2 3 4 5 6 7 8 9 10

Saturday, November 5, 2011

သက်တန့် အိပ်မက်

ကောင်းကင် ကံကြမ္မာက
ကြွေတစ်လှည့် ကြက်တစ်ခုန်
တိမ်ထူလိုက် ..... နေသာလိုက်
ရာသီစက်ဝန်းထဲ ငါ့ကို ထားခဲ့တယ် ။
မိုး ..................မိုး .................... မိုး
နေရောင်ခြည်ကို မြတ်နိုးပါတယ်
တိမ်တိုက်တွေပဲ လွှမ်းခြုံထားခဲ့တယ်
ငါ့စိတ်တွေ အုံ့မှိုင်းသွားတဲ့အထိ ။
တိမ်တိုက်တွေ ပြိုရမလား လွင့်ရမလား မုတ်သုန်ရေ .......
အမြင့်ပေါ်တက်ကစားရင်း
မြေကြီးနဲ့ ပိုနီးလာတယ် ။
တိမ်တိုက်တွေ အရည်ဖျော်ပြီးချိန်
ရောင်စဉ်တွေ ငါ့ကို ကြိုလှည့်ပါ ။
မြေကြီးပေါ်မှာ မအိပ်စက်ခင်
သက်တန့်တစ်စင်းလောက်တော့ ထမ်းသွားချင်တယ် ။ ။


( သန်းထွန်းလင်း )
* Posted by သန်းထွန်းလင်း on October 10, 2010 at 6:00am 


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>