India နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဂန္ဓီ ရဲ့ အတုယူ စံပြထိုက်ဖွယ် ဖြစ်ရပ်လေးပါ
တစ်နေ့ မဟတ္တမ ဂန္ဓ္ဓီကြီး ခရီးသွားရန် ရထားပေါ်အတက်မှာ သူ၏ ဖိနပ်တစ်ဖက်
ကျွတ်ပြီးအောက်ဘက်သံလမ်းပေါ်ကျသည်။ရထားကထွက်စပြုနေပြီဖြစ်ရာသူ
ကောက်မယူနိုင်တော့။
ဘေးလူတွေ ငေးကြည့်နေကြဆဲ ဂန္ဓီကအေးအေးဆေးဆေးပင် သူ့မှာ ကျန်နေသေးသည့် ဖိနပ်တစ်ဖက် ကို ချွတ်ကာ စောစောက ကျွတ်ကျခဲ့သည့် နေရာဘက်ဆီသို့ လှမ်းပစ်လိုက်သည်။
“ဟာ…ဘာလုပ်တာလဲ” ခရီးသည်တစ်ယောက်က မေးသည့်အခါ ဂန္ဓီကြီးက ပြုံးပြီး “စောစောက တစ်ဖက်တည်းကောက်ရမယ့်လူ အခုတော့တစ်ရံ ရသွားမှာပေါ့ဗျာ ၊ အဲဒါဆို သူစီးလို့ ရသွားပြီ” ဟု ဖြေလေသည်။
http://newworldnanda.ning.com/
Ref ;The Little, Brown Book of Anecdotes
Posted by Nanda on August 3, 2009 at 8:30pm

No comments:
Post a Comment