက်သေ…။

အောင်ပြည့်
( ရန်ကုန်တက္ကသိုလ် နှစ် ၉၀ ပြည့်၊ နေရစ်တော့မြသီလာ ကဗျာများ..မှ )

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>