ကျွန်ုပ်သည်လျှင်၊ ရှေ့ဆီဖြောင့်တန်း မျက်စိလှမ်း၍
မိုးနန်းအထိ၊ ပင့်၍ကြည့်သော်
ကရိကထ၊ လူ့လောကသည်
ထသည့်လေတွင်၊ မီးခိုးစင်သို့
အံ့ချင်စဖွယ်၊ မည်သို့နှယ်တည့်
အသွယ်သွယ်၊ ဘယ်ဝယ်တောင်မြောက်
ရောက်ခဲ့သလို၊ ရွှင်သလိုနှင့်
ထိုဤထင်ရ၊ သည်သရလည်း
ထူးလှထွေထွေ၊ မည်သို့ပေတည့်..။
ကျွန်ုပ်အားလျှင်၊ စကားမဖွယ်
ပျက်ရယ်သမှု၊ ပြုချင်ပြုလော့
ဤလူ့ဘ၀၊ ဤလောကအား
ဒုက္ခ ဒုက္ခ၊ နှုတ်သံပြ၍
မဟချင်လို၊ မငြင်းလိုရှင့်
ဟိုမှာကောင်းကင်၊ နီလာပြင်ဝယ်
ငွေစင်တိမ်ရွ၊ လှသမျှ၊ ကာလပတ်လုံး
ပြုံးချင်သလို၊ ပျံချင်သလိုနှင့်
ဖိုသည် ရင်တွင်း၊ နှောင်ဖွဲ့ကင်းသည်
ငါ့မင်း ငါ့ချင်း ပေတကား...။
ဇော်ဂျီ
ဂန္တလောက၊ ၁၉၃၃
No comments:
Post a Comment