2 3 4 5 6 7 8 9 10

Saturday, October 15, 2011

ပျားနှင့်ယင်


ပျားတစ်ကောင်မထိလေနဲ့ ၊
အားဆောင်သည့် သဏ္ဌာန်ပုံဖြင့် ၊
ရန်ကုန်အောင် မာန်ဟုန်လှစ်ကာ ၊ တိုက်စစ်ဆင်၏ ။
ယင်ကောင်တွေ သဘာဝ ၊နိမ့်ကျသည့် မြေပေါ်တွင် ၊
အပုပ်အစပ်တွေနဲ့ ၊ အဟုတ်မှတ်ကာ အညှီအဟောက်ကိုမှ ၊
စားသောက်ခုံမင် ။


တစ်ကောင်နှင့် တစ်ကောင်လျှင် ၊ချစ်ခင်တဲ့စိတ်မရှိ၊
သူ့ အစာကိုယ်ဝင်လု ၊ ကိုယ့်အစာသူဝင်လု ၊
လုယက်ကာ အစာမဲရင်း ၊သေပွဲဝင်၏ ။
ပျားဖြစ်ချင် ပျားလိုကျင့် ၊ယင်ဖြစ်ချင် ယင်လိုကျင့် ၊
မြင့်မြတ်တဲ့ နှလုံးသားအသွင်နဲ့  ၊ အရှုံးသမား မဖြစ်ရေးကိုဖြင့် ၊
မျိုးချစ်မာန် ဇာတိသွေးနှင့် ၊ ရွေးလိုက်ပါဘိ ..။

--------------------------------------------------------------------------------------

မြင်းမူမောင်နိုင်မိုး စာပေဟောပြောပွဲမှာ ရွတ်ဆိုပြခဲ့တဲ့ကဗျာလေးပါ ။



No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>