2 3 4 5 6 7 8 9 10

Sunday, August 12, 2012

အလုပ်မှာ အဆင်ပြေပြေနဲ့ ကျန်းကျန်းမာမာ ဖြစ်ချင်ရင်



 သူငယ်ချင်းများအားလုံးမင်္ဂလာပါ.. 
                စိတ်ကော လူကော ကျန်းမာပျော်ရွှင် ပြီး ဘောနပ်စ် တွေလဲ များများရပါစေလို့ အားလုံးကို ဆုတောင်းပေးပါတယ်နော်... ကျမတို့ ရုံးမှာ ဘောနက်စ်ရမယ်လို့ အစည်းအဝေး မှာ ကြားလိုက်ရတော့ စိတ်ထဲမှာ ကြိတ်ပြီး ပျော်သွားတယ်။ အခု နှစ်ကုန် ခရစ်စမတ်မှာ ဒစ်စကောင့်တွေ ချတော့ ၀ယ်လို့ ..ကောင်းတော့မှာ.. တနှစ်လုံး အလုပ်လုပ်ခဲ့ .. လခတွေရပေမဲ့ အဲဒီလောက်ကြီး မစုမိပါဘူး ... ။ ကျမအနေနဲ့က မိသားစုအတွက်လဲ ပြန်ကြည့်ရပါတယ် ။ အခုတော့ အပိုဝင်ငွေလေးရဦးမှာ ဆိုတော့ ပျော်မိတယ် .. ဒါပေမဲ့ဘာဝယ်ရမယ်ဆိုတာထက် ကျမ အမေ နဲ့ မိသားစု နေကောင်းဘို့ကို ပိုပြီး အလေးထားနေမိတယ်... ဒီတလောမှာ ကျမ ပတ်ဝန်းကျင်မှာ လေဖြတ်တာတွေ ဆက်တိုက် ကြားနေရ တယ်.. ။ ကျမ တစ်ဝမ်းကွဲညီမ တစ်ယောက်.. သူ့မှာ ကလေး နှစ်ယောက်ရှိပါတယ်..။ 


 အသက် သိပ်မကြီးသေးဘူး.. ။ ဟိုတနေ့က လေဖြတ်သွားလို့ ဆေးရုံတင်ရတယ်တဲ့... နောက် ကျမတို့ အနောက်ဖက် အခန်းက အသက် ၅၅ နှစ်အရွယ် ဦးလေးတစ်ဦး ညက လေဖြတ်လို့ စကားပြောလို့ မရတော့ဘူး..။  မျက်လုံးဘဲ လှုတ်လို့ရတယ် တကိုယ်လုံး ဘာမှ လှုတ်လို့မရ...ပြောလို့မရ... စားတာတောင် ပိုက်ကသွင်းရတယ်လို့ သိရတဲ့အချိန်မှာ .. ကျမ အမေကို ပိုပြီး သတိရပါတယ်... အမေက အသက် ၇၂ နှစ်ရှိပြီ ... အခု ရက်ပိုင်းအေးလာလို့ သူ့ကျန်းမာရေးကို ပိုပြီး ဂရုစိုက်ဘို့ အမေနဲ့တူတူနေတဲ့ ကျမ အမတွေကို ပြောမိပါသေးတယ်...။
            ကျမကိုယ်တိုင်လည်း နေကောင်းအောင် ဂရုစိုက်ပြီးနေမှ ဖြစ်မှာ... ပိုက်ဆံရှာနေတဲ့ ဒီအချိန်... နေမကောင်းလို့ ရှိရင် ပိုက်ဆံသိပ်ကုန်တယ်.. ပိုက်ဆံကုန်တဲ့အပြင် လူရဲ့ ပြင်ပ ရုပ်ဆင်းကလဲ မလှပတော့ဘူး.. မတောင့်တင်းတော့ဘူး... အလုပ်ထဲမှာ ကိုယ်က တက်တက်ကြွကြွနဲ့ လုပ်မှ .. ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပိုပြီးရှိစေတယ်.. ပတ်ဝန်ကျင်ကလည်း ကိုယ့်ကိုပိုပြီး လက်ခံမယ်လို့ ယုံကြည်မိတယ်..။
            ကျမရဲ့ အမေလိုလဲဖြစ်.. ရှေ့ဆောင်လမ်းပြ သူလည်းဖြစ်တဲ့ အန်တီ တစ်ယောက် ရှိပါတယ်.. ကျမအရင်အလုပ်က အထွေထွေမန်နေဂျာ ပါ... သူက ကျမကို အလုပ်မှာ အဆင်ပြေပြေနဲ့ ကျန်းကျန်း မာမာ ဖြစ်ချင် ရင် ဒါတွေကိုလုပ်ပါ ဆိုပြီး ပြောပြခဲ့တဲ့ အချက်တွေကို အားလုံးသော သူငယ်ချင်းတွေ ကိုဝေမျှ ချင်ပါတယ်... ကျမလည်း ဒါတွေကို လုပ်ကြည့်တော့ မဆိုးဘူး.. သပ်သပ်အချိန်မပေးနိုင်တဲ့ ကျမတို့လို ရုံးဝန်ထမ်းတွေ အတွက် ကိုက်ညီလို့ပါ..။
- ပြုံးပါ..
- ကိုယ်ကို မတ်ထား... ထိုင်ရင်ဘဲဖြစ်ဖြစ်... မတ်တပ်ရပ်ရင်ဘဲဖြစ်ဖြစ်... ကုန်းကုန်းကြီးမနေနဲ့.. (ကိုယ်ကသာမသိတာ.. အပြင်က ကြည့်ရင် လက်ပြင်ကုန်းနေတာ ကြည့်ရဆိုးတယ်)
- လှိုက်လှဲပြူငှာမှု ရှိပါ... ချိုသောစကားကို ပြောပါ...
- တနေ့လုံး ကိုယ်လက်လှုတ်ရှားမှုသွက်လက်နေပါစေ။
- နေ့လည်ထမင်းစားအားလပ်ချိန်တွင် ထိုင်မနေပါနှင့်၊ အတတ်နိုင်ဆုံးလမ်းလျှောက်နေပါ။ နေရာမရှိလျှင် မိမိစားပွဲမှာ မတ်တပ်ရပ်ပြီး ကိုယ်ကို မတ်မတ်ကလေး နေပါ..
- ဆေးလိပ်နံ့ကင်းစင်သော နေရာ ပတ်ဝန်းကျင်ကို ဖန်တီးပါ။
- ရေကို တစ်နေ့ (၂)ဗူးကုန်အောင်သောက်ပါ။
- တစ်နေ့ကို အသီးအနှံနှင့် ဟင်းသီးဟင်းရွက် ဟင်းတစ်ခွက် စားပါ။
- အသားငါးကတော့ ပုံမှန်စားပါ။
- တစ်နေ့ကို နာရီဝက်ခန့် ကိုယ်လက်လှုတ်ရှားပေးပါ..
ဒါက နှလုံးသွေးကြောပိတ်ခြင်းနှင့် လေဖြတ်ခြင်းကို ကာကွယ်နိုင်စေတယ်တဲ့... ပြီးတော့ အလုပ်မှာ လည်း ပေါ့ပေါ့ ပါးပါးလုပ်ကိုင်နိုင်လာမယ်...
- လှေခါးကို တတ်နိုင်သမျှ အသုံးပြုပြီး တက်ပေးပါ။
- အလုပ်ခွင်မရောက်မီ ဘက်စ်ကားပေါ်မှ ကြိုတင်ဆင်းပြီး လမ်းလျှောက်ပါ။
- တနေ့တာအတွက် ဆားကို လက်ဖက်ရည်ဇွန်းတဇွန်းသာ သုံးစွဲပါ။
- အငန်လျှော့စား၊ ကြိုတင်ပြုပြင်ထားတဲ့ အစားအသောက်များ ရှောင်ပါ...
- ဆေးလိပ် ရှောင်ပါ..
- ကိုယ်အလေးချိန်ကို ထိန်းပါ....
- သံပုရာသီး တစ်နေ့ တစ်လုံးသောက်ပါ...
           ဒါက ကျမကိုယ်တွေ့ပါ... အရမ်းစားရင် ၀ိတ်တက်တယ်.... ကော်ဖီကို ခရမ်မာတွေနဲ့ တစ်နေ့ သုံးခွက်လောက်သောက်ကြည့် တစ်လလောက်ဆို သိသိသာသာ ခါးနေရာက ၀လာတယ်... ကျမ စမ်းကြည့်ပြီးပြီ... ငါ ဘာလို့ ဒီခါးနေရာက ဗိုက်နေရာက ၀လာသလဲဆိုပြီး ပြန်စီစစ်ကြည့်တာ... ခရင်မာ က အရမ်းဝစေတယ်...အခုတော့ ကျမ ကော်ဖီသိပ်ကြိုက်ပေမဲ့ တစ်နေ့ကို တစ်ခွက်လောက် သာ သောက်တော့ တယ်... အရမ်းဝရင် လူရင့်တယ်...။
             ကျမတို့က ရှေ့လျှောက် အလုပ်လုပ်ကြဦးမဲ့ မိန်းမတွေ ဆိုတော့ ... ၀၀ ကြီးတွေဆိုရင် စတိုင်မကျသလိုဘဲ... ဘယ်ကြည့်လို့ကောင်းမလဲနော... ဒီတော့ အားလုံးကို မျိုသိပ်ပြီး သည်းခံပြီး ၀မဲ့ အစားအစာတွေကို (အဆီအအိမ့်) စားချင်လည်းနည်းနည်းဘဲစား.. ဒါမှ ကျန်းမာရေးကောင်း နေတော့ အားလုံးစိတ်ချမ်းသာပျော်ရွှင်ရမှာပါ....။

 Posted by Celine Dion on September 18, 2011 at 1:00pm

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>