ဘုတ်
မိခင်အုန်းပင်ကြီးက
အန္တရာယ်ရှိကြောင်း
သတိပေးလို့
တိတ်ဆိတ်တဲ့ညမှာ
ခပ်အုပ်အုပ်အသံနဲ့
လူမသိ သူမသိ
ခုန်ဆင်းလိုက်တယ် ။
မညီတဲ့မြေပြင်ကို
အမှီပြုလို့
တစ်ရွေ့ရွေ့နဲ့လှိမ့်ပြီး
မြေနိမ့်ပင်တွေကြားထဲ
ပုန်းခိုနေလိုက်တယ် ။
ဘယ်သူမှ မမြင်မှ
အပင်ပေါက်ခွင့်ရမယ့် ဘ၀ ။
အမေ၀တ်ပေးလိုက်တဲ့
အက်ီၤက ခပ္ထူထူ
အေပါက္မပါ
လက်ဗလာမို့
ခေါင်းနဲ့ဖောက်ပြီး
ပတ်ဝန်းကျင်ကို
စူးစမ်းမိတယ် ။
ဘ၀တူ အုန်းပင်တွေ
တစ်ချို့အုန်းပင်တွေက
လမ်းဘေးမှာ ။
တစ်ချို့က ခြံနဲ့ဝင်းနဲ့
ခြေချစရာ မြေနေရာရှိရင်
အပင်ပေါက်လို့ ရပြီပဲ
နေရာတွက်မနေ တော့ပါဘူး ။
ပြောပါရစေ
အုန်းတစ်ပင်ကို
ခုတ်ကြမလို့တဲ့ ။
ခြွင်းချက်ဖြစ်နေတဲ့
အုန်းပင်သဘာဝကိုပဲ
မသိကြလို့လား ။
တစ်ခြားအပင်တွေအတွက်
တစ်ထွာလောက်ကျန်နေရုံလေး
ခုတ်ဖြတ်ခံရရင်တောင်
ရေသောက်မြစ်မပြတ်သေးတော့
နောက်တစ်ဖန်
အသက်ဆက်နိုင်တယ် ။
အုန်းပင်ဆိုတာ
အပြန်အလှန် မှီခိုနေတဲ့
အသက်တစ်ဝက်ကို
မြေမှာမြှုပ်
ကျန်အသက်တစ်ဝက်ကို
မြေပေါ်ထုတ်ထားရတာ ။
တစ်ဝက်ကအခုတ်ခံရရင်တောင်
နောက်တစ်ကြိမ်
ရှင်သန်ခွင့်မရှိဘူး ။
ပြောပါရစေ
အရိပ်နေနေ အခက်ချိုးချိုးတဲ့
အရိပ်ကောင်းကောင်းပေးနိုင်ဖို့
အခက်များများရှိရတယ် ။
အခက်များများရှိတော့
အချိုးခံရလဲ ဖြေသာတယ် ။
အုန်းပင်ဆိုတာ
ဖြောင့်မတ်တဲ့
ပင်စည်တစ်ခုတည်းရယ် ။
ပေးနိုင်တဲ့ အရိပ်က
အလွန်ဆုံး တစ်ကိုယ်စာလုံရုံပေါ့ ။
ရှားပါးလွန်းတဲ့ အခက်တွေ
ချိုးခံရမှာစိုးလို့
ကိုယ်ကိုတည့်မတ်ပြီး
အမြင့်ကို မြှောက်ထားရတာ ။
ပြောပါရစေ
ကြွေကျရင်
ထိခိုက်မိမှာ စိုးသတဲ့ ။
ထိခိုက်ဖို့အတွက်
မြေခရမယ့် အုန်းသီးတစ်လုံး
တိုက်ဆိုင်တဲ့ အချိန်တစ်ခု
သေချာတဲ့ နေရာတစ်ခု
ငြိမ်နေပေးမယ့် ဦးခေါင်းတစ်လုံး
ဒါတောင် ခေါင်းမှာ
ခမောက် ( သို့ ) ဆိုင်ကယ်ဦးထုပ်
ဆောင်းမထားမှ ။
ပြောပါရစေ
ထန်းသီးကြွေခိုက်
ကျီးနင်းခိုက်တဲ့ ။
ထန်းသီးကြွေရင်
မသေမချာနင်းတဲ့
ကျီးတစ်ကောင်ကို
တရားခံရှာလို့ရတယ် ။
အုန်းသီးကြွေရင်
အသေအချာနင်းတဲ့ ကျီးတောင်
တရားခံဖြစ်ခွင့် မရှိဘူးလား ။
အင်းလေ......
ကိုယ်က အုန်းပင်ကိုး ။
ပြောပါရစေ
လည်မျိုကိုနင်းတက်
နုပျိုစဉ်မှာခြွေပြီး
သားသမီးကိုသတ်
အသွေးကိုစုပ်ပြီး
အပန်းဖြေသတဲ့
အကြောင်းပြချက်က
ရင်ပူရုံသက်သက် ။
အသားကိုထုတ်ပြီး
ထန်းလျက်နဲ့အဆွေဖွဲ့
အကြောင်းပြချက်က
ရသာရုံသက်သက် ။
ပြောပါရစေ
လူသိပြီးကြွေရင်
ဈေးထဲရောက်တယ် ။
အခွံကိုပိုင်းဖြတ်
အသားကိုတစ်စစီခြစ်လို့
ဗန်းထဲမှာထည့်
ရပ်တကာ ရွာလှည့်
အသားစများအောက်က
စေးစေးကပ်ကပ်
လူ့ရပ်အခေါ်
ကောက်ညှင်းပေါင်းတဲ့ ။
အစားမတတ်တဲ့
ပါးစပ်ပေါက်တွေ
အရသာခံဖို့အတွက်
အုန်းသီးများမှာ
အပိုင်းပိုင်း အပြတ်ပြတ် ။
ပြောပါရစေ
အကြွေမှာမသိရင်တောင်
မတော်တဆ ဖွေရှာသိပြီး
လက်တစ်တောင်စာ
လည်ဆန့်ထားလျက်နဲ့
ကွပ်မျက်ကြပြန်တယ် ။
အကြောင်းပြချက်က
သဂျီသွေးအတွက်
လူ့အန္ဓလျှာအတွက်
ဖြေဆေးတစ်ခွက်တဲ့ ။
ပြောပါရစေ
အသိနဲ့စားတဲ့
သီလ သမာဓိ သိက္ခာ ၃ပါး
ကိုယ်ချင်းစာတရား
လက်ကိုင်ထားတဲ့
ရဟန်းရှင်လူ
ပုဂ္ဂိုလ်များအတွက်
အသက်ကိုနှင်းလို့
အစားခံရလည်း
အပြုံးမပျက်
သံသရာအတွက်
ကုသိုလ်တရားကို
ထွေးပိုက်လျက် ။
ပြောပါရစေ
လိုအပ်တဲ့အချိန်
ဂရုစိုက်တော့လဲ
သူတို့ပါပဲ ။
ကိုယ်ပေါ်တွယ်တက်
သေချာခူးပြီး
သားသမီးများလို
ယုယပိုက်ထွေးလို့ ။
လိုအပ်ချက်က
ကြွက်မြီးမကျိုးဖို့အတွက်
ပြီးရင် အလယ်မှာထား
ဘေးပတ်လည်မှာ
တစ်ပင်မှာ တစ်ခိုင်တည်းသီးတဲ့
အပေါင်းအဖော်တွေ
ဝန်းလို့ရံလို့ ။
တစ်ခါတစ်လေ
သူတို့သတ်မှတ်ထားတဲ့
ဒုတိယဘုရားသခင်တွေက
ထိုးထိုးထောင်ထောင်နဲ့
ကြားမှာညှပ်လို့ ။
မနိုင့်တနိုင် ခေါင်းမှာမြှောက်ပြီး
အသက်မရှိတော့တဲ့
အရှင်ကြီးဆိုသူတွေကို
ပူဇော်ပသကြ
တောင်းပန်ရှိခိုးကြနဲ့ ။
ပြောပါရစေ
လုံးပတ်သေးသွယ်
ဖြောင့်မတ်ပင်စည်
အစွမ်းရှိသလောက်
ကိုယ်ကိုတည့်မတ်
လောကဓံလေ
တိုက်ခတ်နေလည်း
မြဲမြံခြေထောက်
မြေမှာထောက်လို့
မားမားမတ်မတ်
ကြံ့ကြံ့ခံရင်း
ယိုင်ကာမလဲ
ရပ်နေဆဲ ။
ပြောပါရစေ
အုန်းပင်ကြီးကို
စခုတ်ကြပြီ ။
ပုဆိန်သွားက
ကိုယ်မှာ တစ်ဒုတ်ဒုတ်
အုန်းပင်ကြီးမှာ
ဘယ်ညာ တစ်လှုပ်လှုပ်
အသားစများက
မြေမှာ တစ်ဖုတ်ဖုတ်
အဆုံးမှာတော့
သေရှာငုတ်တုတ် ။
ဆုတောင်းပါရစေ
အုန်းသီးကြွေခိုက်
ကျီးနင်းခိုက် စကားပုံလေး
ပေါ်လာမလားလို့ ။
ဆုတောင်းပါရစေ
အပြစ်မရှိပဲ
အခုတ်မခံရဖို့ ။
ဆုတောင်းပါရစေ
အပေါင်းအဖော်
အုန်းပင်များအတွက်
ဂရုဏာသက်လို့ ။ ။
သန်းထွန်းလင်း
Posted by သန်းထွန်းလင်း
အခက်များများရှိတော့
အချိုးခံရလဲ ဖြေသာတယ် ။
အုန်းပင်ဆိုတာ
ဖြောင့်မတ်တဲ့
ပင်စည်တစ်ခုတည်းရယ် ။
ပေးနိုင်တဲ့ အရိပ်က
အလွန်ဆုံး တစ်ကိုယ်စာလုံရုံပေါ့ ။
ရှားပါးလွန်းတဲ့ အခက်တွေ
ချိုးခံရမှာစိုးလို့
ကိုယ်ကိုတည့်မတ်ပြီး
အမြင့်ကို မြှောက်ထားရတာ ။
ပြောပါရစေ
ကြွေကျရင်
ထိခိုက်မိမှာ စိုးသတဲ့ ။
ထိခိုက်ဖို့အတွက်
မြေခရမယ့် အုန်းသီးတစ်လုံး
တိုက်ဆိုင်တဲ့ အချိန်တစ်ခု
သေချာတဲ့ နေရာတစ်ခု
ငြိမ်နေပေးမယ့် ဦးခေါင်းတစ်လုံး
ဒါတောင် ခေါင်းမှာ
ခမောက် ( သို့ ) ဆိုင်ကယ်ဦးထုပ်
ဆောင်းမထားမှ ။
ပြောပါရစေ
ထန်းသီးကြွေခိုက်
ကျီးနင်းခိုက်တဲ့ ။
ထန်းသီးကြွေရင်
မသေမချာနင်းတဲ့
ကျီးတစ်ကောင်ကို
တရားခံရှာလို့ရတယ် ။
အုန်းသီးကြွေရင်
အသေအချာနင်းတဲ့ ကျီးတောင်
တရားခံဖြစ်ခွင့် မရှိဘူးလား ။
အင်းလေ......
ကိုယ်က အုန်းပင်ကိုး ။
ပြောပါရစေ
လည်မျိုကိုနင်းတက်
နုပျိုစဉ်မှာခြွေပြီး
သားသမီးကိုသတ်
အသွေးကိုစုပ်ပြီး
အပန်းဖြေသတဲ့
အကြောင်းပြချက်က
ရင်ပူရုံသက်သက် ။
အသားကိုထုတ်ပြီး
ထန်းလျက်နဲ့အဆွေဖွဲ့
အကြောင်းပြချက်က
ရသာရုံသက်သက် ။
ပြောပါရစေ
လူသိပြီးကြွေရင်
ဈေးထဲရောက်တယ် ။
အခွံကိုပိုင်းဖြတ်
အသားကိုတစ်စစီခြစ်လို့
ဗန်းထဲမှာထည့်
ရပ်တကာ ရွာလှည့်
အသားစများအောက်က
စေးစေးကပ်ကပ်
လူ့ရပ်အခေါ်
ကောက်ညှင်းပေါင်းတဲ့ ။
အစားမတတ်တဲ့
ပါးစပ်ပေါက်တွေ
အရသာခံဖို့အတွက်
အုန်းသီးများမှာ
အပိုင်းပိုင်း အပြတ်ပြတ် ။
ပြောပါရစေ
အကြွေမှာမသိရင်တောင်
မတော်တဆ ဖွေရှာသိပြီး
လက်တစ်တောင်စာ
လည်ဆန့်ထားလျက်နဲ့
ကွပ်မျက်ကြပြန်တယ် ။
အကြောင်းပြချက်က
သဂျီသွေးအတွက်
လူ့အန္ဓလျှာအတွက်
ဖြေဆေးတစ်ခွက်တဲ့ ။
ပြောပါရစေ
အသိနဲ့စားတဲ့
သီလ သမာဓိ သိက္ခာ ၃ပါး
ကိုယ်ချင်းစာတရား
လက်ကိုင်ထားတဲ့
ရဟန်းရှင်လူ
ပုဂ္ဂိုလ်များအတွက်
အသက်ကိုနှင်းလို့
အစားခံရလည်း
အပြုံးမပျက်
သံသရာအတွက်
ကုသိုလ်တရားကို
ထွေးပိုက်လျက် ။
ပြောပါရစေ
လိုအပ်တဲ့အချိန်
ဂရုစိုက်တော့လဲ
သူတို့ပါပဲ ။
ကိုယ်ပေါ်တွယ်တက်
သေချာခူးပြီး
သားသမီးများလို
ယုယပိုက်ထွေးလို့ ။
လိုအပ်ချက်က
ကြွက်မြီးမကျိုးဖို့အတွက်
ပြီးရင် အလယ်မှာထား
ဘေးပတ်လည်မှာ
တစ်ပင်မှာ တစ်ခိုင်တည်းသီးတဲ့
အပေါင်းအဖော်တွေ
ဝန်းလို့ရံလို့ ။
တစ်ခါတစ်လေ
သူတို့သတ်မှတ်ထားတဲ့
ဒုတိယဘုရားသခင်တွေက
ထိုးထိုးထောင်ထောင်နဲ့
ကြားမှာညှပ်လို့ ။
မနိုင့်တနိုင် ခေါင်းမှာမြှောက်ပြီး
အသက်မရှိတော့တဲ့
အရှင်ကြီးဆိုသူတွေကို
ပူဇော်ပသကြ
တောင်းပန်ရှိခိုးကြနဲ့ ။
ပြောပါရစေ
လုံးပတ်သေးသွယ်
ဖြောင့်မတ်ပင်စည်
အစွမ်းရှိသလောက်
ကိုယ်ကိုတည့်မတ်
လောကဓံလေ
တိုက်ခတ်နေလည်း
မြဲမြံခြေထောက်
မြေမှာထောက်လို့
မားမားမတ်မတ်
ကြံ့ကြံ့ခံရင်း
ယိုင်ကာမလဲ
ရပ်နေဆဲ ။
ပြောပါရစေ
အုန်းပင်ကြီးကို
စခုတ်ကြပြီ ။
ပုဆိန်သွားက
ကိုယ်မှာ တစ်ဒုတ်ဒုတ်
အုန်းပင်ကြီးမှာ
ဘယ်ညာ တစ်လှုပ်လှုပ်
အသားစများက
မြေမှာ တစ်ဖုတ်ဖုတ်
အဆုံးမှာတော့
သေရှာငုတ်တုတ် ။
ဆုတောင်းပါရစေ
အုန်းသီးကြွေခိုက်
ကျီးနင်းခိုက် စကားပုံလေး
ပေါ်လာမလားလို့ ။
ဆုတောင်းပါရစေ
အပြစ်မရှိပဲ
အခုတ်မခံရဖို့ ။
ဆုတောင်းပါရစေ
အပေါင်းအဖော်
အုန်းပင်များအတွက်
ဂရုဏာသက်လို့ ။ ။
သန်းထွန်းလင်း
Posted by သန်းထွန်းလင်း
ကမ္ဘာသစ် အမှတ်တရ ကဗျာ..
No comments:
Post a Comment