2 3 4 5 6 7 8 9 10

Saturday, November 5, 2011

ရင်ကွဲ တံခါး ...




ရင်ကွဲ တံခါး ...


အခါးတွေချည်း ထွေးထုတ်လိုက်တာတောင်
ညကစိုပြည်မလာဘူး ... ။
ခပ်ထေ့ထေ့အပြုံးတွေကတော့
နှုတ်ခမ်းတစ်စုံမှာ တွဲလဲခိုလို့ ... ။

နေအခါခါဝင်သွားခဲ့ဖူးတဲ့ ညနေခင်းလေးလို
ဘဝမှာ ...
အကြိမ်ကြိမ် လက်ပြကျန်ရစ် ... ။
မဆုံးနိုင်တဲ့ ပတ်လမ်းထဲမှာမှ
ဆန္ဒများစွာနဲ့ ပျိုးကြဲနေမိသူ ... ။

ငါ ... ဒီဘဝထဲ
အဝေးရောက် တိမ်တိုက်လဲဖြစ်ခဲ့တယ် ... ။
ငါ ... ဒီဘဝထဲ
အေးစက်စက် ညတစ်ညလဲ ဖြစ်ခဲ့တယ် ... ။
ငါ ... ဒီဘဝထဲ
အိပ်ရေးမဝတဲ့ မနက်ခင်းလဲဖြစ်ခဲ့တယ် ... ။

ဒီလိုနဲ့ပဲ ...
ကျောခိုင်းသွားတဲ့ အရိပ်တွေကိုငေးကြည့်ရင်း
ကိုယ့်ရင်ကိုယ် ပြန်စေ့နေရတဲ့
တံခါးတစ်ချပ်လဲ ဖြစ်ခဲ့တယ် ... ။

ကောင်မလေး 13

* Posted by kaungmalay13 on October 1, 2010 at 4:30am 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>