နေသာသည့်ခိုက်၊ နေနှင့်လိုက်ကာ
နေ့၌ ပျော်တတ်လေသူခင်..။
လသာသည့်ခိုက်၊ လနှင့်လိုက်ကာ
ည၌ မွေ့တတ်လေသူခင်..။
ညမှာလည်းမွေ့၊ နေ့မှာလည်းပျော်
သြော်.. အသိခက်၊ မျက်နှာထွေပြား
များတတ်လေသူ..
မိုးစွေသည့်နေ့၊ နေမတွေ့လျှင်
လကွယ်ညမှာ၊ လ မသာလျှင်
ညလည်းမမွေ့ နေ့လည်းမခင်
ပြင်ပြင်စိမ်းကား၊ မထောက်ထားတတ်
အားလုံးမုန်းမေ့နိုင်ပြန်သည်။
မောင်စိန်ဝင်း ( ပုတီးကုန်း )
No comments:
Post a Comment