2 3 4 5 6 7 8 9 10

Thursday, June 28, 2012

ဟာသ အတိုအထွာလေးများ

မရှိလဲဖြစ်တယ်

မိန်းမဖြစ်သူသည် ယောက်ျား၏ ပုဆိုးအပြဲကို ချုပ်နေရင်း ယောက်ျားအားလှမ်းပြောလေသည်။
`ရှင်တို့ယောက်ျားတွေလေ ကျမတို့ မိန်းမတွေမရှိရင် တော်တော်ဒုက္ခတွေ့မယ် ၊ မိန်းမတွေရှိနေလို့သာ ရှင်တို့ ပုဆိုးအပြဲ
ဘောင်းဘီ အပြဲတွေကို ချုပ်ပေး ဖာပေး မဲ့သူရှိနေတာ'
` အို.......မရှိမဖြစ်မဟုတ်ပါဘူးကွာ ၊ ငါတို့ အဲဒီ ပုဆိုး ဘောင်းဘီတွေ ဝတ်နေတာကလည်း မင်းတို့မိန်းမတွေရှိနေလို့၊ မိန်းမ
တွေသာ မရှိရင် ငါတို့ ဘာမှ ဝတ်စရာမလိုတော့ဘူး'

..........................................။..............................................

သူတို့ဒုက္ခပါ

သူငယ်ချင်းနှစ်ဦးလမ်းတွင်ဆုံမိကြသည် ။
ပထမလူ။ ။ဟာ.....မင်းဂျပန်သွားမလို့ဆို
ဒုတိယလူ။ ။အေး....သွားဖို့ပြင်ဆင်နေတယ်၊ နီးပြီကွ
ပထမလူ။ ။ဒါဆို ဂျပန်စကားပြောသင်သွားဦး ၊ တော်ကြာဟိုရောက်မှ စကားမပြောတတ်လို့ ဒုက္ခရောက်နေဦးမယ်
ဒုတိယလူ။ ။ငါဒုက္ခမရောက်ပါဘူးကွာ ၊ ငါနဲ့တွေ့တဲ့လူသာ ငါ့စကားနားမလည်လို့ သူတို့ဒုက္ခရောက်မှာပါ

..................................။.............................

စိုးရိမ်တတ်တဲ့သား

ဈေးမှပြန်လာသော မိခင်ဖြစ်သူအား ငါးနှစ်သားအရွယ်သားအကြီးက ဆီး၍ပြောလိုက်သည်။
`မေမေရေ ၊ မေမေ မရှိတုန်းက ညီလေး ပုရွက်ဆိတ်တွေပါးစပ် ထဲ ထည့်ပြီးစားနေတာတွေ့လို့ သားညီလေးကို ဟို ပိုးသတ်ဆေး
တစ်ပုလင်းလုံး တိုက်ထားလိုက်တယ်'
...........................။...........................


ယောက္ခမရိုသေ

တက္ကသိုလ်ကျောင်းသားလေ့လာရေး အဖွဲ့တစ်ဖွဲ့သည် ကျေးရွာတစ်ခုသို့လေ့လာရေးခရီးထွက်လာကြစဉ် နွားသိုးကြီးတစ်ကောင်
သည် နွားတင်းကုတ်မှပြေးထွက်လာကာ တွေ့ရာမြင်ရာကို လိုက်ဝှေ့နေ၏ ။ ထို့ကြောင့် ကျောင်းသားများလည်း ခြေဦးတည့်ရာကို
ထွက်ပြေးကြရသည်။သို့သော နွားမတစ်ကောင်ကိုနို့ ညှစ်နေသော လယ်သမားကြီးတစ်ဦးမှာကား ဣနြေ္ဒမပျက် ဘယ်မှထွက်မပြေးပဲ
နွားနို့ဆက်ညှစ်နေသည် ။ နွားသိုးကြီးက လယ်သမားကြီးအနီးသို့ရောက်သောအခါ မဝှေ့ရဲပဲ အခြားတစ်ဖက်သို့ လှည့်ပြေးလေသည်။
ကျောင်းသားများက တအံ့ တဩနှင့် လယ်သမားကြီးအား ဝိုင်းမေးကြရာ......................
`ဒီနွား ဝှေ့ဖို့မပြောနဲ့ အနားတောင်ဘယ်ကပ်ရဲပါ့ မလဲ ၊ ကျုပ်နို့ညှစ်နေတဲ့ နွားမဟာ သူ့ယောက္ခမလေ'

.........................။...........................
ယောက်ျားသတ္တိ

တစ်ခါက လင်မယားနှစ်ယောက် စကားများရန်ဖြစ်ပြီး မယားဖြစ်သူက ယောက်ျားအား တုတ်ဖြင့်လိုက်၍ ရိုက်လေသည်။ ထိုအခါ
ယောက်ျားဖြစ်သူကထွက်ပြေးရင်း အိမ်အောက်သို့ ဝင်၍ ပုန်းနေလေသည်။
ဇနီးဖြစ်သူက `ရှင်သတ္တိမရှိဘူးလား ၊ ယောက်ျားမဟုတ်ဘူးလား ထွက်ခဲ့စမ်း '
ထိုအခါယောက်ျားဖြစ်သူက အိမ်အောက်မှ ပုန်းနေရင်း..............
`ဟေ့...........ငါ ယောက်ျားကွ သတ္တိရှိရှိ ငါကြိုက်တာ ငါလုပ်မယ် ၊ ငါ အနာသက်သာပြီး အရိုက်မခံရအောင် ငါ့သဘောနဲ့ငါပုန်း
နေတာကွ ၊ သိရဲ့လား..........' ဟု အော်ပြောလိုက်လေသည်။

...............................။................................

ချီးကျူးမိလို့

မိန်းမရခါစ ရုံးစာရေးကြီးတစ်ယောက်အား မိတ်ဆွေအပေါင်းအသင်းများက အိမ်ထောင်ရေးသာယာစေရန်အတွက် နည်းလမ်းများ
အကြံဉာဏ်များပေးကြသည် ။
`ဗျို့ စားရေးကြီး................မိန်းမဆိုတာ အမြှောက်သိပ်ကြိုက်တာဗျ ၊ ဒီတော့ သူဘာလုပ်လုပ် ကောင်းတယ် ကြိုက်တယ်လို့
သာ များများပြောပေး '
သို့နှင့်စာရေးကြီးသည် အပေါင်းအသင်းများ၏ အကြံဉာဏ်များအတိုင်း အိမ်ရောက်သည်နှင့် ဇနီးသည်ကို ချီးကျူးလေတော့သည်။
`ဒီနေ့ ခင်ချက်တဲ့ဟင်းတွေက စားလို့ကောင်းလိုက်တာ ၊ ကိုယ် ခင်ဟင်းချက်တာကို တကယ် ချီးကျူးတယ်ကွာ'
ချက်ချင်းပင် မိန်းမဖြစ်သူမှာ ဒေါသူပုန်ထလေတော့သည်။
`ဒါ...........ဒါ..... ရှင် ကျွန်မကို မခံချင်အောင်လုပ်တာလား ၊ ကျွန်မကိုဒီလိုမနှိမ်ပါနဲ့ '
`ဟင်........ခင် ၊ ခင့်ကိုဘာပြောမိလို့လဲ'
`ဘာပြောရမလဲ........ခါတိုင်းနေ့တွေ ကျွန်မကိုယ်တိုင်ချက်ထားတော့ မချီးမွမ်းဘူး ။ ဒီနေ့ဆိုင်ကဟင်းဝယ်ကျွေးမှ ချီးကျူးနေတာ
ဘာသဘောလဲ......'

--------------------
Posted by winn minn htoon on December 18, 2010 at 6:48pm


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>