2 3 4 5 6 7 8 9 10

Wednesday, February 20, 2013

☀ လွန်ခဲ့သောနေ့ ☁ ( ခင်မောင်တိုး )

♬ ခင်မောင်တိုး ☀ လွန်ခဲ့သောနေ့ ☁
( တေးရေး - ကိုနေ၀င်း )

အေးအေးငြိမ့် စိမ့်ရေစီးတဲ့မြကန်..
တိုးတိုးလေး ဖွဲ့ ဆိုတေးချင်း တစ်ပုဒ်ကို..
မှေးစက်မယ့် ဆိတ်ငြိမ်ညတို့ ရှိစေ..
ကြင်နာခြင်း ကမ်းလင့်လို့  ကြိုနေမယ့်ရှေ့ကို အရောက်လှမ်းခဲ့ပြီ..။
 .. ♪ ♫
နွမ်းလင့်တဲ့နေ့တွေ အစားထိုးပေးလှူ..
ထွေးပွေ့မယ့်လက်ရယ် သဘောခြင်းမျှစေ..
စိုက်ခဲ့သမျှ တို့ရိတ်သိမ်းရတော့မယ်..
ချိန်တန်ပြီ မှန်းဆလို့ အိမ်ပြန်လမ်း ရှေ့ကို မျှော်ထွက်ခဲ့ပြီ..။
မိုးမခပင်တွေ.. တို့ သက်သေတည်..
စိမ်းရင့်သော အေးမြကန်သာမြေ..
ရိုးမတောင်ခြေ..
ရင်ဝယ်အလှသစ္စာတည်..
ငြိမ်းအေးစေ....။
တရွေ့ရွေ့နဲ့တို့ခြေလှမ်းများ ရွေ့နေ..
တနေ့နေ့တော့ ရောက်မယ် လှမ်းတဲ့လမ်းရေ..
ရှိရှိသမျှ တို့ခွန်အားနဲ့ရှေ့ကို
ချီတက်ရင်း ဘ၀ရဲ့အစ လွန်ခဲ့သောနေ့ကို ကျော်ဖြတ်ခဲ့ပြီ....။
မိုးမခပင်တွေ..
တို့ သက်သေတည်..
စိမ်းရင့်သော အေးမြကန်သာမြေ..
ရိုးမတောင်ခြေ..
ရင်ဝယ်အလှသစ္စာတည်..
ငြိမ်းအေးစေ....။ .. ♪ ♫

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>