2 3 4 5 6 7 8 9 10

Friday, November 4, 2011

ထွက်ခွာသွားတော့



ထွက်ခွာသွားတော့ ...

ဒါနောက်ဆုံးအကြိမ် ရွာနေတဲ့မိုးလား
ဆွေးမြေ့စွာ ... ။ငါစိုက်ပျိုးထားတဲ့ ရာသီထဲမှာပန်းတွေ အချိန်မီပွင့်မလာခဲ့ဘူး ... ။
တစ်ကြိမ်တစ်ခါသာငေးမောခွင့်ရတဲ့
မျက်နှာလေးကိုကဗျာတစ်ပုဒ်လိုအကြိမ်ကြိမ်ပြန်ဖတ်ချင်ပေမယ့်အကြည့်တစ်ချက်မှာတောင်အစိမ်းရင့်ရောင်တွေယက်ဖွဲ့နေတော့ ... ။
တရှိုက်မက်မက် နားထောင်ခဲ့ဖူးတဲ့
ရင်ခုန်သံတွေကိုပုံပြင်ဟောင်းအဖြစ် ခေါက်သိမ်းခဲ့ပြီးမှမိုးတိတ်တဲ့အထိလဲ မစောင့်နဲ့တော့ ... ချစ်သူ ... ။
ငါတို့ချစ်ခြင်းရဲ့ တံခါးတစ်ချပ်သာ
တွန်းထွက်သွားဖို့ လွယ်ရင်ဒီအခန်းထဲ ...သံယောဇဉ်ကင်းကင်းနဲ့ပဲနေခဲ့ပါရစေတော့ ... ။

ကောင်မလေး 13  * Posted by kaungmalay13 on September 7, 2010 at 6:00am 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>