ဖန်ဆင်းရှင်မှာ အမေရှိလား
စကြ၀ဋ္ဌာမှာ မှန်ပြောင်းရှိလား
အချိန်မှာ နာရီရှိလား
သမိုင်းမှာ ကြောင်လိမ်လှေကားရှိလား
လောကပါလတရားမှာ ချိန်ခွင်ရှိလား
ကောင်းကင်မှာ ခေါင်မိုးရှိလား
တောင်တန်းတွေမှာ အိပ်ယာရှိလား
ပင်လယ်မှာ ရေတွင်းရှိလား
မြစ်တွေမှာ အတောင်ပံရှိလား
ပန်းပွင့်တွေမှာ အသားအရောင်ခွဲခြားမှုရှိလား
ဘ၀မှာ ခရီးသွားမြေပုံရှိလား
မျှော်လင့်ခြင်းမှာ သန္ဓေတားဆေးရှိလား
သေခြင်းတရားမှာ မွေးနေ့ရှိလား
မေးခွန်းများမှာ အဖြေရှိသလား ..။
သစ္စာနီ
No comments:
Post a Comment