2 3 4 5 6 7 8 9 10

Saturday, November 5, 2011

ရင်ထဲက စကားများ


လူ့ဘ၀ဆိုတာ ခဏလေးပါ ။
တစ်ခါတစ်လေမှတွေ့ရတာ
ဘာကြောင့်များတစ်ယောက်ကိုတစ်ယောက် အနိုင်လိုချင်ကြရတာလဲ ။
တစ်ယောက်ကိုတစ်ယောက် မုန်းကြတာလဲ ။
စိတ်နာကြတာလဲ ။
မနာလိုစိတ်တွေနဲ့ ရန်ငြိုးတွေသို တမာလိုခါးကြတာလဲ ။
ချစ်သည်ဖြစ်စေ မုန်းသည်ဖြစ်စေ
တစ်နေ့မှာ ခွဲခွါခြင်းနဲ့ အဆုံးသတ်ရမှာပဲလေ။
ချစ်ခြင်းတရား
ပွားများလေ့ကျက် နေ့ရက်ဆက်ကြည့်
မြင်မိသမျှ သဘာဝ
ထာဝရအေး ငြိမ်းချမ်းဆေးပေါ့ .... ။
အမုန်းတရား
ပွားများလေ့ကျက် ကိုယ့်မျက်နှာကိုယ်
အမုန်းပိုမိ ရှိရှိသမျှ
ဒေါသစိတ်ပွား ခံစားနာကျင်
အမုန်းပင်စိုက် မုန်းလိုက်မှာလား ... ။
စဉ်းစားတွေးမိ
ရှိသည့်အဖြေ ပေးမျှဝေမိ ..... ။ ။ 

* Posted by Moe Zaw Thura on October 25, 2010 at 9:00am 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>