2 3 4 5 6 7 8 9 10

Friday, November 4, 2011

တို့ဖေဖေ ပြောပြတက်သော ပုံပြင်လေးများ ( အပိုင်း ၃ )

. 
အသေးအမွှားစော်ကားမှု့လေးကို သည်းခံလိုက်ပါ.. 
ကြီးကြီးမားမားစော်ကားခံရခြင်းမှ လွတ်ကင်းမည်..
အသေးအမွှားဆုံးရှုံးမှု့ကို လက်ခံလိုက်ပါ..
ကြီးကြီးမားမားဆုံးရှုံးခြင်းမှ လွတ်ကင်းမည်..။


တရုတ်ပညာရှိတစ်ဦးရဲ့ သြ၀ါဒပါ။ နာမည်အတိအကျ မသိတော့ပေမယ့် သူ့ရဲ့ ဆုံးမစကားလေးက လေးစားစရာကောင်းလို့ပါ။ 


 တော်စတွိုင်းရဲ့ ပုံပြင်တစ်ပုဒ်မှာလည်း မျောက်တစ်ကောင်က ပဲစေ့တွေ ကို လက်နှစ်ဆုတ်စာ အပြည့်ယူလာတုန်း ပဲစေ့ လေးတစ်စေ့ လက်ကြားထဲကထွက်ကျတာကို သူလိုက်ကောက်တော့ ဆယ်စေ့လောက် ထွက်ကျတယ်။ အဲဒါကိုထက်ကောက်တော့ အစေ့နှစ်ဆယ်လောက် ထက် ထွက်ကျတယ်။ အဲလို လိုက်ကောက်လိုက် ထွက်ကျ လိုက်နဲ့ နောက်ဆုံး မျောက် စိတ်တို လာတော့ ပဲစေ့ တွေ အားလုံးလွှင့်ပစ်ပြီးတော့ ထွက်ပြေး သွားတော့သတဲ့။  တရုတ်ပညာရှိ ပြောတဲ့ စကားအရဆိုရင်တော့ အသေးအမွှားဆုံးရှုံးမှု့လေး ကို လက်မခံနိုင်လို့ ကြီးကြီးမားမား ဆုံးရှုံးမှု့ကို ၇၇ှိသွားတာလေ။ ဒီလိုပါပဲ လူတွေမှာလည်းအသေးအဖွဲကို လိုက်ရှင်းရင်း မနိုင်မနင်းဖြစ်ပြီး အလုပ်ကြီး တစ်ခုလုံးပျက်စီးသွားရတဲ့ သူတွေလည်း အများကြီး ၇ှိကြပါတယ်။ နားလည်သူတွေကတော့ ပဲစေ့ တစ်စေ့နဲ့ ပြီးမဲ့ကိစ္စမှာ နောက်ထပ် အနာ မခံတော့ဘူး။ အဲဒီပဲစေ့ကိုပဲချန်ထားလေ့၇ှိကြတယ် ။ ဒါပေမယ့် လူတိုင်း အဲဒီလို ပဲစေ့ တစ်စေ့နဲ့ ပိုင်းတက်တာတော့ မဟုတ်ပါဘူး။ လက်နှစ်ဖက်လုံးက ပဲစေ့တွေ ထွက်ကျတော့မှသွားလုပ်မိတာ မှားမှန်းသိကြတဲ့ လူတွေလည်း အများကြီး ၇ှိတာပဲ။ အဓိက ကတော့ ချင့်ချိန် တွက်ဆမှု့ လွဲတာပေါ့နော်။ ချင့်ချိန် တွက်ဆတာ မှန်ဖို့ ဆိုတာကအနည်းဆုံး ခေါင်းအေးအေးနဲ့တော့ စဉ်းစားဖို့ လိုတာလေ။
လူတော်တော် များများကလည်း ကိုယ် မကြိုက် မနှစ်သက်တဲ့ ကိစ္စမျိုးကို ကြုံပြီဆိုရင် ခေါင်းအေးအေး ထားပြီး မစဉ်းစားနိုင်ကြဘူး။ ဒေါသနဲ့သာတုန့်ပြန်မိတာက များတာကို။ ဒေါသ ထွက်လေ လွဲလေ၊ လွဲလေ ဒေါသထွက်လေနဲ့ပဲချာချာလည်ပြီး အဖေပြောတဲ့ ကိုယ့်အရိပ်နဲ့ကိုယ် ပြသနာ တက်နေတဲ့ သူနဲ့တူတော့ တာပဲ။



  ..တစ်ခါက လူတစ်ယောက် စိတ်ရူးပေါက်ပြီး လူအလစ်မှာ ကိုယ်အ၇ိပ်ကို လိုက်ဖမ်းကြည့်သတဲ့။ အ၇ိပ်က ကိုယ့်အနားလေး ကပ်နေတာလေ..အဲဒါကို ရှေ့လှမ်းဖမ်းကြည့်တော့...အရိပ်က ကိုယ့်ရှေ့ပိုထွက်သွားတယ်.. ဖမ်းမရဘူး။ ဖမ်းလေ မရလေ၊ ဖမ်းလေ ထွက်ပြေးလေ...အတင်းလိုက်ဖမ်း..အရိပ်က အတင်းထွက်ပြေး၊ ရပ်နေတော့ ကိုယ့်ရှေ့နားလေးမှာ ရပ်နေတယ်။ ကြာတော့ ဒါကြီးကိုပဲ ကြောက်သလိုဖြစ်လာပြီး ဆက်မဖမ်းရဲတော့ဘူး။ မနေနိုင်လို့ မသိမသာပြန်ကြည့်လိုက်တော့ ကိုယ့်နားလေးမှာ
...ခပ်ဆတ်ဆတ်ခွာထွက်တယ် မရဘူး...ရှေ့တိုးနောက်ဆုတ် လုပ်ကြည့်တယ်...ကွာမကျဘူး။ ခပ်သွက်သွက်လျှောက်တယ်....
မသိမသာပြေးတယ်..အဲဒီနောက် တအားပြေးတယ်...ဘယ်လိုလုပ်လုပ် အရိပ်က သူ့နောက်မှာပဲ တောက်လျှောက်လိုက်ပါနေ
တာ။ အဲဒီလိုပါပဲ..တစ်ခါတစ်လေကျတော့လည်း ဘာမှအရေးမဟုတ်တာလေးတွေကို ပွားများကပ်ငြိနေမိရင် ကိုယ်ရှာတဲ့ ဒုက္ခထဲ ကိုယ်နစ်သွားတက်တာလေ။ ကိစ္စတိုင်းမှာ ကဲကဲဆတ် ဖြစ်နေစရာမလိုဘဲ...မသိချင်ယောင်ဆောင်လို့ရတဲ့ အသေးအမွှားကိစ္စတွေ
ကို မသိချင်ယောင်ဆောင်တာက ကိုယ်အတွက် ပိုပြီး အကျိုး ဖြစ်ထွန်းစေတက်ပါတယ်။
................မသိချင်ယောင်ဆောင်လို့ရတဲ့ ကိစ္စသေးသေးလေးတွေကို အသာမထားပဲ ဆတ်ဆတ်ထိမခံ ကိုယ်က ဒေါသနဲ့ ပုံကြီး
ချဲ့ ခံစားကာမှ အသေးအမွှားကနေ အဆမတန် ကြီးထွားပြီး ကိုယ့်ကို ဒုက္ခပေးတော့ တာပဲလေ။ ပြသနာ မဟုတ်တာကို ပြသနာ
လုပ်ရင် ပြသနာက ကိုယ့်ကို ပြန်ရှာတက်တဲ့သဘောကို အဖေက ဂျပန်ဘုန်းကြီး ပုံပြင် တစ်ပုဒ်နဲ့ပြောပြဖူးပါတယ်။ တစ်ခါက ဂျပန်ပြည်မှာ ဘုန်းကြီး တစ်ပါး၇ှိတယ်တဲ့။ အဲဒီဘုန်းကြီးက အလွန်စိတ်တိုတက်သတဲ့။ ဘာလေး တစ်ခုကိုမှ သည်းမခံနိုင်ဘူးဆိုပဲ။ ပြီးတော့ သူ့ကျောင်းနားမှာ ဖက်ယားပင်ကြီး တစ်ပင်လည်း၇ှိတယ်တဲ့။ အဲဒီအပင်ကို အစွဲပြုပြီး အနီးအပါးက လူတွေက သူ့ကို ဖက်ယားဆရာတော်လို့ ခေါ်ကြတယ်။ သည်ခေါ်သံကို မကြာခဏကြားနေရတော့ သူဒေါသထွက်ပြီး တစ်နေ့မှာ ဖက်ယားပင်ကြီး
ကို ခုတ်ပစ်သတဲ့။ သစ်ပင်ကြီးကို ခုတ်ပစ်လို့ ငုတ်ချည်းကျန်နေတော့.. လူတွေက သစ်ငုတ်တိုဆရာတော်လို့ပြောင်းခေါ်ကြတယ်။ ဒါကို ကြားတော့လည်း... သူမခံမရပ်နိုင်ဖြစ်ပြီး “ဒီလောက်တောင်ရှိတာကွာ“လို့ အတေးထား သစ်ငုတ်ကိုပါတူးပစ်လိုက်သတဲ့။ အဲ..ငုတ်မ၇ှိတဲ့ အခါ လူတွေက တစ်မျိုးပြောင်းခေါ်တယ်။ ငုတ်တူးဆရာတော်တဲ့။ ဒီလို အခြေအနေမျိုးမှာ ဆိုရင် ဆက်လုပ်လေ ကိုယ်ရှုံးလေပဲလေ။ စင်စစ် ပြသနာဆိုတာကလည်း ကိုယ်က ပြသနာလို့ခံယူမှ ပြသနာ ဖြစ်တာပါ။ စိတ်အေးအေးထားပြီး စဉ်းစားကြည့်ရင် ကိစ္စတော်တော် များများက အသေးအမွှားလေးတွေ ဖြစ်နေတက်ကြတယ်။ နေရာ တကာတိုင်းမှာ အလျှော့ပေး၊ သည်းခံ၊ သူများသဘောချည်း လိုက်နာရမယ်လို့ ပြောတာတော့ မဟုတ်ဘူးပေါ့။ အနည်းဆုံးတော့....မိမိမှာ ရှိတဲ့ အရှိကို.....
အ၇ှိတိုင်းတော့.... မိမိကိုယ်တိုင်က လက်ခံနိုင်ရလိမ့်မယ်။
  .လောကမှာကလည်း သင့်တင့်လျှောက်ပတ်တဲ့ အောင်မြင်မှု့ရှိဖို့ ဆိုရင် အချို့အရာတွေကို ကျမတို့က ဒါကောင်းတယ်၊ ဟိုဟာမှန်တယ်၊ ဒီလိုဆို ပိုသင့်တော်တယ် ...စသည်ဖြင့် စဉ်းစားရွေးချယ်ပြီး ကိုယ့်အတွက် ပိုပြီးအကျိုးဖြစ်ထွန်းစေနိုင်တဲ့ဘက်နဲ့ အနီးဆုံး အနေအထားကို ပြောင်းလဲလာအောင် စီမံဖန်တီးဖို့တော့ လိုပါလိမ့်မယ်။
  .တစ်ခါတစ်လေကျတော့လည်း တစ်ချို့အရာတွေကို မိမိဖြစ်စေချင်တဲ့ပုံစံ ပြောင်းလဲဖို့ မစွမ်းသာတဲ့ အခြေအနေမျိုး
တွေမှာ “မဖြစ် ဖြစ်အောင်အားထုတ်မယ်“ ဆိုပြီးလုပ်ကာမှ အကျိုးထက် အပြစ်ကများတက်တာမျိုးလည်း ရှိတက်ပါတယ်။ ဒ့ါကြောင့် ကောင်းတဲ့ ဘက်မှာ ရာခိုင်နှုံး အများဆုံး ဦးတည်ချင်တယ် ဆိုရင်တော့...အကောင်း..အဆိုး၊ အမြတ်..အယုတ်၊ အကျိုး..အပြစ်...စတာတွေကို ဥာဏ်နဲ့ဆင်ခြင်၊ ဦးဏှောက်နဲ့ တွေးတော တိုင်းထွာပြီး ဆုံးဖြတ်နိုင်ရပါမယ်။ အဲဒီလိုလည်း ဆုံးဖြတ်နိုင်ကြပါစေလို့ သူငယ်ချင်း အားလုံးကို ဆုတောင်းပေးရင်း......အပိုင်း ၄ ကို ကြိုးစားရေးပါရစေ။
ကမ္ဘာသစ်က သူငယ်ချင်းများ အားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်။ ။

ကြည်မျိုးခိုင် ( မကွေး )

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>