2 3 4 5 6 7 8 9 10

Friday, February 15, 2013

ဘာသာခြားမယူရ (သို့) လူမျိုးရေး ဘာသာရေးမှတ်စု


“ဖေဖေ သမီး အင်္ဂလန်မှာ စာသွားသင်ချင်တယ်။” “သမီးနဲ့ ဖေဖေ အပေးအယူ တစ်ခုတော့ လုပ်ရလိမ့် မယ်”။ “ဘာအပေးအယူလဲ….ဖေဖေ”
“သမီးက ဖေဖေ့ကို ကတိနှစ်ခုပေးရမယ်။”
“ဘာကတိများလည်း ဖေဖေ”
“တစ်…ဘယ်လိုအကြောင်းပြချက်နဲ့မှ နိုင်ငံခြားသားကို မယူရ။ နှစ်… အချိန်တန်ရင် ကိုယ့်နိုင်ငံကိုပဲ ပြန်လာ အလုပ်လုပ်ရမယ်” ဘယ်လိုလဲ သမီး၊အဲဒီ ကတိနှစ်ခုကို ပေးနိုင်သလား။ “ပေးနိုင်ပါတယ်ဖေဖေ” ဘာခက်တာမှတ်လို့။ သမီး ကတိပေးပါတယ်။”ဒါဆို ဖေဖေကလည်း သမီးဖြစ်ချင်တာကို ဖြစ်အောင် ကြိုးစားပေးရမှာပေါ့”။ ဒီဆုံးမလေးအတိုင်း ဘယ်နိုင်ငံကိုပဲရောက်ရောက် ဘယ်လိုအကြောင်းပြချက်နဲ့မှ နိုင်ငံခြားသား ဘာသာခြားကို မယူဘဲ မိမိလူမျိုး မိမိဘာသာနှင့်သာ ထိမ်းမြားလက်ထပ်သင့်ပါသည်။ ပြီးတော့ အချိန်တန်ရင် မိမိတိုင်းပြည်ကို ပြန်လာရမယ်။ (ကောင်းသန့် သမီးလေးဖတ်ဖို့)


ဘာသာမတူ လက်ထပ်မယူ
ဗုဒ္ဓဘာသာစစ်စစ် ဖြစ်သွားပြီဆိုရင် ဘယ်တော့မှ သူများဘာသာကို ဘယ်လိုအခြေအနေမျိုးပဲ ရောက်ရောက် ကိုယ့်ဘာသာကနေသူများဘာသာ ကူးပြောင်းသွားတာမျိုး မလုပ်တော့ဘူး။ကိုယ်နဲ့ ဘာသာမတူတဲ့ လူကိုလည်း ဘယ်လောက်ပဲချစ်ချစ် လက်ထပ်မယူတော့ဘူး။လက်ထပ်တယ်ဆိုတာ ချစ်တာနဲ့ မတူဘူး။ ချစ်တာက ပုဂ္ဂလိက ခံစားချက်။ တစ်ယောက်တည်းနဲ့ပဲ ဆိုင်တယ်။ လက်ထပ်တယ် ဆိုတာက မိဘဆွေမျိုး အသိုင်းအဝိုင်းချင်း ပေါင်းစပ်တာ။ကိုယ်တစ်ယောက်တည်းအတွက် စဉ်းစားလို့မရ ဘူး။မိဘသဘောတူ ကြည်ဖြူသူ ဘာသာတူ လူမျိုးတူသူကို ရွေးချယ်သင့်တယ်။ မိမိပတ်ဝန်းကျင် အသိုင်း အဝိုင်းနဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ဘာသာတူ လူမျိုးတူ သူမျိုးကိုသာ ဘဝအဖော်အဖြစ် သတ်မှတ်သင့်တယ်။
ဘာလို့ ဒီလိုပြော ရသလဲလို့ဆိုတော့ အဲဒီလို မစဉ်းစားဘဲ အချစ်တစ်ခုတည်း ယုံစားပြီး လက်ထပ်ခဲ့ကြတဲ့ သူတွေဟာ အသိုင်းအဝိုင်း နှစ်ခုပေါင်းစပ်တဲ့အခါ အချိုးမပြေဘဲ စိတ်ညစ်စရာတွေ တစ်ပုံ တစ်ပင်တွေ့မြင် ကြရတယ်။နောက်ဆုံး တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးစိတ်နာ အပြစ်တင် အပြစ်မြင်ပြီး ရင်နာစွာ လမ်းခွဲကြရတော့တယ်။ ဒီလိုဖြစ်မှာဆိုးလို့ ကြိုသတိပေးတာပါ။(ကောင်းသန့် မြန်မာပုံဂံ-၁၂)။
လူမျိုးလိုက် ဝါးမျို
လွန်လေခဲ့ပြီးသော တစ်ချိန်တုန်းက (၁၉၃၆-၁၉၃၈) ဂျာမနီမှ ဟစ်တလာက ဆူဒီတန်နယ်ထဲသို့ ဂျာမန် လူမျိုး ကျား--မ နှစ်သန်း ခန့် မောင်နှင်သွင်းထားလိုက်ပြီး လူမျိုးအလိုက် ဝါးမျိုးပစ်သော နည်းတစ်ခုလည်း ရှိခဲ့ဖူးပါသည်။မြန်မာတွေ သတိထားသင့်ပြီ။(ချစ်နိုင်)
လူမျိုးပျောက်မည့် အန္တရာယ်ကို အသိဖြင့်ထိန်းသိမ်း
မျက်နှာဖြူပဲဖြစ်ဖြစ် ကုလားပဲဖြစ်ဖြစ် တရုတ်ဖြစ်ဖြစ် လူချင်းတော့ အတူတူပဲဖြစ်၏။ ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) ဖြစ်ရမည် ဆိုပြီး မြန်မာတိုင်းရင်းသားများ နိုင်ငံခြားသားတွေနှင့် ညား၍တော့မဖြစ်။
စည်းကမ်းရှိရမည်။
ကမ်းကလနားခွဲခြားရမည်။
မြန်မာလူဦးရေ သန်း ၅၀ လောက်သည် သန်းပေါင်းများစွာရှိသော အခြားလူမျိုးကွဲနှင့် ဖောဖော သီသီ ရောနှော လိုက်ပါက ကရင် ကယား ကချင် ချင်း စသည့် တိုင်းရင်းသားတို့သည် အနှစ် (၁၀၀) အတွင်းမှာ သွေးနှော .. ပျောက်ကွယ် သွားနိုင်သည်။ လူမျိုးပျောက်မည့် အန္တရာယ်ကို တစ်ဦးချင်း၏ အသိဖြင့် သတိဖြင့် ထိန်းသိမ်းကြရ မည်ဖြစ်သည်။နမူနာ ရခိုင်လူမျိုးကိုကြည့်။(ချစ်နိုင် သန့်ရှင်းသောစိတ်)
သွေးညစ်မခံစေချင်
လူမှန်ရင် မျိုးရိုးဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ ကိုယ့်ကို မွေးဖွားပြုစု ပျိုးထောင် ပေးခဲ့တဲ့ မိဘ ဘိုးဘွားတွေရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထား လေးစားစောင့်ရှောက်ရမယ်။ အဲဒီ မိဘ ဘိုးဘွား တွေနဲ့ ပတ်သတ်ဆက်နွယ်နေတဲ့ ဆွေမျိုးစုတွေကိုလည်း ဂရုပြုရမယ်။ မိမိရဲ့ မျိုးရိုးဟာ မြန်မာဗုဒ္ဓဘာသာဆို ရင် ကိုယ့်ကျမှ သွေးနှော တိမ်ကောသွားတာမျိုး ဘယ်နည်းနဲ့မှ အဖြစ်မခံသင့်ဘူး။ အမျိုးဂုဏ်ကို ထိန်းသိမ်း ရမယ်။
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ လွန်ဆွဲလာရင် ဖြစ်သင့်တာကိုပဲ ဦးစားပေး ရွေးချယ်ပါ။ ကိုယ့်ကြောင့်တော့ မိမစစ် ဖမစစ် သွေးညစ်မခံစေချင်ဘူး။ ချမ်းသာရင် ပြီးရောဆိုတဲ့ သဘောနဲ့ နိုင်ငံရပ်ခြား တိုင်းတပါးသား တွေ ထွေးရောယှက်တင် သွေးနှောဖို့ ကြံစည်ရင် အလိုဆန္ဒတွေကို ဦးစားမပေးပါနဲ့။
(ကောင်းသန့်- သမီးလေး ဖတ်ဖို့)

ဘာသာမတူ လက်ထပ်လျှင် စိတ်ဒုက္ခရောက်တယ် အိမ်ထောင်ပြုမယ့် အချိန်ရောက်ရင်တော့ ဗုဒ္ဓဘာသာဝင် အချင်းချင်း အကောင်းဆုံးပဲ။ ဘယ်ဘာသာမဆို သာသနာနှစ်ခု မတူဘဲ ပေါင်းစပ်လိုက်လို့ရှိရင် စိတ်ဒုက္ခရောက်တယ်။ မွေးလာတဲ့ သား သမီးများမှာလည်း ဒုက္ခရောက်တယ်။(သရဖူ-- ခင်ချိုချိုဦး)
မေတ္တာရှိသည် မှန်သော်လည်းမေတ္တာရှိသည် မှန်သော်လည်း အယူဝါဒ မှားယွင်း ကိုးကွယ်မှု မှားယွင်း ကိုးကွယ်မှု မှားယွင်းနေသူကို ချစ်တာတစ်ခုတည်းဖြင့် လက်မခံသင့်။ တစ်ဘဝ တစ်နပ်စာ စားဝတ်နေရေး ပြေလည်ရုံ သက်သက်ဖြင့် မိစ္ဆာ အယူကြောင့် သံသရာ နစ်မွန်းရမည့် အရေးကို လက်မခံသင့်။(ဓမ္မမာမက- အရှင်စက္ကိန္ဒ)
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>