2 3 4 5 6 7 8 9 10

Thursday, May 2, 2013

မဃဒေ၀လင်္ကာ ဆုံးမစာများ ( ၅ )


လောကီ ဓမ္မတာ၊ ပြည့်ရေးရာလည်း၊ ပြည်ရွာနီးရှက်၊ အိမ်နီးကြက်သို့၊ ကျက်ကျက်မကင်း၊ ယှိတက်လျှင်း၏၊ ကျွန်းချင်း, ကျေးချင်း၊ ဆင်မြင်းကညာ၊ ရတနာ တသီး၊ သားသမီးကြောင့်၊ ဆောင်းထီးနှစ်ဆူ၊ ရိပ်ဖြူနှစ်စင်း၊ နှစ်ပြည်မင်းတို့၊ မုန်းခြင်းတတည်၊ ချစ်ကြည်တချက်၊၊ ထိုးစစ်မက်နှင့်၊ ရန်ဘက်တခါ၊ ဆက်ပဏ္ဏာဖြင့်၊ သဟာဘ၀၊ ဖြစ်တက်စွာရှင့်၊ ဂုဏ ဒေါသ၊ နှစ်ဝကျိုးပြစ်၊ မုန်းချစ်နှစ်တန်၊ မမှန်ကိစ္စ၊ မကင်းကြဘူး၊ ပြည်ရွာ့ကြောင်းဟိတ်၊ မင်းတို့စိတ်လည်း၊ ရန်မိတ် လက္ခဏာ၊ မမြဲးရာတည့်၊ သူ့ရွာ သူ့ရပ်၊ နီးကပ်နေတည်၊ သူ့ပြည်တိုင်းခန်း၊ သူ့နယ်စွန်းကို၊ သုံ့ပန်းဆောင်လတ်၊ မောသော ခတ်၍၊ မပြတ်ရန်ရှာ၊ မပြုရာတည့်၊ လိမ္မာယုံကျွန်၊ နှလုံးမွန်ကို၊ တိုင်းစွန်ပြည်နား၊ ရာခန့်ထားမှ၊ အများသတ္တ၀ါ၊ ရချမ်းသာလိမ့်၊ ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ်ထွင်းဖေါက်၊ ဖြတ်တောက် လိုရာ၊ ပြီးနိုင်စွာ၏၊ ပညာမသုံး၊ နှလုံးမပျောင်း၊ လက်ရုံးကောင်းကား၊ တကြောင်းမျှသာ၊ စူးပမာသို့၊ လိုရာကိစ္စ၊ များမကျတည့်၊ ဗလအားကိုး၊ မာနမိုးလျက်၊ မကျိုးမကျည်၊ လူပြောစည်နှင့်၊ မကြည်မမြတ်၊ တောက်ဆတ်ကားရား၊ ရန်စများ၍၊ မီးပွါးပမာ၊ ပြည်မသာဘူး၊ ရာဇာနှစ်မင်း၊ ပြည်ထောင်ချင်းလည်း၊ မကင်းကိစ္စ၊ ယှိကာလနှိုက်၊ ၀နရုက္ခ၊ တောစိုးစသည်၊ အညမညံ၊ ပင်ချင်းရံသို့၊ ဆက်ဆံတကွ၊ ကူညီရမှ၊ ဌာနအောင်ချာ၊ ပြည်ကြီးသာလိမ့်၊ မေတ္တာမဆက်၊ သစ္စာပျက်က၊ စစ်မက်လည်းပွါး၊ ပြည်ချောက်ချား၍၊ တိုင်းကားမသာ၊ ပြည်ကြီးနာလိမ့်၊ မေတ္တာ သစ္စာ၊ ဤနှစ်ဖြာကို၊ သေချာ ပိုင်းခြား၊ ၀မ်းဝယ်ထားလျက်၊ တရားကင်းဘိ၊ ပရိကပ္ပ၊ လိပ်စူဋ္ဌသို့၊ တွေ့သမျှ ယမ်း၊ ကျရာဖမ်း၍၊ ပရမ်းပတာ၊ ပြောတတ်စွာသည့်၊ သမ္မာမဲ့ငြား၊ သူ့စကားနှင့်၊ ချောစားဂုံးတိုက်၊ လူ့စရိုက်ကို၊ မလိုက်မနာ၊ တည်ကြည်စွာလော့၊ တောမှာ ကျီးငှက်၊ အိမ်မှာ ကြွက်သို့၊ သူပျက် သူလောင်၊ ပြည်ငြောင့်ကောင်လည်း၊ မရှောင် လုယက်၊ နိုင်အထက်ဖြင့်၊ ပျက်ပျက်စီးစီး၊ အချည်းနှီးအောင်၊ ဖျက်ဆီးမှုသာ၊ ပြုတတ်စွာ၏။ သမ္မာမကြိုက်၊ စရိုက်ယွင်းချော်၊ မအော် မအမ်း၊ အကျင့်သွမ်းနှင့်၊ ဟော့ရမ်းယုတ်မာ၊ မိစ္ဆာလူမျိုး၊ မိုက်အားကိုးတို့၊ မိုက်ဆိုးမိုက်ရဲ၊ မိုက်မိုးကဲ၍။   ပြည်ထဲ မမွှေရစ်စေနှင့်။။

❁ မန်လည်ဆရာတော်ဘုရားကြီး ❁
မဟာသုတကာရီ မဃဒေ၀လင်္ကာ ပုတ္တောဝါဒခဏ်း


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>