လူဆိုတာ.....လောကကြီးထဲ
မဖိတ်ခေါ်ဘဲရောက်လာခဲ့ကြတယ်..
မနှင်ဘဲနဲ့လည်းပြန်သွားတတ်ကြတယ်..
လောကရင်ခွင်ထဲ
အူဝဲဆိုတဲ့...ငိုသံလေးနဲ့
ခရီးစဉ်တစ်ခုကိုအစပြုခဲ့တယ်..။
ဘဝဟာရထားတစ်စင်းဆိုရင်
အမှတ်တရပုံရိပ်လေးတွေဟာ...
ဘူတာစဉ်လေးတွေပေါ့..။
မီးရထားကြီးခုတ်မောင်းလို့
ဘူတာလေးတွေမှာ...ရပ်နားလို့...
တဘူတာပြီး..တဘူတာ...
ဖြတ်သန်းရင်း
ခရီးအစ...ခရီးအလယ်....
ခရီးအဆုံးထိရောက်အောင်
ခရီးနှင်နေဆဲ..။
ပုံရိပ်လေးတွေလည်း
တခုပြီးတခုပြောင်းသွားတယ်..
ဝမ်းသာခြင်းတွေ
ငိုကြွေးခြင်းတွေ
ကြည်နူးခြင်းတွေ
ခံစားမှု့အရောင်တွေစုံလိုက်တာ..။
ဖြစ်ချင်တာလည်းမဖြစ်ရ
မဖြစ်ချင်တာလည်းဖြစ်ခဲ့ရ
ဒီဘဝ..ဒီလောကထဲ.....
မီးရထားကြီးကတော့မှန်မှန်ခုတ်မောင်းနေဆဲ..။
အချိန်တွေရယ်...
တရွေ့ရွေ့တိုက်စားလို့
ရထားကြီးလဲခရီးဆုံးရောက်ဖို့နီးလာတယ်
သြော်..နောက်ဆုံးဘူတာလေးတောင်
လှမ်းမြင်နေရပါရောလား...
အစကတော့ဝိုးတိုးဝါးတား
နောက်တော့ထင်ထင်ရှားရှား...
ဟော..နောက်ဆုံးဘူတာထဲတောင်
ဝင်လာပါရောလား...
လမ်းတလျှောက်လုံး
မောကြီးပန်းကြီးခုတ်မောင်းလာတဲ့
မီးရထားကြီးလည်း....
တဖြည်းဖြည်းအရှိန်တွေလျော့လို့
နောက်ဆုံးမှာရပ်တန့်သွားလေရဲ့..။
ခုတော့လည်းအရာအားလုံး
တိတ်..ဆိတ်..ငြိမ်..သက်..သွား..တယ်...
အချိန်တန်အိမ်ပြန်ရတဲ့
ဒီလောကကြီးထဲ
ကျမတို့အားလုံးဟာဧည့်သည်တွေပါလား..။
blackroze
(17.9.2010 AM -3:59 )
* Posted by balckroze on September 21, 2010 at 3:00am
No comments:
Post a Comment