2 3 4 5 6 7 8 9 10

Friday, May 3, 2013

သောကသောင်




နှမအချစ်၊ မြစ်ထဲကရေ
နွေနှင့်မိုး..
တစ်မျိုးစီ ပြောင်းတတ်၏။
ငါ့ရာသီများ၊ ကာလလျားရှည်
နွေနေ့လည်မျိုး၊ တံလှပ်ခိုးဝေ
နေအပူပြင်း၍
ကွေ့ကောက်စီးရစ်၊ သူမမြစ်၌
အချစ်ရေများ၊ လျော့ပါးစ ပြု
ခန်းလုပေါ့လေ..
နွေ၏နေသည်
ရေကို အငွေ့ပြန်စေကာ..
နွေအနမ်း
ရေအခန်းမှာ
နွမ်းမောလျအောင်
လွမ်းသောက သောင်တို့
လက်ဆောင်အဖြစ်
ထားရစ်ခဲ့ပြန်…။

မောင်စိန်ဝင်း ( ပုတီးကုန်း )

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>