2 3 4 5 6 7 8 9 10

Sunday, June 24, 2012

ယှဉ်ကာတွဲသည်


သော်တာလ၀န်း
ရွှမ်းမြမြစို
နွမ်းလျရောင်ခြည်
အားဖြည့်သရော့
မှေးစက်နားနေ
ကမ္ဘာမြေသို့
သိုင်းခြုံလွှမ်းသည်
သူ့ရောင်ခြည်နှင့်
နိုင်သည့်ဝန်တာ ဖြည့်ပေးရှာလေသည်........

ငါ၏မိခင်
ထင်၏မလွဲ
လ၀န်းသော်တာ
ယှဉ်လျက်ကာမျှ
ပမာပြသို့


မိခင်မေတ္တာ၊ ဂရုဏာနှင့်
ပြုံးရောင်သန်းစ၊ နွမ်းလျလျကို
သားလှလိုအင် ပြည့်စုံရှင်းအောင်
နိုင်သည့်ဝန်တာ ဖြည့်ပေးရှာလေသည်...။

Posted by lwinzarhun on November 25, 2010 at 11:30am ( ကမ္ဘာသစ် )

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>