2 3 4 5 6 7 8 9 10

Sunday, May 31, 2015

သွေးတိုးရောဂါနှင့် နေထိုင်စားသောက်မှုပုံစံ



     
 သွေးတိုးရောဂါ ရှိနေသူတွေအနေနဲ့ သွေးတိုးရှိနေသူ
တစ်ယောက်က အငန်လျှော့စားရပါမယ်။
အဆီအဆိမ့်ကို လျှော့စားရပါမယ်။ အုန်းနို့ကို လျှော့စားရပါမယ်။
 ဟင်းသီးဟင်းရွက်တွေကို များများစားပေးရပါမယ်။
 လေ့ကျင့်ခန်းကို မှန်မှန် လုပ်ပေးသင့်ပါတယ် ။
 သွေးပေါင် မှန်မှန် ချိန်ပေးရပါမယ်။
            သွေးတိုးရှိသူတွေက စိတ်လှုပ်ရှားနေတဲ့အခါ၊
 နေအရမ်းပူတဲ့အခါ သွေးတိုးပြီး မူးမေ့တာတွေ ဖြစ်တတ်တယ်။ ဒါက စိတ်ဖိစီးမှု ( Stress ) ကြောင့် ဖြစ်ရတာပါ။ 
ဒီလိုမဖြစ်စေဖို့အတွက် စိတ်မလှုပ်ရှားအောင်
 နေရပါမယ်။ စိတ်ဖိစီးမှု ထိန်းချုပ် နည်းတွေကို လိုက်နာရပါမယ်။ အခုခေတ်မှာ တရားထိုင်တာ၊
တရားမှတ်တာ စတဲ့နည်းတွေနဲ့ စိတ်ကို တည်ငြိမ်အောင် လုပ်လို့ ရနေပါပြီ။ ဘာကြောင့် စိတ်ဖိစီးမှု
များရသလဲဆိုတဲ့ အကြောင်းရင်းကို ရှာပြီး ရှောင်လွှဲနိုင်ဖို့ ကိုလည်း ကြိုးစားရပါမယ်။
ဥပမာ - အလုပ်တွေ မပြီးလို့၊ မနိုင်လို့ စိတ်ဖိစီးမှုများရတယ်ဆိုရင် အချိန်ကိုက် ကြိုတင်စီမံတဲ့
Time  Management ကို လုပ်ဆောင်ရပါမယ်။



            သွေးတိုးရှိတဲ့သူတွေ အနေနဲ့ သွေးအားတိုးဆေးတွေ သောက်လို့ရလားဆိုပြီး
လူနာအများစုက မေးကြပါတယ်။ ဒီနေရာမှာ အထူးသိစေချင်တာက သွေးပေါင်ကျတာနဲ့ သွေးအား
နည်းတာက လုံးဝမတူပါဘူး။ သွေးအားနည်းတယ်ဆိုတာ ဟေမိုဂလိုဘင် ၁၀ အောက်
 လျော့နည်းသွားတဲ့ အခြေအနေပါ။ ကျောက်ကပ်ရောဂါရှိသူတွေမှာ ဆိုရင် သွေးပေါင်က တက်နေပြီး
 ဟေမိုဂလိုဘင်က ၁၀ အောက် လျော့နေတတ်ပါတယ်။ ဟေမိုဂလိုဘင် ပြန်တက်လာဖို့
Ferrous Fumarate ဆိုတဲ့ ဆေးတွေ ပေးရပါတယ်။
 သွေးပေါင်ကျရင်တော့ ဓာတ်ဆားရည်များများတိုက်တာနဲ့ Drip သွင်းတာ စတဲ့ နည်းနှစ်နည်းနဲ့
ကုသမှုပေးရပါတယ်။ သွေးပေါင်တက်စေတဲ့ အားဆေးဆိုတာ တခြားမရှိပါဘူး။


            သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတွင်းအဆီများတာ၊
 လေဖြတ်တာ၊ ကင်ဆာဖြစ်တာ၊ အ၀လွန်တာတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်မှုရှိပြီး ဒီရောဂါတွေ
 ကူးစက်ခြင်းကြောင့် မဟုတ်သော ရောဂါများ ( NCD ) လို့ ခေါ်ပါတယ်။ ဒါတွေက ၂၁ ရာစုမှာ
အဖြစ်များနေပါတယ်။ ဒီရောဂါတွေ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းက ကျန်းမာရေးနဲ့မညီညွတ်တဲ့
ဘ၀နေထိုင်မှုပုံစံကြောင့်ပါ။ အဆီအအိမ့်၊ အချို၊ အငန်ပါတဲ့ အစားအသောက် စားသောက်မှုများတာ၊ 
ကိုယ်လက်လှုပ်ရှားမှု မရှိတာ၊ ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီးငုံတာ၊ အရက်ကို အန္တရာယ်
ရှိလောက်တဲ့ ပမာဏအထိသောက်တာ၊ စိတ်ဖိစီးမှုများတာ စတဲ့အချက်တွေကြောင့် ဒီရောဂါတွေ
 ဖြစ်တတ်ပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ၊ ဆီးချို သွေးချိုရောဂါ နှလုံးသွေးကြောကျဉ်းတာ၊
 သွေးတွင်းအဆီများတာ၊ လေဖြတ်တာ၊ ကင်ဆာ၊ အ၀လွန်တာစတဲ့ ရောဂါတွေ မဖြစ်အောင်
ဒီအချက်တွေကို ရှောင်ဖို့လိုအပ်တဲ့အပြင် တစ်နေ့ နာရီဝက်နဲ့ တစ်ပတ်မှာ ငါးရက် လေ့ကျင့်ခန်း
လုပ်ဖို့ ဟင်းသီးဟင်းရွက် များများစားပေးဖို့ လိုအပ်ပါတယ်။

တွဲဖက်ပါမောက္ခဒေါက်တာဦးကိုကို ( အထွေထွေရောဂါကု ဆရာဝန်ကြီး )

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>