2 3 4 5 6 7 8 9 10

Thursday, May 12, 2016

သဘာဝ ပတ်ဝန်းကျင် ကျေးဇူးရှင်

သဘာဝ ပတ်ဝန်းကျင် ကျေးဇူးရှင်မှန်း မသိသား ဆိုးဝါး အိုလူသားတို့ 
စာရေးသူနေထိုင်ရာ နေပြည်တော် ပျဉ်းမနားမြို့၊ ရွှေချီရပ် အရှေ့မစိုးရိမ် ဥုတံ္တတားလမ်းဘေး ဓမ္မာစရိယစာသင်တိုက် (ရှေး အခေါ် သစ်ကျိတ်ကျောင်း) ဘေးရှိ လမ်းပခုံးခေါ်ကတ္တရာလမ်းဘေးတွင် ပေါက်နေသော စိမ်းစိမ်းစိုစို မြေစာနှင့် မုံညင်းရော ရာ မြက်ခင်း ကလေးများကို မည်သည့် ပညာရှင်များက ပေါင်းသတ်ဆေးဖျန်းထားသည်မသိပါ၊ ညိုးနွမ်းနေသည်။ အချို့က မီးပင်ရှို့ ထားသေး သည်။
လမ်းပခုံး (Road Shoulder) ခေါ်သော ယာဉ်နှင့် လူသွား ကတ္တရာလမ်းဘေး (မာကျင်) မြေများပေါ်တွင် သင့်တင့် သလောက် ပေါက်နေသော မြက်ခင်းကလေး များသည် စိမ်းစိုရွှန်းမြ၍ ပူပြင်း သော ဝန်းကျင်တွင် အေးမြသော မြင်ကွင်းကို ရစေ သည်။ စိတ် ကြည်နူးမှုရသည်။ ထိုမြက်ခင်း ကလေးများရှိနေခြင်းဖြင့် မိုးပြင်း မိုးသည်းရွာ၍ လမ်းပေါ်မှ ရေများ လမ်းဘေးမြောင်း တွင်း စီးဆင်းရာတွင် လမ်းပေါ်ကပါလာသော ဖုန်၊ သဲ၊ ကျောက်စရစ်ခဲငယ်များကို ဖမ်းယူတားဆီးထားသဖြင့် လမ်း ဘေးရေနုတ်မြောင်း များ သဲနုန်းပို့ ပိတ်ဆို့ခြင်းလည်း မဖြစ်တော့ပေ။
ထိုထိုသော လမ်းဘေးလမ်း ပခုံး (Road Shoulder or Road Margin) ပေါ်ရှိ  မြက်များကို အ လုပ်မရှိ အလုပ်ရှာပြီး စည်ပင် ဝန်ထမ်းတို့က ပေါက်တူးဖြင့် ပေါက်ထုတ်ရှင်းလင်းပစ်နေသော ကြောင့် လမ်းပခုံးတွေမို့ ရေတိုက် စားပြီး ရေနုတ်မြောင်းတွေ သဲနုန်း ပို့ကာ ပိတ်ဆို့မှုဖြစ်ရပါသည်။ ဤ အခြေအနေကို အမှန်မသိ၍လော၊ အလုပ်သမားကို အလုပ်ချပေးရန် သာ အဓိက တာဝန်ဟု ယူဆ၍ လော။ ထိုထိုသော လမ်းဘေး လမ်း ပခုံး (Road Shoulder or Road Margin) များပေါ်ရှိ ပေါင်းမြက် များကို မြို့ပြတွင်သာမက မြို့ပြင်၊ ဌာနဆိုင်ရာ ရုံးများဘေးရှိ အဝေး ပြေးလမ်းဘေးများ၊ တပ်ရင်းတပ်ဖွဲ့၊ ရဲစခန်းများ၏ ဘေးနားတွေမှာ လည်း မြင်ခဲ့ရဖူးပါသည်။အမြင်မ ဆိုးလှပဲ အန္တရာယ်လည်း မဖြစ် လောက်သော လမ်းပခုံးမြက်ခင်း များကို မရှင်းသင့်ပါ။
သုတေသီတို့သည် နှစ်လကြာ မြင့်စွာမှသည် ယခုတိုင် သစ်ပင်၊ သီးနှံ၊ မြက်ခင်းစသော သစ်ပင်မျိုး စုံတို့၏ ပတ်ဝန်းကျင် (လူသားနှင့် သက်ရှိလောကဝန်းကျင်) အကျိုး ပြုနေပုံကို စနစ်တကျလေ့လာထား ခဲ့ကြပြီးဖြစ်သည်။
သစ်ပင် (ကြီးငယ် မရွေး) အ စိမ်းရောင်ရိုးတံနှင့် အရွက်ရှိ အ ပင်များသည် လေထုထဲမှ ကာဗွန် ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အ ပင်အာဟာရ (အစားအစာ)အဖြစ် ကစီကို ချက်လုပ်ကြရသည်။ ထိုသို့ချက်လုပ်ရာတွင် စိမ်းလန်းစိုပြေစွာ တက်ကြွ စွာ ပေါက်ရောက် ရှင်သန်နေသော မြက်အမျိုးအစား အ ပါအဝင် သီးနှံပင်စိုက်ခင်း ဧရိယာ တစ်ဟက်တာ (၂.၄၇ ဧက) ရှိ သောမြေကွက်မှ အပင်များသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် (Carbondioxide) ခုနစ် တန်မှ ရှစ်တန်ကို ဝန်းကျင်လေထုမှ စုပ် ယူ အသုံးပြုရသည်၊

သို့အားဖြင့် ပတ်ဝန်းကျင်တွင် လေထုညစ်ညမ်း စေသော ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်များကို လျော့နည်း သွားစေ သည်။ ထိုသို့ ကာဘွန်ဒိုင်အောက် ဆိုဒ်ကို စုပ်ယူအသုံးချနေစဉ်မှာပဲ ထို (၂.၄၇ ဧက) အရွယ်ရှိ သစ် ပင်များ၊ သီးနှံခင်းမှ Oxygen အောက် ဆီဂျင် ဓာတ် ငါးတန်မှ ခုနစ်တန်ကို ထုတ်ပေးလိုက်သည်။ ထိုမျှသော Oxygen ပမာဏသည် လူ ၁၂ ဦး တစ်နှစ်စာ အသက်ရှူ သုံးနိုင်သည်ဟု ဆိုပါသည်။ စိမ်း စိမ်းစိုစို ရိုးတံရွက်အုပ်ရှိသော အ ပင်များသည် အစာအာဟာရ အလို့ငှာ သွက်သွက်လက်လက် အလင်းဖြင့် အစာဖွဲ့နေစဉ် မြေ တွင်းမှ စုပ်ယူရရှိပြီး ကစီဖွဲ့၍ပို သောရေများကို ရေငွေ့အဖြစ် ထုတ်ပေးသော (Transpire) လုပ် ပေးရ သည်။ ထို Transpiration water vapour များသည် သီးနှံခင်း ၏ လေထုထဲသို့ ရေများအဖြစ် ရောက်သွားရာ၊ ထိုရေငွေ့တွေ ရေ ဖြစ်သွားသောအခါ စုစုပေါင်းရေ ပမာဏသည် စိုက်ခင်းတစ်ဟက် တာ (၂.၄၇ ဧက) ရှိ စိုက်ကွက်အ တွက် မိုးရေချိန် (Rainfall) နှင့် တွက်လျှင် ၂ဝ မှ ၄ဝ စင်တီမီတာ (၈ လက်မမှ ၁၆ လက်မ) နှင့် ညီ မျှသည်ဟု ဆိုပါသည်။
သို့ဖြစ်လျှင် လူသားတို့၏ နေထိုင်ရာ ရပ်ကွက်၊ လမ်းဘေး အိမ်ခြံမြေများရှိ မြက်ခင်း၊ သစ်ပင်၊ ခြုံနွယ် စိုစိုစိမ်းစိမ်းတို့သည် ကတ္တရာ ခင်း၊ ကွန်ကရစ်ခင်းထား ခြင်းထက် လူသားနှင့် သက်ရှိဝန်းကျင်အတွက် ကာဘွန်ဒိုင်အောက်ဆိုဒ်ဖယ် ရှားပေးခြင်း၊ အောက်ဆီ ဂျင် ဓာတ် (လေကောင်းလေသန့်) ပံ့ပိုးပေးခြင်း၊ လေထုနှင့် မြေသားအ တွက် စိုစွတ်မှု ရေငွေ့ရေ စက် ဖြည့် စွက်ပေးခြင်းဟူသော အကျိုးကျေး ဇူးများကို သဘောပေါက်လျှင် မသိသားဆိုးရွားသော အထင်အ မြင်များဖြင့် ပတ်ဝန်းကျင်ကို မပြု ပြင်ကြစေလိုပါ။
သက်ရှိ လူသားတို့နေထိုင်ရာ သြကာသလောကကြီး ထာဝစဉ် ရှင်သန်စေရေးအတွက် တင်ပြ အပ်ပါသည်။

သုတကျော်

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>