2 3 4 5 6 7 8 9 10

Sunday, June 24, 2012

ညီလေးရေ


ညီလေးရေ ...
ဘ၀မှာ အရှုံးတွေနဲ့  ရင်ဆိုင်ရလို့ 
စိတ်ဓာတ်ကျနေတာလား ..။
တကယ်တော့
ဘ၀မှာ အလိုအပ်ဆုံးက
အောင်နိုင်ခြင်း မဟုတ်ဘူး..
ကောင်းစွာ တိုက်ခိုက်ခြင်းပဲ... လေ ။

ညီလေးရေ ...
ထပ်ခါထပ်ခါ အမှားတွေ လုပ်မိနေလား..
သတိအကွပ်ရှိမှ အမှားနည်းမယ်.. ဆိုတာ
မမေ့နဲ့ လေ...။


ညီလေးရေ ...
ကောင်းတာတွေ လုပ်ပေမဲ့
ကောင်းကျိုးတွေမရဘူးလို့  တွေးမိနေသလား..။
တကယ်တော့
ကောင်းမြတ်ခြင်းမှာ
ကိုယ်ပိုင်တန်ဘိုး ရှိပါတယ်..
ရလဒ် မျော်စရာ မလိုဘူးလေ..။

အတ္တဟိတနဲ့  ပရဟိတ
မျှတအောင် ဆောင်ရွက်ရေးဟာ
လူသားတစ်ယောက်ရဲ့ 
တာဝန် ၀တ္တရားပေါ့ ..။

နေစိုးလှိုင်( မလှိုင် )

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>