လမ်းခုလတ်မှာ
ရပ်ပြီးငိုင်တွေ ထိုင်နေကောင်းသာ
ထသွားငိုင်ဆွေး အလွမ်းလေးတွေ
တန်းစီနေပြီ တိမ်ဆီကြည့်ငေး
ဟိုအဝေးမှာ အပြေးသူနှင့်
ဆန့်ကျင်ရာဘက် ခရီးထွက်သလား
လက်ကမ်းမလို လက်ကိုကာလျက်
စကားဝှက်မလား ရှက်သွေးရောင်လွှမ်း
ပန်းနုမျက်နှာ အပြေးလာမလား
အတွေးဗျာများ စာသားနရွ
စာလုံးလှတို့ ရုန်းကြွပေါက်ကွဲ
လေထုထဲ၌ အသည်း ဖျားနာ
လွဲသွားတာလား ခွဲသွားတာလား
စာအိတ်ထဲပျံ့  စံပယ်နံ့တွေ
မဟန့်မတား သွားကြသူ့ထံ
ပျံကြသူ့ဆီ ညီကြခြေလှမ်း
တောင်တန်းကိုကျော် ပင်လယ်ပေါ်ဖြတ်
ကမ္ဘာပတ်လမ်း ဖြတ်သန်းဝင်ရောက်
တံခါးခေါက်ပြီး
သူကြားလောက်အောင် ပြောလှည့်နော်..။
မောင်မောက် [ ဥက္ကလာ ]
No comments:
Post a Comment