2 3 4 5 6 7 8 9 10

Friday, June 5, 2015

မိုးရွာသော နေ့ရက်များတွင် သတိပြုသင့်သော အရာများ



 မိုးလဖြစ်သည်မို့ မိုးစက်မိုးပေါက်များ တဖွဲဖွဲရွာသွန်း နေသည်နှင့်အမျှ လှုပ်ရှားသွားလာသမျှ နေရာတိုင်းမှာ စိုစိုစွတ်စွတ်… ထိတွေ့ကိုင်တွယ်မိသမျှ အရာရာတိုင်းက စိုစိုထိုင်းထိုင်း… လမ်းဘေးဝဲယာ ကြည့်မိသမျှ နေရာတိုင်းမှာ ဟိုမှသည်သို့ တ၀ီဝီ၀ဲပျံနေကြသည်က များပြားလှစွာသော ယင်ကောင်များ…
သည်တော့ ယခုကဲ့သို့ မိုးရာသီရက်များ 
အတွင်းတွင် အစာအဆိပ် သင့်ခြင်း၊
အစာအိမ်ရောင်ခြင်းနှင့် ၀မ်းပျက် ၀မ်းလျောရောဂါများ ဖြစ်နှုန်းက မြင့်တက်သွားလေ့ရှိပါသည်။
…လေထုထဲတွင် စိုထိုင်းဆ မြင့်မားနေခြင်းက ရောဂါများကို ဖြစ်စေသော ဘက်တီးရီးယားပိုးများ၏
ကြီးထွား ပွားများမှုကို တွန်းအားပေးနေသည်။ စိုစွတ်ထိုင်းမှိုင်းသောရာသီတွင် အလွန်ပေါက်ဖွားကြ
ကုန်သော ယင်ကောင်များကလည်း     ရောဂါပိုးများစွာကို တစ်နေရာမှတစ်နေရာသို့ အကြီးအကျယ်
သယ်ဆောင်ဖြန့်ဖြူး ပေး လျက်ရှိနေပေသည်။ ဤသို့သော အန္တရာယ်များရှိနေသည့် မိုးရွာသောနေ့ရက်များတွင် အန္တရာယ် ကင်းစေရန် သတိပြုဆောင်ရွက်သင့်သောအရာများကို အကြံပြုဖော်ပြလိုပါသည်။


အပြင်စာစားသောအခါ
 …မိမိအိမ်တွင်ချက်ပြုတ်စားသောက်သော အစာများကို သန့်သန့်ရှင်းရှင်းဖြစ်စေရန် ကိုယ့်စိတ်တိုင်းကျ
 ပြင်ဆင်စီမံနိုင်သည်။ သို့သော် အပြင်စာစားမည်ဆိုသောအခါ၌မူ အစားအသောက် ရောင်းချသော
သူများ က မည်မျှအထိ သန့်ရှင်းအောင် ဆောင်ရွက်ထားမည်ဆိုသည်ကို သေသေချာချာ မသိနိုင်။
ထို့ကြောင့် အပြင်စာစားမည်ဆိုလျှင် အောက်ပါ အချက်များကို ဂရုပြုသင့်သည်။
…ဖြစ်နိုင်လျှင် ပူပူနွေးနွေးစားသောက်ရသော အစာများကို ရွေးချယ်စားပါ။ ယင်းအစာများကို စားရာတွင်
 လည်း အငွေ့တထောင်းထောင်းနှင့် ပူပူလောင်လောင်ဖြစ်ရန်လိုသည်။ ခပ်နွေးနွေးပူသည် ဆိုရုံလေး
ဆိုလျှင် တော့ ဘက်တီးရီးယားပိုးများ ကြီးထွားပွားများရန်အတွက် အကောင်းဆုံးအနေအထားသာ
 ဖြစ်နေပေလိမ့် မည်။ ထို့ကြောင့် အစားအသောက်ကို မှာစဉ်ကတည်းက အလွန်ပူအောင် လုပ်ပေးပါဟု
 သေချာ ဂရုစိုက် မှာပါ။
…ရောဂါပိုးကင်းရှင်းစေရန် ပူပူနွေးနွေးစားရသော အစားအသောက်များသည် အလွန်ပူသင့်သကဲ့သို့
 ရေခဲမုန့်ကဲ့သို့ အေးခဲအောင်လုပ်ထားသည့်အစားအစာ များသည်လည်း လုံးဝအေးခဲနေရန်လိုအပ်သည်။
 ရေခဲမုန့်ကို အရည်ပျော်သွားပြီးမှ အိမ်ရှိရေခဲသေတ္တာတွင် ပြန်ခဲစေရန် ထည့်ပြီးစားခြင်းမျိုးကို
 ရှောင်ကြဉ်ရ မည်။ ဘက်တီးရီးယားများ ပေါက်ဖွားပြီး အစာအဆိပ်သင့်စေနိုင်၍ ဖြစ်သည်။


…အသုပ်ကဲ့သို့သော အစားအစာများကို ယခုကဲ့သို့ ယင်ကောင်ပေါများလှသည့်ရာသီတွင် ရှောင်ကြဥ်
သင့်သည်။ အသုပ်သုပ်ရာတွင်ပါဝင်မည့်အရာများကို ဆေးကြောထားသည် ဆိုလျှင်ပင် ယင်းပစ္စည်းများကို အသုပ်မသုပ်မီ သိမ်းဆည်းထားစဉ်တွင် ယင်ကောင်အများအပြား နားထားနိုင်သည်။
 ယင်တလောင်းလောင်း အုံထားသော အစားအစာများကို လုံးဝမစားသင့်ပါ။
…အသုပ်များနည်းတူ ၀ယ်ပြီး ဒီအတိုင်းစားရသော ပေါက်ပေါက်ဆုပ်၊ ကြံသကာ၊ ပါကင်မပါသော
 ပေါင်မုန့် စသည့်မုန့်များနှင့် အခွံခွာကာ စိတ်ပြီးရောင်းသော သစ်သီးများကိုလည်း ရှောင်ကြဉ်သင့်သည်။
…အပြင်စာများတွင် အချဉ်ရည်(ဆော့စ်)နှင့် တို့ကာစားရသော အစားအစာများက များပြားလှသည်။
ဆိုင်များတွင် ယင်းဆော့စ်ဘူး (သို့မဟုတ်) ပုလင်းကို စားပွဲပေါ်တွင် နာရီပေါင်းများစွာ (သို့မဟုတ်)
ရက်ပေါင်း များစွာ အမြဲတင်ထား တတ်ကြသည်။ အန္တရာယ်ရှိသော ရောဂါပိုးမွှားများ အများအပြား
ပါဝင်နေသည့်အတွက် ဖြစ်နိုင်လျှင် ယင်းကဲ့သို့ ဆော့စ်ဘူးများကို ရှောင်ပါ။
…အအေးခန်းနှင့်မထားဘဲ ရောင်းသော နို့ထွက်ပစ္စည်းများကို မ၀ယ်ပါနှင့်။ နို့နှင့် နို့တွင်ပါဝင်သော
သကြား ပမာဏ မြင့်မားမှုကဘက်တီးရီးယားများ ကြီးထွားပေါက်ဖွားကြရန် သင့်လျော်သော
အနေအထား တစ်ခု ဖြစ်နေ သောကြောင့်ပါ။

 သတိပြုရမည့် အခြားအရာများ…


…မိုးရေထဲတွင်သွားပြီးနောက် အိမ် သို့မဟုတ် အလုပ်/ကျောင်းသို့ ရောက်သောအခါ အရေပြား
ယားယံမှု၊ နီရဲမှုနှင့် ရောဂါပိုးကူးစက်ခံ ရခြင်းများကို ကာကွယ်နိုင်ရန်အတွက် လက်ကိုလည်း 
သေချာဆေးပါ။ ခြေထောက်ကိုလည်း သေချာဆေးကြောပါ။
…မိုးရာသီတွင် ချော်မလဲစေရန် ခြေကုန်မြဲစေသော ဖိနပ်ကိုသာ စီးပါ။ အလွယ်တကူ ချော်လဲနိုင်သော
 ဖိနပ်ကို မစီးပါနှင့်။   လှုပ်ရှားသွားလာ ရာတွင်လည်း ချော်မလဲစေရန် အမြဲသတိရှိပါ။
…ရေစိုခံပြီး မြန်မြန်ခြောက်လွယ်သော မိုးတွင်းစီးဖိနပ်ကိုသာစီးပါ။ မခြောက်လွယ်သောဖိနပ်များကို
စီးပါက စိုထိုင်းမှုကြောင့် ရောဂါပိုးများ အလွယ်တကူ ပေါက်ဖွားနိုင်သည်။

 .ဆွေဆွေမျိုးနိုင်(ဆေးဝါးတက္ကသိုလ်) 




No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>