2 3 4 5 6 7 8 9 10

Friday, November 4, 2011

သတ်ပုံပြိုင်ပွဲ

အမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီမြို့ တော်ကြီးတွင် တစ်နိုင်င်္ငလုံး အတိုင်းအတာဖြင့် သတ်ပုံပြိုင်ပွဲတစ်ရပ်ကို ကျင်းပရာ တစ်နိုင်ငံလုံးမှ သတ်ပုံရေးရာကျွမ်းကျင်သူ ကျောင်းသူ၊ကျောင်းသားများ ၀င်ရောက်ယှဉ်ပြိုင်ကြသည်။ ဤသတ်ပုံပြိုင်ပွဲသည်စတှုတ္ထအကြိမ်မြောက်ကျင်းပသောပွဲဖြစ်သည်။တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သောအမျိုးသားသတ်ပုံဝိဇ္ဇာရွေးချယ်ပွဲကြီးဖြစ်သည်။ထိုပြိုင်ပွဲကြီး
ကိုအမေရိကန်တစ်နိုင်ငံလုံးမှလည်းစောင့်ကြည့်အားပေးလျက်ရှိသည်။


တက္ကသိုလ်များ၊ကောလိပ်များ၊အထက်တန်းကျောင်းများနှင့်သတ်ပုံလေ့လာသူအများအပြား ၀င်ရောက် ယှဉ်ပြိုင်ကြသည်။ သတ်ပုံ ၀ိဇ္ဇာပြိုင်ပွဲသတင်းကိုသတင်းဋ္ဌာနပေါင်းများစွာကလည်းသတင်းရေး တီဗွီရိုက်ကာ ထုတ်လွှင့်ပေးသည်။ နိုင်ငံတစ်ဝန်းလုံးကစိတ်ဝင်စားသောပွဲကြီးဖြစ်သည်။ ထိုပွဲတွင် သတ်ပုံဝိဇ္ဇာဘွဲ့ ရရှိပါကရရှိမည့်ဆုလာဘ်များကလည်း မနည်းပါ။ မိမိကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင် သောတက္ကသိုလ်၊ကောလိပ်တို့ က ရရှိသည့် ဂုဏ်သတင်းကလည်း ကြီးမားပါသည်။ သတ်ပုံဝိဇ္ဇာဘွဲ့  သည် ရတောင့်ရခဲဖြစ်သည်။သတ်ပုံဝိဇ္ဇာဘွဲ့ သည်တစ်သက်တာကာလတွင်ဂုဏ်သရေရှိသည့်ဘွဲ့ လည်း ဖြစ်သည်။

ထိုပြိုင်ပွဲသို့ တောင်ကာရိုလိုင်းနားပြည်နယ်မှအသက်တစ်ဆယ့်တစ်နှစ်အရွယ်ရှိရိုစလီဆိုသောအမျိုးသမီးကျောင်းသူလေးကလည်း သူ့ ပြည်နယ်၊ သူ့ ကျောင်းကိုကိုယ်စားပြုကာဝင်ရောက်ယှည်ပြိုင်ခဲ့ သည်။ ရိုစလီအလှည့်တွင်သတ်ပုံစစ်ဆေးရေးအဖွဲ့ ကရိုစလီအား AVOWAL ဟူသောစာလုံးကိုရွတ်ဆိုစာလုံးပေါင်းခိုင်းရာတွင်တောင်ပိုင်းလေသံဝဲနေသောရိုစလီ၏အသံထွက်သည်စာလုံး၏အစကိုA
နှင့်အသံထွက်လိုက်သလား၊Eနှင့်အသံထွက်လိုက်သလားဆိုသည်ကိုအကဲဖြတ်ဒိုင်လူကြီးများမသဲမကွဲ ဖြစ်ရလေသည်။ ထိုအခါအသံဖမ်းစက်နှင့်ဖမ်းယူထားသောတိပ်ခွေကိုပြန်၍နားထောင်ရာတွင်လည်းတောင်ပိုင်းလေသံဝဲနေ၍ A နှင့် E ကို မကွဲပြားပေ။ အသံချဲ့ နားထောင်၏။အကြိမ်ကြိမ်နားထောင်၏။ သို့ သော်ဘယ်ဒိုင်လူကြီးကမှ A ပါ E ပါဟုအသေအချာမပြောနိုင်ပဲရှိနေလေသည်။ ရိုစလီ၏A နှင့် E မသဲကွဲမှုကလည်းအတော်အရေးကြီးနေ၏။

ရိုစလီသည် Aနှင့်အသံထွက်လိုက်သည်ဆိုပါက သူသည်စတုတ္ထအကြိမ်မြောက်အမျိုးသားသတ်ပုံပြိုင်ပွဲကြီးတွင် သုံးမှတ်အပြတ်နှင့် သတ်ပုံဝိဇ္ဇာဘွဲ့ ကိုရရှိမည်ဖြစ်၍၊ E နှင့်အသံထွက်ခဲ့ ပါကအခြားတစ်ဦးကသတ်ပုံဝိဇ္ဇာဖြစ်ချေမည်။

အကဲဖြတ်ဒိုင်အတွက်လည်းအခက်ခဲဖြစ်ရပါသည်။ထိုအခက်အခဲကိုဒိုင်ချုပ်ကပြိုင်ပွဲသို့ လာရောက် အားပေးနေကြသောပရိသတ်များ၊လာရောက်သတင်းယူနေကြသောသတင်းစာဆရာများအားအသိပေးကာ ဤကိစ္စအား ကာယကံရှင်ရိုစလီအား မေးရန် ဆုံးဖြတ်ကြောင်း ပြောကြားလိုက်သောအခါ ခန်းမကြီးတစ်ခုလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြလေသည်။
ပရိသတ်၏တစ်ယောက်တစ်ပေါက်ပြောကြားမှုများကြောင့်စင်ပေါ်မတက်ခင်ကပင်အဖြေမှန်ကိုရိုစလီသိနေပြီဖြစ်၏။ရိုစလီသည်ဝိုင်း
ဝန်းအော်ဟစ်အားပေးမှုများအကြား၊လက်ခုပ်သံများအကြားမှစင်မြင့်ပေါ်သိုရဲဝံစွာတက်ရောက်သွားလေသည်။စတုတ္ထအကြိမ်မြောက်သတ်ပုံဝိဇ္ဇာဘွဲ့ သည်ရိုစလီအတွက်သာဖြစ်လေတော့သည်။
ရိုစလီသည်အကဲဖြတ်ဒိုင်လူကြီးများရှေ့ တွင်ရိုသေစွာရပ်နေလေသည်။" လူကြီးများကမင်းအသံက တောင်ပိုင်းသံဝဲနေတော့ A လား E လားဆိုတာဦးတို့ မသဲကွဲဖြစ်နေခဲ့ ပါတယ်။Avowal ဆိုတာကို A နဲ့ ပေါင်းလိုက်တာလား E နဲ့ ပေါင်းလိုက်တာလားဆိုတာကိုပြောပြပေးပါ" လို့ မေးလိုက်ပါတယ်။ ထိုအခါစောစောကလက်ခုပ်သံများ၊အားပေးသံများသည်မီးကိုရေနှင့်ငြိမ်းလိုက်သလိုငြိမ်ကျသွားလေသည်။

ထိုအချိန်တွင်ရိုစလီက" လူကြီးများရှင့် ကျွန်မလူကြီးမင်းတို့ ကိုစာလုံးပေါင်းပြစဉ်က E နဲ့ မှားယွင်း ပေါင်းပြခဲ့ မိပါတယ်" ဟုရှက်ပြုံးလေးဖြင့်ဝန်ခံလိုက်လေသည်။
ပရိတ်သတ်အပေါင်းတို့သည်ရိုစလီစင်ပေါ်မှဆင်းလာသည့်တိုင်ငြိမ်၍မှင်သက်နေမိသော်လည်းအလယ်လမ်းမကြီးအတိုင်းလျှောက်လာ၍မိမိတို့ ရှေ့သိုရိုစလီေ၇ာက်ရှိလာသောအချိန်တွင်ကားပရိတ်သတ်ကြီးကမတ်တတ်ရပ်ကာလက်ခုပ်သံများညံမစဲအောင်ဩဘာပေးရင်းရိုစလီ၏ရိုးသားမှု၊သစ္စာရှိမှု၊ဖြောင့်မတ်မှန်ကန်မှုတို့ ကိုလှိုက်လှဲစွာဂုဏ်ပြုခဲ့ကြလေသည်။ဒေသခံသတင်းစာများသာမက၊အမေရိကန်နိုင်ငံထုတ်သံလွှင့်ဋ္ဌာနများမှလည်းရိုစလီ၏ရိုးသားမှု၊
သစ္စာစောင့်သိမှုတို့ ကိုဂုဏ်ပြုရေးသားကြလေသည်။" အခုလိုသစ္စာစောင့်သိသူလူငယ်မျိုးငါတို့ အမေရိကန်များထဲတွင် ရှိသည်" ဟုဂုဏ်ယူစွာဖြင့်ရေးသားခဲ့ ကြလေသည်။

ရိုစလီသည်ထိုနေ့ ကသတ်ပုံဝိဇ္ဇာဘွဲ့ ကိုလက်လွှတ်ဆုံးရှုံးခဲ့၏။သို့ သော်ထိုနေ့ ကရိုစီရရှိခဲ့ သောရိုးသားသူဘွဲ့ ကားအမေရိကန်၏ နယ်နိမိတ်ကိုကျော်လွန်သွားခဲ့ လေသည်။


ဖတ်ဖူးတာကိုပြန်ပြီးမျှဝေလိုက်တာပါ...

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>