2 3 4 5 6 7 8 9 10

Monday, June 1, 2015

တစ်ခါကလမ်းကလေး



စနစ်တွေပြောင်း နှစ်တွေဟောင်းလည်း
ခေါင်းလောင်းတေးစ ချိုမြမြကို
နားရည်ဝဆဲ.....လွမ်းနေမြဲလေ...။

စိမ်းမြမြက်များ မိုးဖွဲဖွဲအောက်
ကျောင်းတော်လျောက်လမ်း
မိုးပက်ဖျန်းရာ ပွင့်လန်းရာချီ
လှမ်းခဲ့ကြသည်။

ရင်ငွေ့နွေးနွေး နို့ချိုအေးနှင့်
ပိုက်ထွေးယုယ မိခင်ပမာ
တစ်သွယ်မခြား ဆရာများစွာ
အငြိမ်းစားယူ တစ်ချို့မှာမူ
နာသူ နာကြ ဆုံးပါးကြနှင့်။

တစစီကြဲ ဘ၀ထဲမှာ
ရှောင်လွှဲမရ အနိစ္စလမ်း
ချခြေလှမ်းစုံ လမ်းတို့ဖုံခဲ့......။

လက်ဆင့်ကမ်းဝေ မျှဝေလင်းလက်
ပန်းပျိုးလက်များ အကြင်နာလွှမ်း
စိမ့်ရေချမ်းမြ သွန်းလောင်းချစေ။

ပန်းမျိုးတစ်ရာ သီးတစ်ရာနှင့်
အညှာတစ်ခု ကမ္ပည်းထိုးရစ်
သွန်ုးလောင်းထုဆစ် မမေ့ဖွယ်ရာ
တို့...ကျောင်းတော်သာ....။



Posted by khin soe htut 


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>