2 3 4 5 6 7 8 9 10

Sunday, April 5, 2015

စံပယ်ဖြူအိပ်မက် ( ထူးအိမ်သင် )








လှိုင်းခတ်သံဂီတ
ချိုမြမပီပြင်၊ သည်ရင်မှာ
ကြယ်ပြာလပြာ၊ ကောင်းကင်ပြာ
ရောင်လွှာမြူးပြက်၊ လျှပ်လက်သလို
အို..  လှလိုက်တာ..

သဲသောင်ခုံလား၊ ရေစွယ်လားလေ
ခြေသံဖွဖွ၊ ကြားနေရပေါ့
မွှေးမြသန့်စင်၊ အာရုံမြင်ရနံ့ 
သင်းပျံနေဆဲ ရင်ထဲမှာ..

စကားတိုးတိုး၊ မြူခိုးဝေဝေ
စံပယ်ရေ စံပယ်ဖြူ
ဘယ်သူများလဲ၊ မေးလိုက်ဆဲမှာ
သဲသဲလှုပ်လှုပ်၊ ငှက်တစ်အုပ်
ရုတ်ချည်းပျံပြေး၊ ဟိုအဝေးကို..။

သည်အိမ်မက်မှ၊ မောင်နိုးထလည်း
တမ်းတတပ်မက်၊ ရုန်းမထွက်ချင်
သက်ဦးမြတ်မွန်၊ ရွာလွန်ရွက်တိုက်
ပြုံးလိုက်ရှာဖွေ
စံပယ်ရေ စံပယ်ဖြူ
ဘယ်သူများလဲ၊ ဘယ်မှာလဲကွယ်
ရင်ထဲမေးမိဆဲပါမေ.. ။


ထူးအိမ်သင်

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>