2 3 4 5 6 7 8 9 10

Thursday, June 28, 2012

မှာပါရစေ ပြောပါရစေ






(၁)
ကိုယ်သေရင် မငိုနဲ့
ပါးစိုရုံရှိမှာပေါ့။
သပိတ်မသွပ်နဲ့
လွတ်ပြီးသား ကျွတ်ပြီးသား။
ထမင်းမထုပ်နဲ့
သိုးစား၊ ပုပ်စာ ဖြုန်းတီးစာ။
အိုးမခွဲနဲ့ အိုးမလို
ဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက်ယူမသွားနဲ့
ပြန်လိုက်ရမယ့် အစားမဟုတ်ဘူး။
ဘာကိုမှ မလည်နဲ့၊
သံသရာကြီးမှာ လည်ခဲ့သူ။
(၂)
ကိုယ်သေရင် မငိုနဲ့
ကြိုကြိုပြီး သေထားသူ။
ဘုရားရှင်ရဲ့ ဂုဏ်တော်ကို
မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့
မရဏမင်းဆီ ပျော်ပျော်သွားမှာ။
ပြီးတော့ ပြောပါရစေ
သာသနာ စာပေ၊ ပရဟိတ
လုပ်လက်စတွေကို ဆက်လုပ်ဖို့
ဟောဒီချစ်ရတဲ့ မိခင်မြေကို ပြန်လာခဲ့မယ် မုချ။
ဒီတော့ ကိုယ်သေရင် မငိုနဲ့
ဖြေသာစမ်းပါ ပြုံးစမ်းပါ။
လူသာဆုံးတာ ကျန်တာမရှုံးဘူး။
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်။

မိုးဟိန်း(သားဂျာနယ်ကျော်)


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>