2 3 4 5 6 7 8 9 10

Saturday, November 5, 2011

အနာဂတ်ကမ္ဘာ ( The earth of embryo )


 

လူသားတို့ရှင်သန်ရာ မြေကမ္ဘာ

တစ်ချို့က လောဘကို အတောမသတ်


သဘာဝတရားဆီက သယံဇာတတွေကို


လိုအပ်တာထက်ပိုပြီး အနိုင်ကျင့်ယူတယ် ။


သည်းခံတယ်


သူ ..........သည်းခံခဲ့တယ် ။


နောက်ဆုံး ............


သည်းမခံနိုင်တဲ့အဆုံး


ဒေါသကရုန်းကြွ


ကုန်းထလို့ လာခဲ့ပြီ ။


ယူတတ်တုန်းက သူကူတယ်


အယူမတတ်တော့ သူပူလာပြီ ။


ဖောက်ပြန်လာတဲ့ လူတွေကို


ဖောက်ပြန်လာတဲ့ သဘာဝတရားက


ဒဏ်ခတ်မှုတွေ ပြင်းထန်လာပြီထင်ပါရဲ့ ။


လူတွေယူခဲ့တာ သယံဇာတ


ပြန်ပေးဆပ်နေရတာ ဘေးဒုက္ခ


အသက်နဲ့အိုးအိမ် ၊ စည်းစိမ်နဲ့အနာဂတ်


အန္တရာယ်တွေဝိုင်းလို့လာတယ်


အနာဂတ်တွေပွန်းပဲ့လာမယ် ။


မသိတဲ့သူက ဇွတ်ယူတုန်း


သိတဲ့သူက တွေးပူမဆုံး ။ ။



( သန်းထွန်းလင်း )



( P .S - ဖန်တီးထားသော ပန်းချီ ( The earth of embryo ) အား စေတနာဖြင့် အသုံးပြုခွင့်ပေးသော ညီမ ပုံ့ပုံ့ အား ကျေးဇူးတင်ပါသည် )

* Posted by သန်းထွန်းလင်း on October 27, 2010 at 6:00am


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>