2 3 4 5 6 7 8 9 10

Friday, November 4, 2011

တကယ်ဖြစ်ခဲ့မယ်ဆိုရင်


တကယ်ဖြစ်ခဲ့မယ်ဆိုရင်
လောကရဲ့ဆိတ်ငြိမ်ရာအရပ်မှာ
မျက်ရည်တွေမရှိ၊သောကတွေမရှိ
ဘာအာဃာတတွေမှရှိမနေတဲ့
အိပ်မက်တွေကိုလိုချင်မိခဲ့။

တကယ်ဖြစ်ခဲ့မယ်ဆိုရင်
ဟိုးအဝေးကကြယ်တွေကို
မကြွေစေချင်ခဲ့ဘူး..။

တကယ်ဖြစ်ခဲ့မယ်ဆိုရင်
မိသားစုတွေတိုင်း
နာကျင်စရာတွေရဲ့ဝေးရာ
ပျော်ရွှင်စရာကမ္ဘာလေးတွေကိုရစေချင်တယ်။

အို...လောက
တကယ်ဖြစ်ခဲ့မယ်ဆိုရင်
မဆုံးတဲ့သံသရာမှာ
အပြစ်ကင်းတဲ့ကလေးငယ်တွေရဲ့ ငိုချင်းနဲ့ ပဲ
ငါငိုပါရစေ .. ။

ဆူးငယ်သစ်(တောင်ကြီး)


* Posted by suengethit on September 10, 2010 at 7:30am 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>