2 3 4 5 6 7 8 9 10

Monday, April 29, 2013

သေရည်သောက်သူနှင့် ရောင်းသူ ( ဘာသာရေး အမေး၊ အဖြေများ )









မေး။    ။ အရှင်ဘုရား
       တပည့်တော်သည် သေရည်သေရက် သောက်သူများနှင့် သေရည်သေရက်ဆိုင်များ အများအပြား တွေ့ခဲ့ဖူး ပါသည်။ သေရည်သေရက် သောက်သူများ သူရာမေရယကံ ထိုက်သည်ဆိုတာကတော့ စာပေများ ၌ တွေ့ဖူး ပါသည် ဘုရား။ သေရည်သေရက် ရောင်းသူများမှာမူ အဘယ်ကံထိုက်၍ မည်သို့သောအပြစ်များ ရပါသလဲ ဘုရား။ တပည့်တော် မရှင်းမလင်း ဖြစ်နေပါ၍ ဖြေကြားပေးစေချင်ပါသည်။ ဘုရား။
ရဲဝင်းနိုင်၊ မလှိုင်မြို့နယ်၊ မန္တလေးတိုင်း။

ဖြေ။    ။ ဗုဒ္ဓစာပေများတွင် ဥပါသကာတို့ မရောင်းရသော ကုန်ငါးပါးဟူ၍ ရှိပါသည်။ ယင်းတို့မှာ -
( ၁ ) လက်နက်ရောင်းခြင်း
( ၂ ) လူကို ရောင်းခြင်း
( ၃ ) ကြက်၊ ၀က် စသော ရောင်းခြင်း
( ၄ ) အရက် စသော ယစ်မျိုး ရောင်းခြင်း
(  ၅ ) အဆိပ်ရောင်းခြင်း      စသော ကုန် ၅ - မျိုး ကို ရောင်းချ၍ စီးပွားရှာသူများမှာ ဥပါသကာဂုဏ် ပျက်ယွင်း၍ အကုသိုလ် အမြဲတိုးပွားနေသူများ ဖြစ်ကြသည်။ သူတော်ကောင်းစာရင်းမှ ပယ်ဖျက်ခံရသူများဖြစ်၍ ထိုကုန် ငါးမျိုးဖြင့် စီးပွားရှာသူများအား ရပ်မိရပ်ဖ၊ လူကြီးမိဘ စသည့် နေရာများ၊ ရွေးကောက်ပွဲများမှ အပယ်ခံ ကြရ ပါသည်။

ဆရာတော် ဦးတိလောကဿရ
မြတ်မင်္ဂလာ ဘာသာရေး အမေးအဖြေများ

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>