2 3 4 5 6 7 8 9 10

Saturday, October 15, 2011

ချစ်စရာကောင်းတဲ့ ရွာပြန်ဓလေ့

ဆီဒင် ကားလေးကို တငြိမ့်ငြိမ့်မောင်းလာတယ်။ မိုးထိ မြင့်မားတဲ့ အဆောက်အအုံ တွေ ရှိတဲ့ မြို့ တော်ကြီးဟာ နောက်မှာ ကျန်ခဲ့တယ်။ ဖြောင့်ဖြူးပြေပြစ်တဲ့  အဝေးပြေး လမ်းမကြီးပေါ်မှာ ဆီဒင်ကားလေးဟာ တရိပ်ရိပ်ပြေးနေပါတယ်။ အဖော်မပါဘဲ ကားမောင်းနေသူကတော့ မိန်းမလတ်၊ မိန်းမချောလေး ပါ။ ကီလိုမီတာ ၁၀၀ ကျော်နှုန်း နဲ့  မောင်းလာတာကြောင့်ခရီးသွက်လှပါတယ်။ တဖြည်းဖြည်း အဝေးပြေးလမ်းမကြီးက ခွဲထွက်လာတော့ ဘယ်ညာမှာ လေပြည်နဲ့ အတူ ယိမ်းနွဲ့ နေတဲ့ စပါးခင်းတွေကြားက လမ်းပေါ်ကို ရောက်လာခဲ့ ပါတယ်။ ဒီလို စိမ်းလန်းထူထပ်နေတဲ့ စပါးခင်းတွေ မြင်ရတော့ မိန်းမလှလေးရဲ့ အတွေး တွေဟာ အတိတ်ကို ရောက်သွားပါတယ်။ငယ်ငယ်က သည်စပါးခင်းတွေ ကြားထဲမှာ ပြေးဆော့ခဲ့ တာ၊မီးဖိုချောင် မှာ ဆီပူလောင်တော့ ဆောက်တည်ရာမရ အောင် စိုးရိမ်ပူပန်လှတဲ့ အမေဟာ သူ့ ကို ကျောပိုး သည်လယ်ခင်းတွေ ကြားထဲက ဖြတ်ပြီး ကျေးရွာ ဆေးခန်း အပြေးသွားခဲ့ တာ..၊ အတိတ်က အရိပ်ကို ပြန်တွေးမိတော့ ကားမောင်းရင်း မျက်ရည်လည်ဝဲ ခံစားလိုက်ရပါတယ်။ သိပ်ချစ်တဲ့ အမေ၊ သိပ် တမ်းတရတဲ့ ရွာကို မကြာခင် ပြန်ရောက်တော့မှာပါလား၊ မြန်မြန်ရောက်ချင်ဇောနဲ့ ကားကိုအရှိန်မြင့်မောင်းလိုက်ပါတယ်။ အမေ့အိမ်..ဘယ်သား သမီး၊ ဘယ်မြို့ ကြီးပြကြီး မှ မလိုက်ဘဲ အမေတွယ်တာလွန်းတဲ့ အမေ့အိမ်ကို တစ်ခေါက်ပြန်ရောက်လာခဲ့ ပြန်ပြီ။
အို..အမေ့ ပျဉ်ထောင်အိမ်လေးအောက်မှာ လူတွေ ဟိုတစ်စု ဒီတစ်စုနဲ့ ပါလား..တချို့ လည်း အခုမှ ဝင်လာဆဲ..တချို့ လည်း ပြန်ထွက်သွားကြလို့ ..မျက်နှာတွေလည်းမကောင်းပါလား..အမေ..အမေများ ဘာဖြစ်ပါလိမ့်..ဘုရား ဘုရား..၊ မောင်းလာတဲ့ ကားကို အရှိန်သတ်၊ ကမန်းကတန်း ကားတံ ခါးဖွင့်..အမေ့အိမ် ဆီအပြေးသွားလို့  ကျွတ်တဲ့ ဖိနပ်တောင် ဂရုမစိုက်နိုင်၊ ခြေဗလာနဲ့  အမေ့အိမ်ထက် အပြေးအလွားတက်လိုက်တော့ ..အိမ်ပေါ်မှာလဲ ဟိုတစ်စု ဒီတစ်စု ..သူ့ ကို စူးစိုက်ကြည့်နေကြပါလား..အို အမေရယ်..ဘာများဖြစ်လို့ ပါလိမ့် ၊ နောက်ဖေး မီးဖိုချောင်ကနေ ထွက်လာတဲ့ အမေ့ ကိုမြင်လိုက်ရတော့မှ ဘယ်လိုမှ စိတ်မထိန်းနိုင်တော့ဘဲ အမေ့ ရင်ခွင်ထဲ အပြေးအလွားဝင်..အမေ့ကိုအားပါးတရဖက်၊ ထိန်းချုပ်ထားသမျှ ဖွင့်ငိုလိုက်မိတယ်။ အမေ့ မျက်နှာမှာတော့ အပျော်ပြုံးတွေ ဝေလို့ ………..။
သည်မြင်ကွင်းလေးက မလေးရှား ရုပ်မြင်သံကြားမှာ ကြည့်လိုက်ရတဲ့ ကြော်ငြာ တစ်ခုပါ။ မလေးရှားစကားနဲ့  ဘာလစ် ကမ်ပုန် (Balik Kampung) မြန်မာလို အဓိပ္ပာယ်က ‘ ရွာပြန်တယ်’ ပေါ့။ နိုင်ငံတော်တော်များများ မှာ မတွေ့ ဖူးတဲ့  မလေးရှားနိုင်ငံသားတွေ ရဲ့  ချစ်စရာကောင်းလှတဲ့  ယဉ်ကျေးမှု ဓလေ့တစ်ခုပါ။ မလေးရှား နိုင်ငံသားတွေက ရွာပြန်တဲ့ ဓလေ့ ကို မြတ်မြတ်နိုးနိုး ထိန်းသိမ်းထားကြပါတယ်။အနည်းဆုံး တစ်နှစ်တစ်ခေါက် တော့ မဖြစ်မနေ ရွာပြန်လေ့ ရှိကြပါတယ်။ရွာပြန်ဖို့ ပြင်ပြီဆိုရင် ကလေး လူကြီး..အားလုံး ပျော်တပြုံးပြုံး ခံစားကြတာ မြင်တွေ့ ရပါတယ်။............

မလေးရှားနိုင်ငံ ရဲ့ ရွာပြန်ဓလေ့ အကြောင်းဖတ်ရင်း... အဖွားအိမ် ကိုငယ်ငယ်က ပြန်ခဲ့ ကြတာ သတိရ မိတယ်။ အဘွား အိမ်ကို နွေရာသီ ကျောင်းပိတ်တိုင်း သွားလည်ရတယ်။ သားသမီးတွေ ..မြေးတွေ ကြားမှာ အဘွားကတော့ တပြုံးပြုံးပေါ့။ အိမ်နီးနားချင်းတွေကလဲ တစ်မြို့ တစ်ရွာကနေ ..လူစုံတက်စုံရောက်နေတဲ့  အဘွားအိမ်ကို လာလည်ကြ ..နှုတ်ဆက်ကြ..စကားပြောကြနှင့် ညံနေတာပဲပေါ့..အဘွားရဲ့  မန်ကျည်းပင်ကြီးတွေ အောက်က ကွပ်ပျစ်မှာ နေ့ ခင်းတစ်ရေးတစ်မော အိပ်ရတာ..လေတိုက်တိုင်း မန်ကျည်းသီးကြွေတွေ လိုက်ကောက်တာ..ညနေခင်းတွေမှာ စက်ဘီးလျှောက်စီးရတာပျော်စရာပေါ့..တစ်သိမ့်သိမ့် တွေးရင်း..အမြဲ ပြုံးမိတာ…ဆွေမျိုးတွေ စုစု စည်းစည်း နဲ့  အမြဲ ဆုံကြရတာ..

မိဘဆိုတာကတော့ သားသမီးပြန်လာမယ့် အချိန်ကို တွေးရင်း အမြဲ မျှော်နေမှာပါပဲ..သားသမီးတွေ အန္တရာယ်ကင်းကင်း နဲ့ အလုပ်အကိုင်အဆင်ပြေဖို့  ဆုတောင်းမေတ္တာပို့ နေမှာပါ..ငယ်ငယ်က မေမေ စိုး၇ိမ်တကြီးနဲ့  ကျွန်မ အတွက်နဲ့ မျက်ရည်ကျခဲ့ဖူးတယ်..ငယ်ငယ်က မနက်စောစော အမြဲ နိုးနေကျ..တောင်ပေါ်မြို့ လေးဆိုတော့ အ၇မ်းအေးတယ်…ခြေစွပ် အမြဲစွပ်ထားရင်း မီးလှုံ့ ရင်း..ရေနွေးတည်နေတဲ့ ဦးလေးကြီးနား သွားထိုင်..ပုံပြင်ပြောတာထိုင်နားထောင်နေတယ်။ ရေနွေးဆူလာတော့ ပုံပြင်ပြောရင်းနဲ့  လက်နှီးထယူလိုက်တာ..သူ့ အင်္ကျီ စနဲ့  ရေနွေးအိုး ငြိပြီး ကျွန်မ ခြေထောက်ပေါ် ရေနွေးပူတွေ လောင်းကျလာပါတယ်။ အာပြဲပြဲနဲ့ အော်ငိုတော့တာပေါ့..ဖေဖေနဲ့  မေမေ စိုး၇ိမ်တကြီး ထလာကြရင်း..မေမေ ငိုပါတော့တယ်..ဦးလေးကြီးခမျာ မျက်နှာက ဇီးရွက်လောက်ပဲ ကျန်တော့တာပေါ့..ဖေဖေက ကျွန်မကို ပွေ့ ပြီး ဆရာဝန်အိမ်ကို ပြေးတော့တယ်..မေမေ က ဘေးနားက နေ ငိုရင်း ပြေးလိုက်လာတာပေါ့…ကျွန်မ မူကြိုတက်နေတဲ့ အရွယ်ပဲ..ခုထိမှတ်မိနေသေးတယ်..မေမေ့ မျက်ရည်တွေ ..ခဏခဏ အဲဒီ မြင်ကွင်းကို မြင်ယောင်နေတယ်..ငယ်ငယ်က တအံ့တသြ စဉ်းစားခဲ့ ဖူးတယ်..မေမေက ဘာကြောင့်ငိုတာလဲပေါ့ ...အဝေ့းကိုရောက်နေတဲ့ အခါ မိခင်တစ်ယောက်ရဲ့  ရင်ထဲမှာ အဝေးရောက်သားသမီးတွေ အတွက် ဘယ်လောက်တောင် စိတ်ပူပန်ရင်း လွမ်းဆွတ်နေမလဲ.......


အိမ်ကို လွမ်းနေမယ့် သူငယ်ချင်းတွေလဲရှိမှာ အသေအချာပေါ့...စာရေးဆရာ ဦးသက်ဆွေ ရဲ့  မလေးရှားနိုင်ငံ (Balik Kampung) ပွဲတော် အကြောင်းဆောင်းပါးဖတ်ရင်း..တွေးမိနေတာလေးတွေ ……ဝေမျှလိုက်ပါတယ်.. 

* Posted by thet nwe on September 19, 2009 at 10:00pm 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>