2 3 4 5 6 7 8 9 10

Sunday, June 24, 2012

အရောင်တွေမဆိုးနဲ့


          အမှောင် အလင်း၊အဆိုး အကောင်း၊အမှား အမှန်ဆိုပြီး အရာရာတိုင်းမှာ ဆန့်ကျင့်ဘက်များစွာ ရှိနေတတ်ပါတယ်။အရာအားလုံးဟာ အကောင်းထက် အဆိုးကိုသာ စတင်ရင်ဆိုင်တွေ့ကြုံရတတ်ပါတယ်။ အဆိုးကို အရင်တွေ့ကြုံဖူးမှ အကောင်းကို ဆင်ခြင်နိုင်တာပါ။လူ့ဘ၀မှာ အကောင်းထက် ဆိုးတဲ့အရာတွေ ကသာ နေရာယူလေ့ရှိပါတယ်။ဆိုးတဲ့အရာတွေကို ရှောင်နိုင်ရှားနိုင်မှသာ လူတော်လူကောင်းအဖြစ် သတ်မှတ်ကြတာပါ။ သင့်ပတ်ဝန်းကျင်မှာကော အဆိုးတွေပြည့်နှက်နေပါသလား။ ။

တချို့နေရာတွေမှာ အဆိုးထဲကအကောင်းဖြစ်လာတတ်ပါတယ်။ပြီးတော့ ဆိုးတယ်ဆိုတဲ့နေရာတွေမှာ ငြိတွယ်စရာ ခံစားချင်စရာ တွယ်တာစရာ မက်မောစရာတွေ ရှိနေတတ်ပါတယ်။
မူးယစ်ဆေးဝါးရဲ့ ၀ါးမြိုခြင်းခံရသော သားကောင်တွေမှာ မူးယစ်ဆေးရဲ့ယစ်မူးရီဝေသော အရသာမှာ ငြိတွယ်ခြင်းကို ခံစားလို့ မူးယစ်သားကောင်ဖြစ်ရတာပါ။ မူးယစ်ဆေးဟာ ကြုံဖူးကြားဖူးရုံနဲ့ မကောင်းမှန်းသိကြပါတယ်။ လက်တွေ့ကြုံဖူးချင်ကြသော လူငယ်များ လက်တွေ့စမ်းသပ်ရင်းနစ်မြုပ်သွားတဲ့ လူတွေ ကမ္ဘာမှာ ရေတွက်လို့မရအောင်များပြားပြီး ပျက်စီးသွားတာ နှမြောစရာကောင်းလှပါတယ်။


လူတစ်ယောက်ကို ဆုံးရှုံးရတော့မယ်ဆိုရင် မွေးခဲ့တဲ့ မိဘ မိသားစုတွေ ဒီလူနဲ့ပတ်သက်တဲ့ဆက်နွယ်မှုတွေ ဒီလူက တန်ဖိုးထားရတဲ့လူငယ်ဖြစ်မယ်ဆိုရင် မိသားစုအတွက် အစားထိုးမရနိုင်ပါဘူး။ လူတစ်ယောက်ရှင်သန်ကြီးပြင်းလာအောင် စောင့်ရှောက်ခဲ့တဲ့မိသားစုဝင်တွေရဲ့ မျှောလငြ့်ခင်းတွေကို ကိုယ်တိုင်ဖျက်စီးခြင်းမှ ဝေးအောင်လူငယ်တွေအနေဖြင့် ရှောင်ရှားသင့်ပါတယ်။
လူတွေမှာ တချို့က မှားမှန်းမသိမှားနေတာရယ်၊မှားတဲ့အမှားကို မပြုပြင်နိုင်တာရယ်၊အမှားအမှန်ကို ခွဲခြားမသိတာရယ်အမျိုးမျိုး တွေကြုံခံစားရတတ်ပါတယ်။တဇွတ်ထိုး တစောက်ကန်းရယ်လို့ရှိပါတယ်။ဒီလိုလုပ်တာ ငါ့ရဲ့ ပင်ကိုယ်အကျင့်ဆိုပြီး ကြွားဝါပြောတတ်သူတွေလည်း ကြုံဖူးပါတယ်။ အရာရာကို စဉ်းစားဆင်ခြင်နိုင်ပါလျက်နဲ့ မစဉ်းစားမဆင်ခြင်ဘဲ လျှောက်လုပ်တတ်ပါတယ်။ ဒီလိုလုပ်တဲ့အခါ တစုံတယောက်ကို နာကျည်းလို့ဆိုပြီး အကြောင်းပြချက်တွေ ပြတတ်ပါတယ်။အလကားပါ တကယ်တော့ ကိုယ့်မှာ ဆင်ခြင်တုံတရား ကင်းမဲ့မှု ကို ချပြတာနဲ့အတူတူပါဘဲ။ ဒီလိုလုပ်လိုက်လို့   ကျေနပ်ချင်ကျေနပ်သွားမယ် သူ့အတွက်ကော စိတ်ကျေနပ်မှုရတာ နဲနဲ သူပေးဆပ်ရတဲ့ သိက္ခာတွေ လူတွေအထင်သေးကြည့်ကြတဲ့မျက်လုံးတွေကို သတိထားမိရင် နောင်တတွေရလာရင် အဖတ်ဆည်လို့မရနိုင်ဘူး ဆိုတာ သိလာလိမ့်မယ်။အပြုအမူဆိုတာ မမှားခင်က စဉ်းစားရတာပါ။
လူဟာမွေးကတဲက ပြီးပြည့်စုံတဲ့ သူရယ်လို့မရှိပါဘူး။ မိဘဆရာတွေက လမ်းညွန်မှု ဘယ်လောက်ကောင်းကောင်း ကိုယ်တိုင်ကကြိုးစားမှဖြစ်တာပါ။လူတိုင်းက တိုးတက်ချင်ကြမှာပါ စိတ်ကလေးရှိရုံနဲ့ မတိုးတက်နိုင်ပါဘူး။ ကိုယ်တိုင်ကျင့်ကြံအားထုတ်မှသာ အောင်မြင်တာပါ။အဆိုးထဲမှာ နစ်မြုပ်မှန်းသိပါရက်နဲ့ ရုန်းထွက်ဖို့ မကြိုးစားတဲ့သူလည်းရှိပါတယ်။ ဆိုးတယ်ဆိုပေမဲ့ သူ့အတွက် တွယ်ငြိစရာ ရမ္မက်တွေ တဏှာတွေကပ်ငြိနေရင် ရုန်းမထွက်နိုင်တော့ဘူး။ ။
ဘ၀တစ်ခုဟာ အချိန်အနည်းငယ်အတွင်းမှာ ပြောင်းလဲလို့မရပါဘူး။ တကယ်တော့အကောင်းနဲ့အဆိုးဆိုတာလည်း အမြဲ ဒွန်တွဲနေတတ်ပါတယ်။ စွန့်စားခြင်းတွေကို သဘောကျပေမဲ့ အန္တရာယ်များတဲ့ စွန့်စားခြင်းတွေကို ရှောင်ရှားသင့်ပါတယ်။ နဂိုကတဲက အတိတ်က ကုသိုလ်ပါရမီ နည်းလို့ဒီဘ၀မှာ မပြည့်စုံဘူးဆိုရင်
ဒီဘ၀မှာထပ်ပြီး အကုသိုလ်တွေမလုပ်စေချင်ဘူး။ ကံဆိုတာ ဒီအရွယ်မှာမထပေမဲ့ နောင်ဖြစ်လာမဲ့ အချိန်ကိုတော့ပြောလို့မရဘူးလေ။ရောင့်ရဲနိုင်ဖို့ကြိုးစားပါ။ လူတစ်ယောက်အတွက် ဘ၀မှာ အခွင့်အရေး သုံးကြိမ်ရှိပါတယ်။ ဇွဲ ရှိရှိနဲ့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြီး ကြိုးစားရင်းစောင့်ကြပါ။ စည်းစိမ်ခံတယ်ဆိုတာ မကောင်းသော အရာတွေနဲ့သောက်စားမူးယစ်ပြီး မယူသင့်ဘူး။အပယ်ငရဲလားမဲ့ အပြုအမူတွေနဲ့ မယူသင့်ဘူး။ သံသရာဆိုတာ ဝေးလွန်းပါတယ် ဒီလူ့ဘ၀လေးမှာတောင် ဘာမှတိကျရေရာမှုကမရှိ စီးပွားကလည်း ဖြစ်လိုက်ပျက်လိုက် ကျမ္မာရေးကလည်းကောင်းလိုက်ဆိုးလိုက်နဲ့ သေမှာတောင် အနှောင်အဖွဲ့တွေနဲ့မလွတ်နိုင်ဘူး။ အကုသိုလ်လေးက လုပ်မိဦးမယ်ဆိုရင်တော့မျောပေဦးတော့ ဗေဒါရေ………….။


အဲ့ဒီတော့ အဆိုးတွေဝိုင်းနေတဲ့လောကထဲမှာ ကိုယ်ကကောင်းအောင်နေမှ လူတော်လူကောင်းအဖြစ် လက်ခံကြမှာပါ။ ဒီလိုလက်ခံမှလည်း လူလောကထဲမှာ နေထိုင်လုပ်ကိုင်စားသောက်ရတာ လွယ်တာပါ။ လူဆိုတာ ကိုယ်ကမဖြူစင်ရင်တောင် ကိုယ့်ဆီကိုတော့ ဖြူစင်သော ရိုးသားသောသူကိုဘဲ အလိုရှိကြတာပါ။ ဖြူစင်ခြင်းဖြင့် ဘ၀ကိုတည်ဆောက်ပြီး ရောင့်ရဲပြီးနေကြရအောင်………။ကိုယ်တိုင်အဖြူထည်လေးကို တန်ဖိုးထားသလို သူ့တပါးကိုလည်း အရောင်မဆိုးဘဲ နေကြရအောင်လို့……………..။
လေးစားစွာဖြင့်
ကိုလင်း

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>