2 3 4 5 6 7 8 9 10

Friday, November 4, 2011

နောက်ဆုံး သစ်ရွက်




နောက်ဆုံးသစ်ရွက် ...

လေတစ်ချက်အဝေ့မှာ
နောက်ဆုံးသစ်ရွက်လေးတစ်ရွက် ကြွေကျသွားတယ် ... ။
တစ်စုံတစ်ယောက်အတွက်
မမှေးမှိတ်ခဲ့တဲ့ မျက်ဝန်းများ ...
အခုတော့
တစ်နေရာတည်းမှာ ငြိမ်သက်လို့ ... ။

နွယ်ပင်လေးရေ ...
ပြေလျော့သွားတဲ့ လက်ချောင်းလေးတွေကို
မကြာခဏ အိပ်မက်မက်ရင်း
နံနက်ခင်းရဲ့ နုသစ်ခြင်းတွေလဲ
အကန့်သတ်မဲ့ ပျောက်ဆုံးခဲ့ရ ... ။

နွယ်ပင်လေးရယ် ...
ရာသီတွေ တကျော့လည်လာပေမယ့်
အလွမ်းပြေဆိုတာ
ငါ့ကမ္ဘာမှာ မပွင့်တဲ့ပန်းတွေမို့
ငါ ...
လေတစ်ချက်အဝေ့မှာ
နောက်ဆုံးကြွေသွားတဲ့သစ်ရွက်လေးပဲ
ဖြစ်လိုက်ချင်တော့တယ် ... ။

ကောင်မလေး 13

* Posted by kaungmalay13 on September 14, 2010 at 4:00am 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>