2 3 4 5 6 7 8 9 10

Thursday, June 28, 2012

ပြည်သူချစ်သော စာဆိုများ


စာရယ် ပေရယ်၊ စိတ်မြစ်တွယ်၍
ဖွယ်ဖွယ်ရာသော၊ စာသဘောကို
စစ်ကြောမိကာ၊ ရေးမိပါရင်း
ကဗျာတစ်ညို၊ စာတစ်တိုနှင့်
စာကိုဆိုမိတတ်ခဲ့သည်။

ရေးဖွဲ့ ခဲ့ရာ၊ စာကဗျာလျှင်
ပညာသုတ၊ သဘာဝနှင့်
ရသစုံထွေ၊ မကျန်လေအောင်
မျှဝေခံစားပေးခဲ့သည်။

သို့ အခြေခံ၊ မြစ်ဖျားခံလျက်
စာဟန်တင့်တယ်၊ စာဝင့်ထည့်အောင်
ရည်ရွယ်ချက်ကောင်း၊ စိတ်ညွှတ်ပြောင်းဖြင့်
တစ်ချောင်းကလောင်၊ ကိုယ်ပိုင်ဆောင်ရင်း
အောင်မြင်ဆုရ၊ မြင်ကြားရသော်
အားကျဂုဏ်ယူမိခဲ့သည်။

ပြည်သူ့ တွက်တာ၊ ရေးခဲ့စာသည်
ပညာလည်းရ၊ ဂုဏ်ရသကြောင့်
နာမယဉ်နု၊ စာပေဆု" ဟု
အနုပညာ၊ လောကရွာ၌
များစွာဂုဏ်တက်ခဲ့လေပြီ..။

သြော်...
စာမွန်စာသန့် ၊ စာယဉ်ခန့် တို့ 
ပျံ့ နှံ့ စေငှာ၊ စေတနာဖြင့်
လေ့လာသမျှ၊ ဖွင့်သွန်ချသို့ 
လောကကိုလျှင်၊ အလှဆင်သည့်
ဥယျာဉ်မှုးများ၊ ပမာထားလျက်
လေးစားဂုဏ်ယူ၊ ညွှန်ဖွဲ့ ကြူသည်
ပြည်သူချစ်သော၊ စာဆိုများ..
စာပေ ဂုဏ်တင့် မြှင့်သူများ ....။
မြန်မာ့အလင်း

Posted by Nanda on December 31, 2010 at 6:00pm

New World Fan Page 


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>