အလွမ်းရင့်ရောင် ဒဏ်ရာ
ဟိုးအမြင့်က တိမ်တွေကို
ရင်ဘတ်ထဲဆွဲယူထည့်သိမ်းထားဖို့
မိုးရာသီကို အခါခါဖြတ်သန်းရတယ် .. ။
မွန်းကြပ်ပါတယ်လို့ ညည်းညူရင်း
ဖယောင်းတိုင်ငယ်လေးလို တစ်စစ လောင်ကျွမ်း ...
 ဒီမှာ 
အဆုံးမရှိတဲ့ အလွမ်းတွေ ... ။
ကြာခဲ့ပါပြီ ...
မှန်ကင်းတစ်လှည့်၊ ထင်းတစ်လှည့်နဲ့
အမှုမဲ့အမှတ်မဲ့ ကြွေသွားတဲ့သက္ကရာဇ်တွေရယ် 
လက်ချိုးရေနေရင်းက
ဝေးသထက်ဝေးသွားတဲ့ နေ့လေးတစ်နေ့ရယ် 
အသံမကြားရဘဲ
ပုပ်သိုးသွားတဲ့ ရင်ဘတ်တစ်ခြမ်းရယ် 
အတည်တကျဖြစ်လာတဲ့
ခပ်လျော့လျော့ အထီးကျန်ညတွေရယ် 
ဒီလိုပါပဲ ..
ကောင်းကင်ပြာပြာရဲ့ ရာဇဝင်မှာလဲ
မိုးစက်တွေတော့ အကြိမ်ကြိမ်ကြွေခဲ့ဖူးတယ် ...
 ။
                                                   
 ကောင်မလေး 13
 Posted by kaungmalay13 

 
 
 
 
 
 
 
 
No comments:
Post a Comment