2 3 4 5 6 7 8 9 10

Sunday, May 31, 2015

ဘ၀ရေအလျင်




ဘ၀ဟူသည် တိမ်လှိုင်းပမာ
မရေရာတည်း..
သိမြင်တွေ့ထိ ခံစားသိမှု
ပြုမိသမျှ အရာရာတွင်
မော့လျော့ပေါ့ပါး မော်မကြွားနှင့်
ကောင်းရာကောင်းတု ကောင်းမှုပြု၍
ကောင်းကျိုးမြင့်မိုရ် စွဲတည်လိုသား..
နိုးကြားသတိ အစဉ်ရှိ၍
ဓမ္မအသိ ဥာဏ်နှင့်ညှိပါ
မခန်းမခြောက် စမ်းပေါက်ပမာ
လွှမ်းခြုံစီးဆင်း မြစ်မင်းပမာ
မေတ္တာရေစု သီလာထုသို့
မချွတ်မယွင်း မြဲစေမင်း..။
~
✍ နန္ဒ

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>