2 3 4 5 6 7 8 9 10

Saturday, June 6, 2015

လမ်းသွယ်လေးများ




မွေးကတည်းက လူတိုင်း လူတိုင်း ဘဝဆိုသည့်
မြို.ကြီးတွင် ဝင်ရောက်နေထိုင်ကြရသည်။ 
ထိုဘဝမြို.ကြီးတွင် လမ်းမြောက်များစွာ ပါရှိသည်။ တချို.က ကိုယ့်လမ်း ကိုယ် ဖေါက်ကြသည်။ 
တချို.က အခြားသူဖေါက်ပေးသောလမ်းတွင် ပူပင်ကင်းစွာသွားလာကြသည်။ 
တချို.ကတော့ သူတပါးလမ်းတွင် ပိုင်စိုးပိုင်နင်း ဝင်ရောက်သွားလာကြသည်။
ကျွန်တော်၏ ဘဝလမ်းသွယ်လေးတွေကတော့ အများသား။
ပထမ...မေ့မေ့ရင်ခွင်ဆိုသည့် နွေးထွေးချိုမြနေသော လမ်းကလေးထဲတွင် ပျော်ပျော်ပါးပါး
 ဆော့ကစားရင်း ကြီးပြင်းခဲ့သည်။
ထို.နောက် ဆယ်ကျော်သက်ဆိုသည့် လမ်းသွယ်လေးထဲ ဝင်ရောက်ကာ မေ့မေ့ရင်ခွင်ကို
မေ့လျော.သွားသည်။ ရောက်ရှိနေသော လမ်းသွယ်အသစ်လေးထဲတွင် စူးနစ်ပျော်ဝင်စွာ

 ပျော်ပိုက်နေခဲ့၏။ ထိုလမ်းလေးထဲတွင် အချစ်ကို တွေ.ရှိခဲ့သည်။ အလွမ်းကိုမိတ်ဆက်ခဲ့သည်။ 
သစ္စာ တိုင်တည်ဖူးခဲ့သည်။ သူငယ်ချင်းဆိုသည်ကို နားလည်ခဲ့သည်။
ထို.နောက်တဖန် လမ်းသစ်ဖောက်ကြသည်။ တစ်ယောက်တည်းမဟုတ်တော့။ လက်တွဲဖော်နှင့်အတူ 

အိမ်ထောင်ရှင် ဆိုသည့် လမ်းသစ်ဖောက်ကြသည်။ လမ်းကလေးသာယာလှပဖို. ချွေးနှင့်ရင်းကြသည်။ 
နားလည်မှုတွေနှင့် တည်ဆောက်ကြသည်။
ခွင့်လွှတ်ခြင်း၊ အနစ်နာခံခြင်းတွေနှင့် လမ်းကလေးကို တန်ဆာဆင်ကြသည်။ ယခုဆိုလျှင် ထိုလမ်းကလေးထဲမှာ ကျွန်တော် တို.နှစ်ယောက် သာယာပျော်ရွှင်စွာနှင့် နေထိုင်ကြသည်မှာ လေးနှစ်တိုင်တိုင်ရှိခဲ့ပြီ။


ထိုဘဝဆိုသည့် မြို.ကြီးကတော့ ရှုပ်ထွေးပွေလီလွန်းလှသည်။ ယုံကြည်မှုတွေကို အလွဲသုံးစား
လုပ်ပစ်ကြသည်။ သစ္စာဆိုသည်မှာ ကစားစရာတစ်ခုဖြစ်နေသည်။ ဟန်ဆောင်မှုတွေ ဗရဗြစ်နှင့် 
အပြုံးတုတွေ တနင့်တပိုး တွေ.ရသည်။  ထိုကဲ့သို.မြို.ကြီးထဲမှာ ကျင်လည်ရင်း သူငယ်ချင်း တစ်ယောက်၏ လမ်းညျွှန်မှုဖြင့် သူတပါး ဖောက်လုပ်ထားသော လမ်းကလေးတစ်ခုထဲ အလည်တစ်ခေါက်ရောက်ခဲ့သည်။
အံ့ဩဖွယ်ရာပင်…..ထိုလမ်းကလေးထဲမှာ အေးမြချမ်းသာမှုတွေ တွေ.ရသည်။ ခွန်အားတက်စရာတွေ 

အပြည့်။ စာပေဟူသော ဂုဏ်သတင်းဖြင့် သင်းပျံ.၏။ တရားဓမ္မဖြင့်လည်း မွေ.လျော်နိုင်၏။ 
ကိုယ့်အိပ်မက်များကိုလည်းမျှဝေခံစားနိုင်သည်။


မိတ်ဆွေ…သင်ကော ဒီလမ်းကလေးထဲ အလည်ရောက်မလာချင်ဖူးလား
ရင်းနှီးခင်မင်စွာ ဖိတ်ခေါ်ပါရစေ။ 
ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့သော သူငယ်ချင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။ 
ကမ္ဘာသစ် ထာဝစဉ်တည့်တံ့အောင်မြင်ပါစေ...

ကျော်ဇင်ထွန်း


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>