2 3 4 5 6 7 8 9 10

Friday, November 4, 2011

သံသရာ ခရီးသည်

ငါလာတော့လည်း၊တစ်ယောက်ထဲပါ
လက်တွဲခေါ်ရာ၊ဖော်မပါဘူး
ငါဘယ်ကလာ မမေးပါနဲ့
နေရာအတိ၊ငါမသိဘူး
ငါပျော်တော့လဲ တစ်ယောက်ထဲပါ
သံသာနယ်ထဲ၊သြဃ၀ဲပေါ့
ငါပြန်တော့လဲ၊တစ်ယောက်တည်းပါ
လက်တွဲခေါ်ရာ၊ဖော်မပါဘူး
ပြန်ရာဒေသ၊မေးပါကလည်း
လုံးဝနတ္ထိ၊ငါမသိဘူး
သို့သော် ငါ့မှာ၊ လာပြီးတော့နား
ပြန်မသွားခင်၊ချိန်ခါတွင်မှ
ဝန်းကျင်ပတ်လည်၊ငါခင်တွယ်၍
ပြုံးရယ်မဲ့ငို၊
မလိုနိမ့်ချ လိုမြောက်ကြနှင့်
ဘ၀ဇာတ်ခုံ ကကြိုးစုံပြီး
တွေ့ကြုံဆုံရ ဘုံဘ၀တွင်
ဖြစ်လျှင်ပျက်မြဲ၊ဧကန်ပဲမို့
အားခဲကြိုးစား မြတ်တရားကို
ရှုပွားဆင်ခြင်ခရီးနှင်မည်
ငါလျှင် ဧည့်သည်ဖြစ်သောကြောင့်။ ။


ပန်းအိုင်-မောင်ယဉ်ကျေး


* Posted by khaingsukyi on September 4, 2010 at 9:00am 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>